ondragstart="return false" onselectstart="return false"

Wednesday, January 5, 2011

နအဖ၏စစ်သေနင်္ဂဗျုဟာသို့မဟုတ် ထမီအောက်ကသူရဘွဲ့များ


ရုရှားရောက် ဗမာ့တပ်မတော်သားများပုံ

ဗမာ့တပ်မတော်၏ဆောင်ပုဒ်တစ်ခုမှာ “တပ်မတော်သာလျှင်အမိတပ်မတော်သာလျှင်အဖ” ဟုဆိုသောပြည်သူ

၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်မည်ဟု ကြွေးကြော်ထားပါသည်။ မတ်လ (၂၇) ရက်

တပ်မတော်နေ့ကိုရောက်တိုင်း သူရသတ္တိနှင့်ပြည့်စုံပြီး ထူးချွန်လှပါသည်ဆိုသော တပ်မတော်သားများကို သူရဲ

ကောင်းဆု အသီးသီးချီးမြှင့်လေ့ရှိပါသည်။


မြို့ကြီးပြကြီးများ၏ နေ့စဉ်လူနေမှု့များ၊ လုပ်ငန်းတာဝန်များ၊ မိမိကိုယ်ရေးကိုယ်တာများဆောင်ရွက်ရာတွင် ဦး

စားမှု့ရရှိရန် ဗမာ့တပ်မတော်များသည် အရပ်ဝတ်ထားသော်လည်း ဦးစားပေးခြင်းရရှိရန် ဗိုလ်ကြီး၊ ဗိုလ်မှုး၊ ဗိုလ်

မှုးကြီးအစရှိသဖြင့် မေးမြန်းခြင်းမရှိသော်လည်း အများပြည်သူများသိရှိရန် ထုတ်ဖေါ်ပြောကြားလေ့ရှိပါသည်။

မိမိကိုယ်ပိုင်ယာဉ်မောင်းခန်းရှေ့တွင် အရာရှိဦးထုတ်များကိုမြင်သာအောင်ထားရှိသော အလေ့အထသည် ဗမာ့

တပ်မတော်၏လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်လာပါသည်။ န၀တ နှင့် နအဖ ခေတ်ကာလတွင် “ဟောက်စား” သည့်

ဓလေ့သည် များစွာထွန်းကားခဲ့ပါသည်။ သို့သော်လည်း ဖောင်းကားသည့် ရာထူးနှင့် သီဟ၊ သူရ အစရှိသည့်

သူရဲကောင်းဘွဲ့များကို မည်သို့မည်ပုံရရှိခဲ့သည်ကို အများပြည်သူများမသိရှိကြပါ။

နအဖ သတင်းစာတွင် ဖေါ်ပြလေ့ရှိသည့်ကဗျာလွတ်စကားစု မှာ “ မြန်မာ့တပ်မတော်မှ လက်နက်ကိုင်သောင်း

ကျန်းသူနောက်သို့ ထပ်ချပ်မကွာ လိုက်လံ ရှင်းလင်းနေပါကြောင်း…….” အမှန်မှာ တိုက်ပွဲဖြစ်ပြီးတိုင်း

နီးစပ်ရာ ရွာသို့ ၀င်ပြီး ရွာသူကြီး နှင့်ရွာသားများကို ရိုက်နှက် ညဉ်းစဲ၏။ မြန်မာ့တပ်မတော်မှ လူ၊

လက်နက် ဆုံးရှုံးခဲ့လျှင် သတင်းစာကပြောသည့်အတိုင်း ထပ်ချပ်မကွာ လိုက်လံရှင်းလင်းခြင်းလုံးဝ မပြုရဲ၊

ရွာသားများဆီမှ နစ်နာကြေး အတင်းအဓမ္မ တောင်းယူ၏။



ရာထူးတပ်မက်သော နအဖ ၏ စစ်ဗိုလ်တစ်ချို့မှာ ရွာသားများကို ငွေပေးပြီး ရရာ မှောင်ခိုဈေးကွက်မှ လက်နက်

ဟောင်းများကို ၀ယ်ယူစေ၏။ မှောင်ခို လက်နက်ရရှိသော် KNU တပ်နှင့် ဝေးသည့် အရပ်ကိုသွားပြီး သေနတ်

သံဖေါက်ပြီး ရန်သူနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ကြောင်း အထက် ကို သတင်းပို့၏။ ပြီးသော် ရန်သူထံမှ

လက်နက်ရရှိ ကြောင်း အထက်သို့ တင်ပြသော် အမြှော်အမြှင်နည်းသော် ခေါင်းဆောင်များပီပီ လက်နက်ရရှိသူများအား အမှတ် တိုးပေးခြင်း ရာထူးတိုးပေးခြင်းများပြုလုပ်တော့၏။ ဒိပြင်ကျည်ဆံဗုံးသီးများကို မှောင်ခို ဈေးကွက်တွင် ပြန်လည် ရောင်းချပြီး စာရင်းကို တော့ တိုက်ပွဲတွင်း အသုံးချသော ခဲယမ်းမီးကျောက် စာရင်းသို့ထည့်လိုက်၏။ဤသည်ကား ဂုဏ်သိက္ခာ ရှိလှသည်ဟုဆိုသော သော မြန်မာ့တပ်မတော်၏ လုပ်ရပ်များစွာထဲမှ တစ်ခုပင် တည်း။

KNLA ၏ တပ်မဟာ (၆) နှင့် ဗိုလ်မှုးကြီးစောလဲပွယ်ခေါ် နှုတ်ခမ်းမွှေး ဦးဆောင်သော DKBA လှုပ်ရှားနယ်မြေ

ဖြစ်သော ကရင်ပြည်နယ် ဝေါလေဒေသတွင် ခလရ ၂၉၉၊ ၅၈၆ နှင့် ၄၀၁ တို့သည် ဝေါလေမှ မော်တူ ခြေစိုက်

စခန်းသို့ သွားရောက်ရန်ညွန်ကြားခြင်းခံရပါသည်။ သို့သော်လည်းတပ်မတော်သားပီပီလက်နှက် နှင့်လူအင်အား

ရှိသော်လည်း ညွန်ကြားချက်အတိုင်းချီတက်ရန်သတ္တိမရှိ။ ဗျုဟာ၏ညွန်ကြားချက်အတိုင်း ဝေါလေ၊ ကြီတာဟု၊

ကြီတာအု၊ ဆူကလီ ရြာမ်ားမွ အမ်ိဳးသမီး နှင့်ခလေးများအပါအ၀င် ရွာသူရွာသားများ များကိုစုရုံးခေါ်ယူပြီး တပ်

မတော်စစ်ကြောင်း၏ အရှေ့ဘေးဘယ်ညာမှ ခြံရံဦးဆောင်စေပြီး ချီတက်ပါတော့သည်။ ဗျုဟာ၏ညွန်ကြားချက်

တွင် လူမပြည့်ပါက လမ်းမရှောက်နိုင်သော သက်ကြီးရွယ်အိုများကို တွဲခေါ်ပြီးသော်၎င်း၊ အခြားရွာသားများကို

ချီပြီးသော်၎င်း ခေါ်ခဲ့ရန်ပါရှိခဲ့ပါသည်။

အမျိုးသမီး နှင့် ခလေးများ၏ ဦးဆောင်မှု့ဖြင့် တပ်မတော်၏စစ်ကြောင်းကြီးသည် ရည်မှန်းချက်ပန်းတိုင်ဖြစ်သောမော်တူးအခြေစိုက်စခန်းသို့ချောမောစွာ ရောက်ရှိခဲ့ပါပြီ။

သို့သော်လည်းစစ်စခန်းထဲတွင် အားလုံးမနေရဲ။ စခန်းတွင် တပ်ကြပ်ကြီး နှင့် ရဲဘော်တစ်ချို့ကို ထားရှိပြီး တပ်ရင်း မှုးအပါအ၀င်တပ်မတော်အရာရှိများနှင့် ရဲဘော်အများစုမှာ အနီးအနားရွာများသို့ ၀င်နေကြပါသည်။ ရွာသို့ရောက်သော် အိမ်ပေါ်မတက်ရဲသဖြင့် အိမ်ရှင်အမျိုးသမီး နှင့် ခလေးကို ခေါ်ပြီးအိမ်ပေါ်သို့တက်ကြ၏။ အိမ်ပေါ်သို့ရောက်သော် ညစ်ပေစုတ်ပြတ်သော အ၀တ်အစား နှင့်လူကို ရဲဘော်များက ၀ိုင်းဝန်းထားသည်ကို တွေ့မှ စုတ်စုတ်ပြတ်ပြတ်နှင့် အထုတ်ထမ်းလာသောသူသည် တပ်မတော်အရာရှိဖြစ်ကြောင်း သိပါတော့သည်။ မြို့ကြီးပြကြီးများတွင် တိုက်ကြက်ဖလိုမောက်မာစွာနေထိုင်သော စစ်ဗိုလ်များသည် ရှေ့တန်းစစ်မြေပြင်တွင် ဥစားကြက်မဘ၀သို့ရောက်ရှိသွားပါတောသည်။ သူရသတ္တိနှင့် ပြီးပြည့်စုံသော တပ်မတော်အရာရှိသည် စစ်တက္ကသိုလ်နှင့် မိမိထက်စီနီယာကျသောသင်ဆရာမြင်ဆရာ များ၏ ပို့ချချက်အတိုင်း လေးနက်စွာစဉ်းစားလျက် ညွန်ကြားချက်ပေးလိုက်ပါတော့ သည်။ ညွန်ကြားချက်အတိုင်း ရဲဘော်များသည် အိမ်အောက်တွင် ကတုတ်ကျင်းတူးလျက် ကင်းစောင့်ပါတော့ သည်။ ရွာတွင်းတိုက်ပွဲဖြစ်လာလျှင် အမျိုးသမီးနှင့်ခလေးငယ်များကိုခေါ်ယူစုဝေးပြီး အိမ်ပေါ်အိမ်အောက် နေရာချပေးလိုက်တော့သည်။ ပြည်သူ

များကို ချစ်လို့မဟုတ်၊ ပြည်သူ၏စည်းစိမ်ဥစ္စာများကို ကာကွယ်ရန်မ ဟုတ်။

ကြက်မ၏သဘာဝအတိုင်းအင်မတန်ကြောက်တတ်ခြင်းကြောင့်ဖြစ်၏။

နောင်အနာဂတ်တွင်လည်း တပ် ရင်းမှုးများ၊ အရာရှိများ သည် နအဖ ၏ စစ်မဟာဗျုဟာအတိုင်း ရှေ့တန်းစစ်မြေပြင်တွင် စစ်ဝတ်တန်ဆာအနေဖြင့် ထမီများ သယ် ဆောင်ထား တော့မည်ဟု ခန့်မှန်းနိုင်ပါသည်။
လှုပ်ရှားဗျုဟာ (၂) တွင် ခလရ ၂၉၉ နှင့် ၅၈၆ ပါဝင်ပြီး ဗျုဟာမှုး ဗိုလ်မှုးကြီး ခင်မောင်ချို က ဦးဆောင်ပါသည်။ ဗျုဟာ(၃) တွင်ခလရ ၂၀၁၊ ၄၀၁၊ ၄၀၃၊ ၄၀၄၊ ၄၀၉ တို့ပါဝင်ပြီးဗျုဟာမှုး ဗိုလ်မှုးကြီး ကျော်လွင်ထွေး ဦးဆောင်ပြီး ဝေါလေ တွင်စခန်းချပါသည်။ အမျိုးသမီး (၂) ဦးကို မုဒိမ်းကျင့်ပြီး ရက်စက်စွာ သတ်ဖြတ်သူများ မှာ ၄၀၁ မှဖြစ်ပါသည်။

မုဒိန်းကောင်များပါဝင်သော တပ်မတော်စစ်ကြောင်း ကို ဦးဆောင်သူများမှ သူရသတ္တိ နှင့်ပြည့်စုံလှသဖြင့် တပ်မတော်နေ့ရောက်တိုင်း ချီးမြှင့်ရသော် သူရဲကောင်းအမည်စာရင်းများမှာ သတင်းစာမျက်နှာပင်မလောက် တော့ပါ။

တပ်မတော်သားကောင်းများ (ရှိခဲ့ပါက) ကောင်းရာသုဂတိလားပါစေ..

ဖူးဒို

ဇန်န၀ါရီလ ၅ ရက်၊ ၂၀၁၁


မူးရင်း- http://www.karenunited.com/index.php?option=com_content&view=article&id=1177:2011-01-05-14-56-11&catid=2:articles&Itemid=16

3 comments:

Anonymous said...

Than Shwe is Gay. His troops is Gay!!!!

Anonymous said...

မြန်မာအမျိုးသမီးတွေမရှိတဲ့ ရုရှနိုင်ငံမှာ တပ်မတော်သားတွေဖြစ်တဲ့ ညီငယ်လေးတွေက အမျိုးသမီးများမရှိတဲ့တွက် သူတို့ကိုယ်တိုင် အခုလို မိန်းကလေးအ၀တ်စားဝတ်ပြီး မိမိနိုင်ငံရဲ့ယဉ်ကျေးမှုအစဉ်လာတွေကို ဘယ်လောက်ချစ်မြတ်နိုး ထိန်းသိမ်းတတ်လည်းဆိုတာကို အခုလိုပြသတာဟာ အင်မတန်မှ ဂုဏ်ယူဝမ်းမြောက် ချီးကျူးစရာပါပဲ။မွန်မြတ်တဲ့အလုပ်ကို လုပ်ဆောင်ခြင်းဟာ မင်္ဂလာတစ်ပါးပါပဲ ညီလေးတို့ရေ။

စိုင်းရဲထွဋ်

Anonymous said...

ဟားဟား စိုင်းရဲထွဋ်(missile) :D...
လာပြီး အသားယူလိုက်သေးတယ်.. ယဉ်ကျေးမှု အစဉ်အလားထိန်းလည်း ထိန်းပေါကွာ.. ဒါပေမယ့် တစ်ယောက်ဖင် တစ်ယောက်မချနဲ့ .. မင်းတို့ ရုရှားရောက် ဗမာ့စစ်ဗိုလ်တွေ က အခြောက်စိတ်ဝင်ကုန်ပြီ။ ဒီမှာကြည့်လို့ ရတယ်
http://ottara2008.blogspot.com/2008/03/blog-post_5381.html

ရှေးတန်းမှာ ရွာသားမိန်းကလေး ကလေးတွေကို အကာအကွယ်ယူပြီး ချီးပန်းတဲ့ အကြောင်းတွေလည်းပြောအုံးလေကွာ...

Post a Comment