ondragstart="return false" onselectstart="return false"

Saturday, January 1, 2011

ရခိုင် အမျိုးသားတစ်ဦး၏ ရင်ဖွင့်သံ

အီးမေးမှတဆင့် လက်ခံရရှိသော စာတစ်စောင်ဖြစ်ပါတယ်။ ဘ၀တူ ညီကိုတိုင်းရင်းသားတွေရဲ့ အရေးမို့  တင်ပြပေးလိုက်ပါတယ်။
xxxxxxxxxxxxxxxxxxxx

ဒီဇင်ဘာ ၃၁ ရက်နေ့က ၂၂၆ကြိမ်မြောက်ရခိုင်ဘု၇င့် နိုင်ငံတော်ကျဆုံးသောနေ့ အထိမ်းအမှတ်အဖြစ်နဲ့ နယူးယောက်မြို ၇ှိယူအန်ရုံးရှေ့တွင် ရခိုင်လူမျိုးတွေ ဆန္နပြခဲ့ကြပါတယ်။
အမေရိကန်နဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှနေတဲ့ ရခိုင်လူမျိုးတွေကလဲ ၀မ်းနည်းဖွယ်အခမ်းအနားတွေ ပြုလုပ်ကြပါတယ် ဒါတွေလုပ်ဖို့ အတွက် BBC, VOA, RFA, DVB အစရှိတဲ့ သတင်းဌာန
တွေကို ဒီဇင်ဘာ ၂၅ ကတည်းကအကြောင်းကြားခဲ့ပါတယ်။

၃၁ရက်နေ့မှာလဲ ထပ်ပြီး အကြောင်းကြားခဲ့ပါတယ် ဒါပေမယ့် ဗမာသတင်းဌာနတွေကလုံးဝမဖော်ပြကြပါဘူး။
အခုတော့ဗမာလူမျိုးတွေဟာ စစ်အာဏာရှင်တွေနဲ့အတူတူ အကျင့်ဆိုးရှိပြီး လူစိတ်ကင်းမဲ့သူတွေ ဖြစ်တယ်ဆိုတာ သိရပါတယ်။ အဲဒီတော့ တိုင်းရင်း သားတွေအနေနဲ့ ဗမာတွေကို
နောက်ထပ်မယုံဖို့နဲ့ မိမိလူမျိုးတွေရဲ့ အခွင့်အရေးတွေကို စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ရအောင်ယူဖို့ တိုင်းရင်းသားအချင်းချင်း လက်တွဲဖို့ ပြောချင်ပါတယ်။

ခ မ ဇ (ရ ခ ပ)


Type the rest of your post here.

3 comments:

Anonymous said...

ဗမာလည်းတိုင်းရင်းသားပါပဲ၊ တိုင်းရင်းသားအချင်းချင်း သွေးကွဲအောင် ဒီလိုမျိုး မပြောသင့်ပါ၊ ဒီသတင်းဌာနတွေက မတင်ပေးတာ။ ဗမာတွေကမတင်ပေးတာမဟုတ်ပါဘူး၊ ဗမာတယောက်ကလုပ်တာ။ ဗမာတွေက လုပ်တာမဟုတ်ပါဘူး၊ ကရင်တယောက်ကအဲဒိလိုလုပ်ခဲ့ရင်လည်း ကရင်တွေက လုပ်တာမဟုတ်ပါဘူး၊ သေချာခွဲခြားပြီးမြင်ဖို့ လိုပါတယ်၊ ဒီသတင်းဌာနတွေက ဗမာပေးတဲ့သတင်းတွေကိုလည်း တင်ပေးချင်မှတင်ပေးတာပါ၊ သူ တို့မှာလည်း သူတို့ guideline ရှိလို့ နေမှာပါ၊ ကိုယ့်အသံကိုသူများကြားစေချင်ရင် ကိုယ်က ကျယ်ကျယ်လောင်လာင်ပြောဖို့ လိုပါတယ်၊ ထပ်ခါထပ်ခါပြောဖို့ လိုပါတယ်၊ သူများကို ထိခိုက်တဲ့အသုံးအနှုန်းမျိုးမဖြစ်ဖို့တော့လိုပါတယ်၊ ဥပမာဆိုရင် ကရင်တိုင်း၇င်းသားတွေရဲ့ သတင်းကို ကရင်တိုင်း၇င်းသားသာမက ၊ အခြားသောတိုင်ရင်းသားများကပါ သိနေ။ ကြားနေအောင် ကရင်တိုင်းရင်းသားတွေလုပ်နိုင်သလိုမျိုး ရခိုင်တိုင်းရင်းသားတွေကလည်းလုပ်ဖို့ လိုပါတယ်၊ သူများကို ထိခိုက်စေမယ့်အသုံးအနှုန်းမျိုး။ အခုလို တိုင်း၇င်းသားအချင်းချင်းသွေကွဲစေမယ့် အသုံအနှုန်းမျိုး မရေးသင့်ပါဘူးလို့ အကြံပြုချင်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊

PKD said...

It is fair enough comment.

Admin-1

Ba Yint Naung said...

Burma=Myanmar

No Ethnics, no Races

Post a Comment