ondragstart="return false" onselectstart="return false"

Monday, January 17, 2011

DKBA အပေါ် နအဖ စစ်ဆင်ရေး နှင့်ပတ်သက်ပြီးသုံးသပ်ချက် (၁)


၂၀၁၀ နိုဝင်ဘာလ (၇) ရက်နေ့၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ဗိုလ်မှုးချုပ်နှုတ်ခမ်းမွှေး ဦးဆောင်သည့် DKBA အဖွဲ့ ကရင်ပြည်နယ် မြ၀တီမြို့ တွင်းသို့ဝင်ရောက်ပြီး နေရာတစ်ချို့ကို သိမ်းပိုက်ခဲ့ပါသည်။ ၄င်းကိစ္စသည် နအဖ၏ အရှိုတ် အထိုးခံရသလို နိုင်ငံရေးအရ များစွာ အထိနာခဲ့ပါသည်။

မတရားသော ရွေးကောက်ပွဲရလဒ် ကို အသက်သွင်းရန် လုံးပမ်းနေရသော နအဖ စစ်အစိုးရသည် မထင်မှတ် သော DKBA ၏ စစ်ရေးတုံ့ပြန်မှု့ကြောင့် အကျဉ်းအကျပ်ဖြစ်နေရပါသည်။ ရွေးကောက်ပွဲပြီး ရက်ပေါင်း (၉၀) အတွင်း အစိုးရမဖွဲ့ နိုင်ပါက ရွေးကောက်ပွဲရလဒ်သည် ပျက်ပြယ် သွားမည်ဖြစ်သည့်အတွက် တောင့်ရှောက် အပင်ပန်းခံ လိမ်လည်လာသော လုပ်ဇတ် ကို သဲထဲရေသွန် သည့် အဖြစ်လည်း မရောက် အောင် လုံးပမ်းနေရ ပါသည်။ ထို့ကြောင့် ဗိုလ်မှုးချုပ်နှုတ်ခမ်းမွှေး ဦးဆောင်သည့် DKBA အဖွဲ့ ကို အစိုးရသစ်ဖွဲ့ပြီး မှ တိုက်မလား၊ သို့မဟုတ် ယခုပင် တိုက်ရမလား ဟူ ၍ ဦးစွာစဉ်းစားခဲ့ရပါသည်။ ၄င်းနောက် ရက်ပေါင်း (၉၀) လွန်သည်ထိ မစောင့်ဘဲ ယခုစစ်ဆင်ရေး ပြုလုပ်သည့်အကြောင်းအရင်းကို ယခုလိုသုံးသပ်မိပါသည်။

နယ်ခြားစောင့်တပ်လုပ်ရန်ညင်းဆန်နေသော ဗိုလ်မှုးချုပ်နှုတ်ခမ်းမွှေး ဦးဆောင်သည့် DKBA အဖွဲ့သည် မိခင် KNU အောက် KNLA နှင့် နားလည်မှု့ရရှိပြီး ပြန်လည်ပူးပေါင်းဆောင်ရွက်ခြင်းများရှိလာခြင်းသည် နအဖ အနေဖြင့် များစွာ ခြောက်ခြားရပါသည်။ ထို့ပြင် နယ်ခြားစောင့်တပ် သို့ဝင်ရောက်ပြီးမှ KNU ထံသို့၎င်း ဗိုလ်နှုတ်ခမ်းမွှေး သို့ပြန်လာ ပူးပေါင်းသော ရဲဘော် များတိုးလာခြင်းသည် နအဖ အတွက် စိုးရိမ်မှု့များ တိုးပွားစေခဲ့ပါသည်။ တစ်ဖက်တွင်လည်း ရက်ပေါင်း (၉၀) တွင်း ဗိုလ်နှုတ်ခမ်းမွှေးအနေဖြင့် စစ်ရေး ခြိမ်းခြောက် မှု့များပြုလုပ်လာ နိုင်သလို အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှ စစ်ရေးတုံ့ပြန်မှု့ များ ရှိလာပါက ရက်ပေါင်း (၉၀) အတွင်း အစိုးရသစ် ဖွဲ့ရန် အခက်အခဲ ဖြစ်လာ နိုင်သဖြင့် ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့ အား ချက်ခြင်း တိုက်ရန် ဖြစ်လာခဲ့ပါသည်။

ဤစစ်ဆင်ရေး သည် နအဖ အတွက် အချိုးအဆင့်အပြောင်းအလဲ တစ်ခုလို ရေးကြီးနေပါသည်။ အကြောင်းမှာ ဤစစ်ဆင်ရေး မအောင်မြင်ပါက နိုင်ငံရေးအရ များစွာ ထိခိုက်နနစ်နာနိုင်ပြီး နအဖ ၏ ဂုဏ်သိက္ခာ ကို များ စွာ ထိခိုက် နိုင်သော စစ်ဆင်ရေးဖြစ်ပါသည်။ ထို့ပြင် နောင်ဖွဲ့မည် အစိုးရ ကို အကြပ်အတည်းဖြစ်နိုင်သလို စစ်ဆင်ရေးကို တာဝန်ယူ နေသော စစ်ဗိုလ်ချုပ်များ၏ ရာထူးနေရာနှင့် အာဏာ ခွဲဝေချထားသည့် အပိုင်းတွင် မကျေနပ်မှု့ များနှင့် အတူ အတွင်းရေးပြသာနာများ ကြီးထွားစေမှာ ဧကန်မလွဲပါ။

စစ်အာဏာရှင်စနစ်ကို မလိုလားသူများမှာ မြန်မာတစ်နိုင်ငံလုံးရှိပြည်သူများ ဖြစ်သည့်ပြင် တပ်မတော်အသိုင်း အသိုင်းအ၀ိုင်းအပါအ၀င် နအဖ ၏ အုပ်ချုပ်မှု့ယန္တာရား မှ ၀န်ထမ်းများ ပါဝင်သလို စစ်အာဏာရှင်စနစ် ကို လက်နက်ကိုင်တော်လှန်သော တိုင်းရင်းသား အများအပြားပါဝင်သဖြင့် ပေါက်ကွဲ နိုင်သော ယမ်းအိုးများ သည် မြန်မာ တစ်ပြည်လုံး အနှံ့ ရှိနေပါသည်။ ဗိုလ်နှုတ်ခမ်းမွှေးမှ စတင်လိုက်သော မီးပွါးသည် တစ်နိုင်ငံလုံး ကူးသွား ပါက နအဖ ၏အနာဂတ်သည် လုံးဝ ဆက်၍ မရ နိုင်သော လမ်းဆုံးသို့ရောက် နိုင်သဖြင့် မဖြစ် ဖြစ်သောနည်း ဖြင့် ဆုံးမရမည်ဟု နအဖ မှ သန္တိဌာန် ချခဲ့ပါသည်။

ယခုချိန်တွင် အခြားလက်နက်ကိုင် အဖွဲ့များ မှ စုပေါင်းပြီးသော်၎င်း၊ မိမိ တို့ ရှိနေရာမှ တစ်ပြိုင်နက်တည်း စစ်ဆင်ရေးများ ပြုလုပ်ပါက ၄င်းစစ်ဆင်ရေးသည် နေပြည်တော် အထိ အလွယ်တကူရောက် နိုင်သော စစ်ဆင် ရေးဖြစ် နိုင်သလို နအဖ ၏ ပြိုလဲခြင်းများ စတင်မြင်တွေ့ရမှာသေချာပါသည်။

ဥပမာအနေဖြင့် ဆိုဗီယက်ယူနီယံ ပြိုကွဲခြင်း ကို လေ့လာပါက ယခု နအဖ တွင်ဖြစ်ပေါ်နေသာ လက္ခဏာ များနှင့် တူသည့် အပိုင်း များကို တွေ့ နိုင်ပါသည်။ ဆိုဗီယက်ယူနီယံ ကျဆင်းခါစ တွင် တိုးတက်လာသည့် လက္ခဏာ အဖြင့် မှားယွင်းစွာ နားလည်ထားခြင်းသည် အာဏာပိုင်များ၏ အမှားကြီးတစ်ခု ဖြစ်ခဲ့ရပါသည်။ ယခု တွင်လည်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ခြင်းကို လက္ခဏာ ကောင်းတစ်ခု အဖြင့် နအဖ က ရှု့မြင်ထားပါသည်။

ထိုစဉ်က ဆိုဗီယက်ယူနီယံ အနေဖြင့် Complex adaptive system ကိုလုံးဝ အကောင်အထည်မဖေါ် နိုင်ခဲ့ပါ။ ဆိုလိုသည်မှာ တစ်နိုင်ငံလုံး မှ ဖြစ်ပေါ်လာသော ကျယ်ပြန့်ရှုတ်ထွေးမှု့ ကို လိုက်လျောညီစွာ မကျင့်သုံး နိုင်သဖြင့် ၁၉၁၇ မှ ၁၉၉၁ ထိ ၇၄ နှစ်ခန့် သက်တမ်းရှိခဲ့သည် ကမ္ဘာ့အင်အာကြီး နိုင်ငံသည် ၁၉၉၁ ဒီဇင်ဘာ ၂၅ ရက်တွင် လုံးဝ ပြိုကွဲခဲ့ပါသည်။ ထိုနေ့ညနေ တွင် ခရင်မလင် (Kremlin) ရင်ပြင်တွင် ဆိုဗီယက်ယူနီယံ၏ အလံတော်ကို နောက်ဆုံးအဖြစ်ချခဲ့ပါသည်။ နောက်နေ့ဒီဇင်ဘာ ၂၆ ရက်တွင် ဆိုဗီယက်ယူနီယံ၏ အမြှင့်ဆုံး အာဏာပိုင် တွေက ဆိုဗီယက်ယူနီယံပြိုကျခြင်းကို အသိအမှတ်ပြုခဲ့ပါသည်။

ဆိုဗီယက်ယူနီယံ ပြိုကျခြင်းသည် ၁၉၉၀ ဇန်န၀ါရီလ မှစတင်ခဲ့ပြီး ၁၉၉၁ ဒီဇင်ဘာ ၃၁ ရက်တွင်ပြီးဆုံးခဲ့ပါ သည်။ ၁၉၉၀ မှစတင်ခဲ့သည့် ပြသာနာများမှ နိုင်ငံရေးပြသာနာ အဓိကဖြစ်ပြီး နောက်ဆက်တွဲ အဖြစ်စီးပွါးရေး ပြသာနာများ ဖြစ်လာပါသည်။ နိုင်ငံရေးပြသာနာများဖြစ်သည့် လစ်သူနီယံခွဲထွက်ရေး (Lithuanian)၊ အက်စ်တိုးနီးယား (Estonia ) အရေးကို စစ်အင်အားသုံးပြီးဖြေရှင်းခဲ့သဖြင့် ဆိုဗီယက်ယူနီယံကို အင်အားချည့် နဲ့စေခဲ့ပါသည်။

ကမ္ဘာ့သမိုင်းမှ အာဏာရှင်အင်ပါယာများကို လေ့လာပါက ဖြစ်ပေါ်လာသော ပြောင်းလဲမှု့ နှင့် ကျယ်ပြန့်သောရှုတ်ထွေးမှု့များကို လိုက်လျောညီစွာ မကျင့်သုံး တတ်သလို ပြသာနာကို စစ်အင်အားသုံးဖြေရှင်းလေ့ရှိသဖြင့် အာဏာရှင်အင်ပါယာ များကျဆုံးလေ့ ရှိကြောင်း နအဖ အနေဖြင့် သင်္ခန်းစာ ယူသင့်ပါသည်။ ကမ္ဘာ့သမိုင်းမှ အာဏာရှင် အင်ပါယာ များသည် မြန်စစ်အာဏာရှင်ထက် များစွာ အင်အာကြီးခဲ့သော်လည်း ပြိုကျသောအခါ အချိန်အနည်းငယ်တွင်း ကျဆုံးခဲ့ သည် ကို သတိချပ်သင့်ပါသည်။

နှစ်သစ်မှာအားလုံးပျော်ရွှင်နိုင်ပါစေ။

ဖူးဒို

ဇန်န၀ါရီလ ၁၆ ရက်၊ ၂၀၁၁

www.karenunited.com

No comments:

Post a Comment