ondragstart="return false" onselectstart="return false"

Monday, August 16, 2010

လဒ တံဆိပ် ယူနီဖေါင်းကြီး လာတော့မည်


ခုတလော ဗိုလ်မှူးချစ်သူ တစ်ယောက် မကြေမနပ်နဲ့ တစ်ယောက်တည်းကြိတ်ပြီး ဒေါသထွက်နေတယ် လို့  သတင်းရရှိပါတယ်။ အကြောင်းကတော့ သိပ်အထွေအထူးတော့မဟုတ်ပေမယ့် ဗိုလ်မှူးချစ်သူအတွက် အတော်ပင် အရေးပါနေလို့ ပါပဲ။ အဲဒါက ဗီဒိုအပြည့် သူဝတ်ဆင်ဖို့ ဈေးကြီးကြီးနဲ့ ဝယ်ထားတဲ့ အမေရိကန် ပျောက်ကျားယူနီဖေါင်းတွေ မကြာခင်မှာ သူစွန့် လွတ်ရတော့မှာ မို့ လို့ ပါ။ အမြဲတမ်း ကျားကျားယားယားနဲ့ ရမ်ဘိုလို ၀တ်ဆင်တတ်တဲ့ ဗိုလ်မှူးချစ်သူတစ်ယောက် မကြာခင်မှာ အဲဒီယူနီဖေါင်းတွေကို အများပြည်သူ ရှေ့ မှာ ၀တ်ရမှာမဟုတ်တော့လို့  သူ့ ခမျာ ကြိတ်မနိုင်ခဲမရဖြစ်နေတယ်လို့  ၉၉၉ လုံးတပ်မှူးငယ်လေးက သတင်းပို့ လာပါတယ်...
အမေရိကန် ပျောက်ကျား ယူနီဖေါင်းတွေနဲ့ အမြဲတမ်းလို့ ရွရွလေး ၀တ်ဆင်ထားကြတဲ့ ဒီကေဘီအေ ရဲဘော်များ မကြာခင် ကျက်သရေမရှိတဲ့ ဘော်ဒါဂတ် လဒ တံဆိပ်တတ်ထားတဲ့ယူနီဖေါင်းတွေ ကို ၀တ်ကြရမှာမို့  လဒရုပ်၊ သူတောင်းစားရုပ်တွေ ပေါက်ကုန်တော့မည်ကို အထူးပဲ စိတ်ပျက်မိကြကြောင်း ၉၉၉ တပ်မှူးငယ်လေးရဲ့ update သတင်းလေးကို တဆင့် ဖေါက်သည်ချပေးလိုက်ပါတယ်....

အပစ်ရပ် SSA (မြောက်ပိုင်း) တပ်မဟာ ၃ ပြည်သူ့ယူနီဖောင်းပြောင်းဝတ်
Monday, 16 August 2010 18:47 မွေခေါဝ်

ဥက္ကဋ္ဌဗိုလ်ချုပ်လွယ်မောင်းဦးဆောင်သည့် အပစ်ရပ်သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း) စိန်ကျော့(ဆင်ကျော့)ဌါနချုပ် နှင့်အတူ ပြည်သူ့စစ်အသွင်ပြောင်းရန်လက်ခံထားသော လက်အောက်ခံတပ်မဟာ ၃ က လွန်ခဲ့သောအပတ်၌ပြည်သူ့စစ် ယူနီဖောင်းပြောင်းလဲလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

“ဒီလ ၁၁ ရက်နေ့မှာ မူလ SSA ၀တ်စုံချွတ်ပြီး ပြည်သူ့စစ်တံဆိပ်ပြောင်းထည့်ကုန်ပြီ။ အဓိကကတော့ တပ်မဟာ ၃ ပေါ့။ တပ်မဟာ ၇ တော့ မပြောင်းသေးဘူးတဲ့” ဟု ဒေသခံတစ်ဦးကပြောပါသည်။
ဗိုလ်မှူးကြီးလောဝ်ကွမ်းဦးဆောင်သည့် ကာလိ-ကွန်ဟိန်းအခြေစိုက် တပ်မဟာ ၇ မှာမူ ယူနီဖောင်းပြောင်းလဲခြင်းမရှိသေး ပေ။

“အသွင်ပြောင်းရေးလက်ခံတဲ့ တပ်မဟာ ၃ က ပြည်သူ့စစ်အဖြစ် အပြီးတိုင်ပြောင်းလိုက်ပြီဆိုတော့ အသွင်ပြောင်း ရေးလက်မခံတဲ့ တပ်မဟာ ၁ နဲ့ နှစ်ခြမ်းကွဲသွားပြီဆိုတာ ထင်ရှားစေတယ်” ဟု လေ့လာစောင့်ကြည့်သူ တစ်ဦးက သုံးသပ်ပါသည်။

ဗိုလ်မှူးကြီးလှမြင့်ဦးဆောင်သော သီပေါမြို့နယ် လွယ်ခေးအခြေစိုက် အပစ်ရပ် SSA တပ်မဟာ ၃ ၌ အင်အား ၃၀၀ ကျော်ရှိသည်ဟုဆို၏။

ယခုနှစ်ဧပြီလကုန်ပိုင်းက ပြည်သူ့စစ်အသွင်ပြောင်းဖွဲ့စည်းရေးအဆိုကို ဦးလွယ်မောင်း အပါအ၀င် တပ်မဟာ ၃ နှင့် ၇ တို့ကလက်ခံခဲ့ပြီး အင်အား၄၀၀၀ကျော်ရှိ တပ်မဟာ ၁ က ငြင်းဆန်ခဲ့သည်။

ဂျူလိုင် ၂၇ ရက်၌လည်း လားရှိုးတိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ်က ဦးလွယ်မောင်းအား အသွင်ပြောင်းရေး လက်ခံရန် ငြင်းဆန်နေသော တပ်မဟာ ၁ ဌါနချုပ်ခေါင်းဆောင်ဗိုလ်ချုပ်ပန်ဖှအား ရက်သတ္တနှစ်ပတ်အတွင်း လက်ခံ သည်အထိ စည်းရုံးသိမ်းသွင်းရန် ညွှန်ကြားခဲ့သော်လည်း ဦးလွယ်မောင်းသွားရောက်ခြင်းမရှိဟုဆို၏။
http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-40/1028--ssa----

1 comment:

Anonymous said...

မောင်ချစ်သူနာမည်ကို နယ်ခြားစောင့်တပ်လို့နာမည်ပေးထားတဲ့ နေရာနားမှာရေးရင်ကောင်းမယ်

Post a Comment