ondragstart="return false" onselectstart="return false"

Monday, January 10, 2011

နအဖ စစ်တပ် နှင့် ဒီကေဘီအေ ဖလူးစစ်ဒေသ ဇန်န၀ါရီ ၉ ရက် ၂၀၁၁

“ပျင်း… ပျင်းတောင်ပျင်းသေးတယ်”…..(တိုက်ပွဲအတွင်း ဒီကေဘီအေ တပ်သားတစ်ဦး သီချင်းဆိုတဲ့ အသံပါ)

“အကျဉ်းသားတွေကို ငါးယောက်တတွဲ ကြိုးနဲ့ တုတ်ပြီးတော့ အရှေ့ ကို မောင်းတယ်. အခုကျနော်တို့ ပစ်ဒါ ရွေးပြီးပစ်ရတယ်.. နအဖ ကိုပဲ ကျနော်တို့ ပစ်တယ် ဒီအကျဉ်းသားတွေကို မပစ်ဘူး.. ဒါပေမယ့်ကျဉ်ဆံအလုံးများတယ် ဆိုတော့ ပြောလို့ တော့မရဘူး ရှိရင်ရှိတတ်တယ်ပေါ.. ကျနော်တို့ အကျဉ်းသားတွေကို လွတ်မြောက်စေချင်ဒါပေါ့နော်........

လူကို အနိုင်ကျင့်ဒါပေါ့နော်.. လက်နက်အားကိုးပြီး လူကို ဒုက္ခပေးဒါပေါ.. သူလုပ်သလိုဖြစ်မယ်ပေါ.. ဒါပေမယ့် တစ်နေ့ နေ့ တစ်ချိန်ချိန်သူတို့ လည်း ၀ဋ်လည်မှာပဲ…......

အခုဖြစ်ပုံကို ကြည့်ပေါ့.. သူတို့ စစ်သားက ၃၀၀ ကျော်ပဲ.. တပ်အင်အား ကျနော်အကုန်လုံးသိတယ်.. ကျနော့်ကို သတင်းပို့ တဲ့လူရှိတယ်.. ပြီးရင် အကျဉ်းသားက ၅၀၀ ကျော်ခေါ်လာတယ်.. ပြီးတော့ ငါးယောက်တတွဲ ကြိုးနဲ့ တုတ်ပြီး အရှေ့ ကိုတက်လာခိုင်းတယ်.. သူကစစ်သားမှမဟုတ်ဒါ ကလိမ်ကကျင့်စစ်သားပဲ.. ဟုတ်လား နိုင်ငံကို အုပ်ချုပ်ပြီးတော့ဟုတ်လား.. ဒီလိုမျိုးလုပ်တယ်ဆိုရင် သူမရှက်တတ်ဘူးဆိုရင် ကျဆိုရင် ကျနော် ဘယ်လို ပြောရမလဲ ကျနော်တို့ ကိုယ့်ကိုယ်ကိုတောင် ကြိုးနဲ့ ဆွဲ ဆွဲသတ်လိုက်ပြီ ကျနော်.... မဟုတ်လား.. ....

ကျနော်အနေနဲ့  ကျနော်တို့ အရင်တုန်းက အပစ်မရှိပါဘူး.. အစိုးရပဲ အပစ်ရှိတယ်……...

ကျနော်တို့ ဟိုး ဟုတ်လား ကရင်ပြည်နယ်ထဲမှာမှ နေလို့ မရတော့ဘူးဆိုရင် ဟုတ်လား ကျနော်တို့ ပြန်ခုခံပြီးတော့တိုက်မှာပေါ့. အဲဒီတိုက်ပွဲ ဒီအခြေအနေအရဆိုရင် ကျနော့်အနေနဲ့ တော့ ဒီထက် ကြီးကျယ်တဲ့ တိုက်ပွဲဖြစ်ဖို့ တော့ရှိတယ်..” ဗိုလ်မှူး စောကျော်သက် (ဒီကေဘီအေ)


နေ့ သစ်မှ

Type the rest of your post here.

3 comments:

Anonymous said...

I have talk with Taw Law after teh fall of Wanka back to 1995. The burmese military used the gas which make you vomit and blood came out of your nose. I don't think conventional will work for DKBA and Thailand is in the favour for burmese military.Burmese soldiers must know that they just a bunch of dogs who will die and lost their legs and eyes for their leaders who are systematically use them and make their family rich.

Anonymous said...

ဘယ်လူမျိုးလက်နက်ဘဲကိုင်ကိုင်ဗမာစစ်တပ်ကနိုင်မှာမဟုတ်ပါဘူး..အမှန်တရားကိုဖုံးကွယ်လို့မရပါဘူး.ဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတာတစ်ကမ္ဘာလုံးကသိပါတယ်.အောင်မြင်ခြင်းကအမှန်တရားဖက်မှာအမြဲရပ်တည်ပါတယ်.ဗမာ့စစ်တပ်ကျဆုံးပြီးတည်ငြိမ်အေးချမ်းတဲ့ဒီမိုကရေစီနိုင်ငံတည်ထောင်နိုင်ပါစေ..ဗမာ့စစ်တပ်ရဲ့အာဏာနေဝင်ချိန်ရောက်ပါပြီ...

ကျော်ပ/Kyawpa said...

ကျုပ်က မော်လမြိုင်အကျဉ်းထောင်မှာ(၁၆)နှစ်၊နိုင်ငံရေးအကျဉ်းသား အဖြစ်နေခဲ့ တုံးကအဲဒီကမသေပဲပြန်ရောက်လာတဲ့ ရဲဘက်အကျဉ်းသား(သူငယ်ချင်းပုံကမမှတ်မိလောက်တဲ့ အရိုးပေါ်အရေးတင်ရုပ်မျိုး၊ ကိုကြိုင်ထွန်းလိုခေါ်သံကြားတော့ ၊ မင်းဘယ်သူလဲလို့ မေးယူရတယ်) ကပြန်ပြောပြတာနဲ့  နအဖ စစ်တပ်ကယုတ်မာပုံများ၊ တဖက်က သဘောထားများဟာ၊ ဒီ ဗီဒီယိုအတိုင်းဖြစ်ကြောင်း ပြောချင်ပါတယ်။

Post a Comment