ondragstart="return false" onselectstart="return false"

Saturday, July 4, 2009

သူရဲဘောကြောင်သော ဗမာ့တပ်မတော် ယောက်ျားမဆန် သော ဗမာ့တပ်မတော်

သူရဲဘောကြောင်သော ဗမာ့တပ်မတော်၊ ယောက်ျားမဆန် သော ဗမာ့တပ်မတော်၊ ခင်ဗျားတို့ ရဲ့ လုပ်ရပ်ဟာ ဒါလား မင်းတို့ ပြောပြော နေတဲ့ တို့ တာဝန်အရေးသုံးပါးထဲက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုဒါ ဒီလိုပဲလါး၊ အပစ်မဲ့ ကရင် ရွာသားတွေကို ဒီလိုပဲမင်း တို့  ကိုယ်စား အသေခံခိုင်းရမလား၊ ကြောက်ရင်လည်း ကြောင်တယ်လို့ ရှင်းရှင်းပြောပါ။ ကရင့်  ပြောက်ကျားတွေ လူသားစိတ်ရှိပြီးသား၊ မင်းတို့ လို မယုတ်မာဘူး။ သူတို့ က ရန်သူ ကို ပဲပစ်မှတ်ထားဒါ၊ သူရဲကောင်းစိတ်ဓါတ်အပြည့်ရှိတယ်။ ရွာသားကို ဘယ်တော့မှ ဓါးစာခံမထားဘူး။ ခောတ်မီတိုးတက် တဲ့ဗမာ့တပ်မတော်ဆိုပြီးကြွေးကြော်သူတို့ ရေ မင်းတို့ ရဲ့ လို့ ရပ်က ကြားလို့ တော့  မကောင်း တောဘူးဗျို့ 


ကရင်ရွာသားများ ဗမာ့တပ်မတော်ကို လှုံခြုံရေးပြန်ပေးနေရ

ဇွန်လ (၄)ရက်။ ၂၀၀၉ ကွယ်ကလူ သတင်းမှ ဘာသာပြန်ဆိုထားသည်။

ယနေ့ ဘိတ်ထားဝယ်ခရိုင် ကမိုးသွေးနယ်မြေရှိ ကရင်ရွာသား (၇၀) နှင့် ရွာသူကြီးများ၊ အတွင်းရေးမှူးများ အားလုံးက ဗမာ့တပ်မတော် ခလရ(၂၅) တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရသူများအား တောင်သုံးလုံးသို့ လိုက်လံပို့ ဆောင်ပေးရသည်ဟု KNU တပ်မဟာ(၄) တပ်ရင်း (၁၀) သတင်းတရပ်ဖေါ်ပြ။
သတင်းအရ ဗမာ့တပ်မတော် ခလရ (၂၅) နှင့် ခလရ (၂၆၇) အင်အား(၅၀)ကျော် ဒဏ်ရာရ ရဲဘော်(၇)ဦးအား တောင်သုံးလုံးသို့ ပြန်ပို့ ရန် ၄င်းဗမာ့ တပ်တို့ ၏ လှုံခြုံရေး အတွက်ထိုနယ်မြေတ၀ိုက် ရွာများဖြစ်ကြသော ခေါ်ပေါ်၊ ခလိုဖူး၊ နော်တရူတော်၊ ခိုးဆေး၊ ထိုကီဖိုးနို၊ ဂေါ်ထီးလို၊ဖွေးဖိုးကလါး ရွာများမှ တရွာလျှင် ရွားသား (၁၀)ဦး စီ လိုက်လံပို့ ပေးရ သည်။ နအဖ၏ ကျေး ရွာအုပ်စု အတွင်း ရေး မှူးဖြစ်သူ ဖါးဒီ ဖိုးဒါး က နအဖ တပ်၏ ရှေ့ ဆုံး မှ ဦးဆောင် သွားရပြီး၊ ရွာလူကြီးများက နအဖ တပ်၏ နောက်ဆုံး၌၄င်း၊ တခြားရွာလူကြီးနှင့် ရွာသားများ က ရှေ ၊့ လယ်၊ နောက်၊ ဘေး၊ စသဖြင့် နအဖ တပ်များ နှင့် ညှပ်ပြီးသွားရသည်၊
သတင်းပေးပို့ လာသူက ဆက်ပြီး ကမိုးသွေးနယ်မြေ ကျေးရွာများအားလုံး၏ ရွာလူကြီးများ၊ အတွင်းမှူးများ တစ်ယောက်မကျန် နအဖ တပ်ကို လိုက်လံ ပို့ ဆောင်ပေးရသည်။
KNU တပ်မဟာ(၄) တပ်ရင်း (၁၀) ၏ သတင်းဖေါ်ပြချက် အရ ဇွန်လ (၂၈)ရက်နေ့ တွင် KNU တပ်မဟာ(၄) တပ်ရင်း (၁၀) တပ်ခွဲ(၂) မှ နအဖ တပ် ခလရ(၂၅) ၏စစ်ကြောင်း(၁)တပ်ကို သူးခ တောင်ခြေတွင် ခြုံခိုတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ (၄)မိနစ်ကြာ၍ နအဖ တပ်မှ (၇)ဦးသေ၊ (၉)ဦး ဒဏ်ရာ ရပြီး ရွာသား(၃)ဦးပါ ဒဏ်ရာရ သည်။
ကျဆုံးသွားသော နအဖ တပ်များ အထဲတွင် တပ်ခွဲမှူး(၁)ဦး၊ ဒုခွဲမှူး(၁)ဦး၊ အရာခံဗိုလ်(၁)ဦး၊ ဒုတပ်ကြပ်(၁)ဦးပါဝင်ပြီး၊ ဒဏ်ရာရသူများအထဲတွင် တပ်ရင်းမှူး(၁)ဦး၊ တပ်ခွဲမှူး(၁)ဦး၊ တပ်ကြပ်ကြီး တစ်ဦးပါဝင်သည်။
ယင်းတိုက်ပွဲတွင် နအဖ တပ်မှ သူးခ နယ်ခြားသို့ ချီတက်လာရန် လမ်းခရီးတွင် အတင်းအဓ္ဒမပေါ်တာ ဖမ်းဆီး ခေါ်ဆောင်လာသော ခေါ်ပေါ်ရွာသား စောဖိုးသဲ(၃၂)နှစ် ပွဲခြင်းပြီးဆုံး၊ ခေါ်ပေါ်ရွာသားစောရွေတင်(၃၀)နှစ် မျော်လင့်ချက်သိပ်မရှိ၊ ခိုးဆေး ရွာသား စောဂေါ်ဒီ(၂၃) ဒဏ်ရာရ။
ဇွန်လ(၂၉)ရက်နေ့ တွင်လည်း KNU တပ်မဟာ(၄) တပ်ရင်း (၁၀)၏ ခွဲ(၁)နှင့်ခွဲ(၃)ပူးပေါင်း တပ် က နအဖ ခလရ(၄၀၉)တပ် နှင့် လီပူနှင့်သိုးကလော်(ဒ၀ယ်ခီးနယ်မြေ၊ကစယ်ဒိုမြို့ နယ်၊ ဘိတ်ထားခရိုင်) ၌ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရန် နအဖ တပ်မှ အရာခံဗိုလ်တဦး တပ်ကြပ်ကြီးတဦး သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာ ရရာ၌ အရာခံဗိုလ်တစ်ဦးပါဝင်သည်။
၎င်း နအဖ ခြေလျင်တပ်ရင်း ၄၀၉ သည် ယေးပူရွာ တွင် အခြေစိုက်သောကြောင့် တိုက်ပွဲဖြစ်ပြီးချိန် မှစ၍ ယေးပူရွာ နှင့် နွယ်လီ ရွာသားများသည် သွားလာလှူပ်ရှားခွင့် မရတော့ပါ၊ အထူးသဖြင့် ဤအချိန် ကာလ ၌ တောင်ယာစူးထိုးထားသော ရွာသားများ အတိ ဒုက္ခရောက်နေကြသည်ဟု သတင်းရရှိ။

No comments:

Post a Comment