ondragstart="return false" onselectstart="return false"

Thursday, January 20, 2011

မြောက်ပိုင်း SSA တပ် နှင့် ပါတီ အောင်မြင်စွာ ပြန်လည်ဖွဲ့စည်း

ဒီဇင်ဘာလကတည်းက စတင်သော သျှမ်းပြည် တပ်မတော်မြောက်ပိုင်း ၀မ့်ဟိုင်းဌာနချုပ်တပ်မဟာ ၁ ၏ အရေးပေါ် အစည်းအဝေး ယခုလ ၁၅ ရက်နေ့က ပြီးဆုံးသွားကြောင်း တပ်မဟာ ၁ သတင်းရပ်ကွက်က ဆိုပါသည်။

ဗိုလ်ချုပ်ပန်ဖှ (ဓါတ်ပုံ-S.H.A.N.)

“Special Force အထူးတပ်ဖွဲ့၊ Heavy Weapon Unit လက်နက် ကြီးတပ်၊ Military Police တပ်ထိန်းတို့ပါရှိတဲ့စစ်ဖက် ဆိုင်ရာ ကော်မတီကနေတပ်မဟာ ၅ ခုဖွဲ့စည်းခဲ့တယ်။တပ်မဟာ ၁၊ တပ်မဟာ ၂၇ တပ်မဟာ ၇၂ တပ်မဟာ ၃၆ နဲ့တပ်မဟာ ၇၄။ အတိုင်ပင်ခံအဖွဲ့ကို ဖွဲ့စည်းတယ်။ ပညာရေး၊ ကျန်းမာရေး၊ သတင်းဌာန စတဲ့ ဌာနတွေအားလုံး ပြန်ဖွဲ့စည်းတယ်” ဟုဆို၏။

အဆိုပါအစည်းအဝေးမှ တပ်ဖွဲ့စည်းမှု ၊ စစ်ဒေသ နှင့် တပ်မဟာများ အသစ်ပြန်လည်ဖွဲ့စည်းမှု အပြင် 1995 ကတည်းက လုပ်ငန်းလည်ပတ်မှု ရပ်နားခဲ့သော SSPP သျှမ်းပြည်တိုးတက်ရေးပါတီကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

“၁၉၉၅ ကတည်းက ရပ်တန့်ငုပ်လျှိုးသွားတဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ကိုပြန်လည်ဖွဲ့စည်းတယ်။ အလုပ်အမှုဆောင် တွေ ရွေးချယ်တယ်။ ဗိုလ်ချုပ်ပန်ဖှ ပါမယ်။ နောက်ပြီးတော့ စိုင်းတူး၊ စ၀်နော်မိုင်း၊ စ၀်မန်းဟုံ၊ စ၀်ပိုင်ဖှ၊ စ၀်ဆိုင်မိုင်း၊စ၀်ခေးတိုင်း၊ စ၀်ငေါဝ်ဖှ၊ စိုင်းစိန်မိုင်း၊ စိုင်းဆိုင်ဖှ၊ စ၀်လောင်ဟေ၊ စ၀်ခွန်ဆိုင် တို့ပါတယ်။” ဟု တပ်မဟာ ၁ မှ တပ်မှူးတဦးက သျှမ်းသံတော် ဆင့်သို့ ပြောပြသည်။

Shan State Progress Party သျှမ်းပြည်တိုးတက်ရေးပါတီကို ၁၉၇၁ သြဂုတ်လ ၁၆ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ပါတီ၏ ပထမ ဆုံးဥက္ကဌမှာ ဦးခွန်ကြာနု (ခေါ်) စ၀်ဆိုင်စစ် ဖြစ်သည်။ ပါတီဖွဲ့စည်းတည်ထောင်သူတယောက်ဖြစ်သည့် ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်၏သား စ၀်ဇန့်ယောင်ဟွေ့က အထွေထွေအတွင်းရေးမှူးတာဝန်ယူခဲ့သည်။ ဒုဥက္ကဌ ၁ မှာ စ၀်ပင်းတိုင်း ဖြစ်ပြီး ဒုဥက္ကဌ ၂ မှာ စ၀်ဆေခန် ဖြစ်သည်။ (ယခုအခါ အဆိုပါ ခေါင်ဆောင် ၄ ဦးစလုံး ကွယ်လွန်ခဲ့ပြီးဖြစ်သည်။)
ပါတီ ဦးစီးဦီးဆောင်သူ ၅ ယောက်မြောက်ဖြစ်သော (ဥက္ကဌ စ၀်ဆိုင်စစ်၊ ဥက္ကဌ စ၀်ပင်းတိုင်း၊ နောက်ပိုင်း အမြင့်ဆုံးရာထူး အထွေထွေတွင်းရေးမှူးချုပ် စ၀်ဆေလင်း၊ စ၀်ဆေနွံ၊ စ၀်စိုင်းလိတ်) စ၀်စိုင်းလိတ်ကွယ်လွန်ချိန် ၁၉၉၅ မှစ၍ သျှမ်းပြည်တိုး တက်ရေးပါတီလည်း ငုပ်လျှိုးသွားခဲ့သည်။

ယခု သျှမ်းပြည်တိုးတက်ရေးပါတီကို ပြန်လည်ဖွဲ့စည်းရာတွင် သျှမ်းပြည်တပ်မတော်မြောက်ပိုင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖှက SSPP ၏ အတွင်းရေးမှူးတာဝန်ယူထားသည်ဟုလည်း သိရသည်။၎င်း၏မဟာမိတ်များနှင့် ကူးလူးဆက်ဆံရေး တာဝန်မှာ စ၀်ပိုင်ဖှ က တာဝန်ယူထားသည်။

“Shan State Progress Party သျှမ်းပြည်တိုးတက်ရေးပါတီလေ၊ Shan State Prgressive Party တိုးတက်သောပါတီ မဟုတ် ဘူး။ ခွန်ဆာ့နယ်မြေအတွင်း စ၀်စိုင်းလိတ် ကွယ်လွန်သွားပြီးနောက်ပိုင်း ပါတီအနေနဲ့ ဘာမှလုပ်ငန်းအကောင် အထည် မဖေါ် နိုင်ခဲ့ဘူး။ အခု ပါတီအထွေထွေအတွင်းရေးမှူးတာဝန်ကို SSA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖှကပဲ တာဝန်ယူတယ်လေ” ဟု ဆက်၍ ပြောပြပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP သည် ပြီးခဲ့သည့်အပတ် ထိုင်းနယ်စပ်တနေရာ၌ တွေ့ဆုံဆွေးနွေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၆) ဖွဲ့ဖြင့် ဖွဲ့စည်းထားသော (Committee for Emergence Of Federal Union) ခေါ် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီတွင်လည်း ပါဝင်ခဲ့သည်။
http://www.mongloi.org/burmese/index.php?option=com_content&view=article&id=1521:-ssa-&catid=85:2008-08-01-03-14-40&Itemid=265

1 comment:

Anonymous said...

Are you ready to run to the jungle and eat salt and rice. If you prefer that way you great father SPDC will comming soon.
you have been our slave and dog for a while.
Come back we will feed you good bone.

Post a Comment