ondragstart="return false" onselectstart="return false"

Saturday, July 4, 2009

ထိုးစစ်ကာလအတွင်း ဒီကေဘီအေတပ်ဖွဲ့ဝင် ၂၅၀ကျော် ထိခိုက်သေဆုံး

ဇူလိုင် ၃။ စောသိန်းမြင့် (ကေအိုင်စီ)

ဒီကေဘီအေ(၀ဲ)နှင့် ကေအဲန်ယူ(ညာ)ရဲဘော် (ဓာတ်ပုံ-အမည်မသိ)

ယခင်လဆန်းပိုင်းမှစ၍ နအဖနှင့် ဒီကေဘီအေပူးပေါင်းတပ်ဖွဲ့တို့သည် ဖားအံခရိုင် ကေအဲန်အယ်လ်အေ တပ်မဟာ (၇)နယ်မြေကို တပ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်သည့် ကာလအတွင်း ဒီကေဘီအေ တပ်ဖွဲ့ဝင် စုစုပေါင်း (၂၅၉)ဦး ထိခိုက်သေဆုံးသည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ (၇)ဌာနချုပ်ရုံး က ယနေ့ ပြောသည်။

တပ်မဟာ (၇)ဌာနချုပ် ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက “ကျနော်တို့ စာရင်းအရ ဇွန်လ ၂ရက်နေ့ ကနေ လကုန်အထိဆိုလို့ရှိရင် ဒီကေဘီအေက (၈၄)ယောက်သေတယ်။ (၁၇၅)ယောက် ဒဏ်ရာရတယ်။ နအဖကတော့ (၁၀)ယောက်သေတယ်။ (၂)ယောက် ဒဏ်ရာရတယ်။ ကျနော်တို့ဖက်တော့ (၈)ယောက် ဒဏ်ရာရတယ်။ သေတာတယောက်မှ မရှိဘူး”ဟု ကရင်သတင်းစဉ်ကို ပြောသည်။

ယင်းတိုက်ပွဲဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း ဒီကေဘီအေတပ်ဖွဲ့သည် နအဖစစ်တပ်၏ အသုံးချမှု ကို ခံနေရသောကြောင့် ယခုလို အကျအဆုံးများခြင်းဖြစ်သည်ဟု ဗိုလ်မှူးစောအယ်ဆဲဆဲက ဆက်ပြော သည်။

ကေအဲန်အယ်လ်အေတပ်ဖွဲ့၏ စာရင်းအရ ဒီကေဘီအေတပ်ဖွဲ့ဝင်များ (၂၅၀)ကျော် ထိခိုက်သေဆုံး သည်ကို အတည်ပြုနိုင်ရေးအတွက် ဒီကေဘီအေဘက်ကို ဆက်သွယ်မှုများ ပြုလုပ်သော်လည်း ဆက် သွယ်ရေး ဖြတ်တောက်ထားသည်။

မဲဆောက်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့် တိုက်ပွဲကာလအတွင်း ပါဝင်ခဲ့သူ ဒီကေဘီအေ တပ်ဖွဲ့ဝင်တဦးက ထိုကဲ့သို့ ထိခိုက်သေဆုံးရခြင်းမှာ နအဖစစ်တပ်က ၎င်းတို့တပ်ဖွဲ့ကို ရှေ့တန်းတင်ပြီး အတင်းမောင်းသောကြောင့် ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုသည်။

သူက “ဗမာစစ်တပ်တွေက ကျနော်တို့စခန်းမှာ လာထိုင်ပြီးတော့ ကျနော်တို့ကို ဒီဘက်ကို တက်တိုက် ခိုင်းတယ်။ ဗမာစစ်တပ်က ကျနော်တို့ကို အတင်းမောင်းတာကိုး။ ကျနော်တို့ လူတွေလည်း ဘယ်ခံနိုင်မ လဲ ထိမှာပေါ့။ အတိအကျတော့ ကျနော်မသိဘူး။ ဒါပေမဲ့ ၂၀၀ကျော်တယ်လို့တော့ ကြားတယ်”ဟု ကရင် သတင်းစဉ်ကို ပြောသည်။

ကရင်လူငယ်တဦးဖြစ်သူ စောနိုင်တီနိုင်းကလည်း “တဖက်ကို ကြည့်လိုက်ရင် ကျနော်တို့ကရင်အချင်း ချင်းတွေပဲ ပစ်ခတ်ကြတယ်။ နောက်ဆုံးသေတာလည်း ကျနော်တို့ ကရင်တွေပဲ။ စဉ်းစားလိုက်ရင် ဒီကေ ဘီအေကို စိတ်တိုမိတယ်။ သူများပိုက်ဆံပေးပြီးတော့ ခိုင်းတာကို လိုက်လုပ်တယ်။ စားရတာက အထက် က လူကြီးတွေ စားရတယ်။ သေရတာက လက်အောက်ငယ်သားတွေ သေရတယ်”ဟု ပြောသည်။

အဆိုပါ ထိုးစစ်တိုက်ပွဲကြောင့် ဖားအံခရိုင်အတွင်းရှိ လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်မှ ရွာပေါင်း (၁၉)ရွာမှ ဒေသခံ ကရင်ပြည်သူ (၄,၀၀၀)နီးပါး ထိုင်းနိုင်ငံသို့ ထွက်ပြေးရောက်ရှိလာရသည်။

ထိုင်းနိုင်ငံ ထာ့ဆောင်ယန်းမြို့နယ်၌ ယာယီနေထိုင်နေရသည့် ၎င်းစစ်ပြေးဒုက္ခသည်များအား ထိုင်း-မြန် မာနယ်စပ် ဒုက္ခသည်များကို ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း(တီဘီဘီစီ)နှင့် လူမှုကယ်ဆယ် ရေးအဖွဲ့များမှ အကူအညီပေးလျှက်ရှိပြီး ၎င်းတို့အတွက် ဒုက္ခသည်စခန်းအသစ်တခု ဖွင့်လှစ်ပေးရန် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ဆွေးနွေးလျှက်ရှိသည်ဟု လယ် ဘော်ဟဲဒုက္ခသည်စခန်း ဥက္ကဌ စောတာစူးညားက ပြောသည်။

လက်ရှိအချိန်တွင် ဒီကေဘီအေတပ်ဖွဲ့များက ကေအဲန်အယ်လ်အေ တပ်မဟာ(၇)နယ်မြေများကို ၀င် ရောက်သိမ်းပိုက်နိုင်ခဲ့သော်လည်း ဗုံးပေါက်ကွဲမှုများ မကြာခဏ ရှိနေဆဲဖြစ်သောကြောင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များမှာ ထိခိုက်သေဆုံးနေဆဲဖြစ်သည်။

ဒီကေဘီအေတပ်ဖွဲ့သည် ထိခိုက်သေဆုံးမှု များပြားသော်လည်း ကေအဲန်ယူအပေါ် ထိုးစစ်ဆင်မှုကို မရပ် တန့်သေးဘဲ ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေဘက်တွင်လည်း နအဖ စစ်တပ်၏ ခိုင်းစေမှုဖြင့် ကေအဲန် အယ်လ်အေ ထိန်းချုပ်ရာနယ်မြေများကို အလားတူ ထိုးစစ်ဆင်ရန် စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်နေ သည်ဟု နယ်စပ်သတင်းရပ်ကွက်များက ဆိုသည်။

No comments:

Post a Comment