ondragstart="return false" onselectstart="return false"

Friday, January 28, 2011

သမိုင်းကပြောပြသော ကရင့်တော်လှန်ရေးနေ့ အကြောင်း တစေ့တစောင်း

မန်းကာကါထက်
28/01/2011

ကရင့်တော်လှန်ရေးဖြစ်ပေါ်လာပုံအကြောင်းလေ့လာလျှင် ကရင်တော်လှန်ရေးမပေါ်
ပေါက်မှီကာလ ကရင်လူမှုဘ၀၏အခြေခံ အကြောင်းအရာများအား အရင်လေ့လာ ဖေါ်ပြပေးနိုင်
လျှင်ပို၍ ကောင်းမွနှ်ပြည့်စုံမည်ဖြစ်ပါသည်။သို့ သော်ကရင်လူမျိုးများသည် ယခင်မူလစာပေရှိခဲ့
သော်လည်းလွန်ခဲ့တဲ့နှစ်ပေါင်းထောင်နဲ့ ချီပြီးပျောက်ဆုံးသွားခဲ့သည်။ ထို့ ကြောင့်ကရင်လူမျိုးများ၏
ဇာ တိဇစ်မြစ်ကို ရှာဖွေသုတေသနပြုသည့်အခါတွင် အခက်အခဲ့များစွာတွေ့ ရပါသည်။ သမိုင်းပညာ ရှင်တချို့ ၏ လေ့လာတွေ့ ရှိချက်အရ ကရင်လူမျိုးများသည်မြန်မာနိုင်ငံသို့ လာရောက်မနေထိုင်မှီ တရုတ်ပြည်ယူနန်နယ်တွင် နေခဲ့ဘူးသည့်သမိုင်းအထောက်အထားများတွေရှိခဲ့သည်ဟုဆိုပါသည်။

ကရင်လူမျိုးများ မြန်မာနိုင်ငံတွင်းသို့ လာရောက်ပြောင်းရွေ့ နေထိုင်စဉ် မြန်မာပြည်ပဒေသရာဇ် ခေတ် ကြီးစိုးတဲ့အချိန်တွင်လည်း ပဒေသရာဇ်ဘုရင်တို့ ၏အားပြိုင်မှုတွေထဲတွင် မွန်ပဒေသရာဇ် ဘုရင်ဘက်မှ ရပ်တည်ပြီးအခြားပြိုင်ဘက် ပဒေသရာဇ်ဘုရင်များအားဝိုင်းတိုက်ပေးသည့် ကရင် အုပ်စုရှိသကဲ့သို့ ယိုးဒယားဘုရင်၊ဗမာဘုရင်ဘက်မှနေပြီး ရန်သူများကို ၀ိုင်းတိုက်ပေးခဲ့သည့် ကရင် အုပ်စုများလည်းရှိကြောင်း သမိုင်းတချို့ တွင် ဖေါ်ပြထားပါသည်။ ငှင်းခေတ်အချိန်ကါလတွင် ကရင် လူမျိုးများသည် ဟိုဘက်စစ်သုံ့ ပမ်းဖြစ်လိုက်၊ဒီဘက်စစ်သုံ့ ပမ်းဖြစ်လိုက်နှင့် အချို့ ကရင်သော အုပ်စုများသည် အေးဆေးစွာနေထိုင်ချင်၍ စစ်မက်ဖြစ်ပွါးသေါနေရာဒေသများကို တိမ်းရှောင်ရင်း၊ အရှေ့ တောင်အာရှနိုင်ငံအနှံ့ ပြန့် ကျဲရောက်ရှိသွားကြသည်ဟုသမိုင်းမှတ်တမ်းတချို့ တွင်တွေ့ ရ ပါသည်။

ကရင်လူမျိုးအချို့ က ယခင်ယူနန်ကုန်းပြင်မြင့်မှ ပြောင်းရွေ့ လာကတည်းက အရှေ့ တောင် အာရှနိုင်ငံအနှံ့ ပြောင်းရွေ့ နေထိုင်ခဲ့ပြည်ဟု သမိုင်းတချို့ တွင်ဖေါ်ပြထားပါသည်။ကရင်လူမျိုးသည် လူမျိုးကြီးတမျိုးဖြစ်ပြီး ယိုးဒယား၊မြန်မာနိုင်ငံအပါအ၀င်သမိုင်းအဆက်ဆက်တွင်ကရင်ဘုရင်များစွာ
ပေါ်ထွန်းခဲ့ဘူးသည့် သမိုင်းစာမျက်နှာများလည်း တွေ့ ရပါသည်။ သို့ သော်ကျနော်တို့ ကရင့်လူမျိုး တို့ ၏ ကိုယ်ပိုင်သမိုင်းမှတ်တမ်းမှတ်ရာ ခိုင်ခိုင်မာမာ မှတ်တမ်းပြုစုနိုင်လျှင် အလွန်ကောင်းမွန်မည် ဟုမြင်မိပါသည်။

- - - - - - - - - - - - - - - - - - - -
ကရင်လူမျိုးတို့ ၏လူမှုဘ၀သမိုင်းအထောက်အထားများကို မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုဘဝ
ကျရောက်ခဲ့သည့်အချိန်မှစ၍စတင်မှတ်တမ်းတင်နိုင်ခဲ့သည်ဟုဆိုရမည်ဖြစ်ပါသည်။ယခင်ပဒေသ ရာဇ်ကကဲ့သို့ မဟုတ်တော့ဘဲစီးပွါးရေး၊ပညာရေးနှင့်လူနေမှုအဆင့်အတန်းများစွာ တိုးတက်ပြောင်း
လဲလာပါသည်။ ထူးချွန်ထက်မြက်သော ကရင်စစ်မှုထမ်း အရာရှိအရာခံများ၊သာမန်စစ်မှုထမ်းများ များစွာပေါ်ထွန်းလာပါသည်။(OBE,KIH)ဘွဲ့ ကိုရရှိသောဆရာစံဘော်၊(TPS)ဘွဲ့ ကိုဆရာဂျိမ်းတာဖ၊
ဆရာဖိုးကျော်တို့ ကဲ့သို့  ဘွဲ့ ရာထူးရ၊ ထူးချွန်သောကရင်စစ်မှုထမ်းတွေလည်းများစွာ ပေါ်ထွန်းခဲ့ပါ
သည်။ ဗမာပြည်လက်နက်ကိုင်တပ်မတော်(Burma Rifle)၊ ဗမာပြည်ရဲတပ်ဖွဲ့ (BMA)၊တက္ကသိုလ် တပ်ရင်း(UTC University Training Crop)၊နယ်ခြားစောင့်တပ်ဖွဲ့ (BTF Burma Territorial Force)ဗမာပြည်အရံလက်နက်ကိုင်တပ်ဖွဲ့ ( BAF)တို့ တွင်ကရင်အရေအတွက် ထက်ဝက်ကျော်ခန့်  ပါဝင်စစ်မှုထမ်းခဲ့ပါသည်။ပထမကမ္ဘာစစ်နှင့်ဒုတိယကမ္ဘာစစ်ကါလတွင် ကရင်စစ်မှုထမ်းများသည် အင်္ဂလိပ်တပ်တွေနဲ့ အတူ ပူးပေါင်းပါဝင်တိုက်ခိုက်ရင်း နိုင်ငံခြားတိုင်းပြည်များသို့ အများအပြား ရောက်ရှိသွားကြသည်လည်း ရှိခဲ့ပါသည်။
အင်္ဂလိပ်ကမြန်မာပြည်အား စတင်အုပ်ချုပ်တဲ့အချိန်ကစပြီး ၁၉၄၁ ခုနှစ်အထိ၊အုပ်ချုပ်
သူပဒေသရာဇ်ခေတ်အဆက်ဆက်နဲ့ နှိုင်းယှဉ်ကြည့်လျှင် ကရင်လူမျိုးတို့ ဘ၀သည် သိသိသာသာ ပြောင်းလဲတိုးတက်လာကြောင်ားတွေ့ ရပါသည်။ ဖိနှိပ်မှုများကင်းဝေးပြီး မိမိတို့ ၏့ကိုယ်ပိုင်မြေယာ များနှင့်ကောင်းမွန်စွာလုပ်ကိုင်စားသောက်နိုင်ခြင်း၊ ကိုယ်ပိုင်စာပေရှိလာပြီး အဆင့်မြင့်သောခေတ် ပညာများ သင်ယူနိုင်သည့်အခွင့်အလမ်းများရှိလာခြင်း၊ကောင်းမွန်မြင့်မားသည့် ရာထူးရာခံ၊ အမှု ထမ်းနေရာလည်း အများအပြားလုပ်ကိုင်နိုင်လာနိုင်ပါသည်။
- - - - - - - - - - - - - -
၁၉၄၂ ခုနှစ်၊နှစ်ဦးပိုင်းမှစ၍ဂျပန်တပ်ဖွဲ့ နှင့်ဗမာရဲဘော်သုံးကျိတ်၊ဘီအိုင်အေတို့ မြန်မာ
ပြည်ကို တဖြည်းဖြည်းနှင့်ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါသည်။အင်္ဂလိပ်တပ်များ မြန်မာပြည်မှဆုတ်ခွါ သည့်အချိန်တွင်လည်း ကရင်တပ်မှူးတပ်သားများ များစွာလိုက်ပါသွားကြသည်။ဂျပန်တို့ မြန်မာ တပြည်လုံးအတိုင်းအတာအထိ သိမ်းပိုက်နိုင်လိုက်သည့်အချိန်တွင် ကရင်လူမျိုးတို့ ရဲ့ ဘ၀သည် လုံးဝလုံခြုံမှုမရှိတော့ချေ။
ဘီအိုင်အေတပ်များ မြန်မာပြည်တွင်းသို့ ရောက်ရှိလာသောအခါ ကရင်များအား အင်္ဂ လိပ်သူလျှိုများ၊အင်္ဂလိပ်အပေါ်သစ္စာရှိသူများ၊ ဂျပန်အားဆန့် ကျင်သူအဖြစ်ပြောဆိုစွတ်စွဲပြီး ဂျပန်
များနှင့်ရန်တိုက်ပေးလျှက်ရှိသည်။ ဘီအိုင်အေတပ်များကိုယ်တိုင်လည်း ကရင်များအားချောင်း မြောင်းပစ်ခတ်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီးကာ ခလေး၊အဘွားအိုများပါမကျန် နှိပ်စက်သတ်ဖြတ် ခြင်း၊ကရင့်အမျိုးသမီးများအားအဓမ္မစော်ကားခြင်း၊ကျေးရွာများအား မီးရှို့ ခြင်း၊ကရင်ပိုင်ပစ္စည်းများ၊
အိမ်မွေးတိရိစ္ဆှာန်များအား သတ်ဖြတ်၊ခိုးယူလုယက်ဖျက်ဆီးခြင်း စသည့်လူမဆန်စွာညှင်းပမ်းနှိပ် စက်မှုများ အညှိုးကြီးစွာလုပ်ဆောင်လျှက်ရှိသည်။ ကရင်ဒေသများဖြစ်သည့် ဖါပွန်၊ ရွှေကျင်၊ သထုံခရိုင်၊မြောင်းမြနှင့်မြစ်ဝကျွန်းပေါ်ဒေသ စသည့်နေရာများတွင် ဘီအိုင်အေတို့ ၏ ရက်စက်မှု အမျိုးမျိုးကိုအလူးအလဲခံနေရသည်။ဘီအိုင်အေတို့ ၏သွေးထိုးမှုကြောင့် ဂျပန်တို့ ၏နှိပ်စက်ညှင်း ပမ်းမှုကိုလည်း ကရင်များအလူးအလဲခံရသည်။ ဤသို့ ဖြင့်ကရင်လူမျိုးတို့ သည် ဂျပန်တို့ ၏ရန်နှင့် ဘီအိုင်အေတို့ ၏ရန်တို့ ပါ နှစ်မျိုးစလုံးရက်စက်စွာခံနေရသည်။
အင်္ဂလိပ်တပ်များဆုတ်ခွါပြီနောက်ပိုင်း အင်္ဂလိပ်တပ်ထွက်ကရင်တို့ ၏လက်ထဲတွင် လက်နက်အချို့ ကျန်ရှိနေသည်။ ကရင်တို့ သည်ငှင်းလက်နက်များကို သူတပါးအားကျူးကျော် အနိုင်ယူရန်အတွက်မဟုတ်ဘဲ မိမိကိုယ်ကိုကာကွယ်ရန်အတွက်ဖြစ်သည်။ဘီအိုင်အေတို့ သည် ကရင်များအား စိတ်ကြိုက်ညှင်းဆဲနိုင်ရန်အတွက် ကရင်တို့ ၏လက်ထဲရှိလက်နက်များကို မတရား အမိန့် ထုတ်ပြီး အဓမ္မလက်နက်အပ်ခိုင်းခဲ့ပါသည်။ ဘီအိုင်အေတပ်များက ကရင်တို့ ကိုအမျိုးမျိုး နှိပ်စက်ညှင်းပမ်းသတ်ဖြတ်ခြင်း၊လက်နက်အပ်ခိုင်းခြင်းတို့ သည် မတရားမှုလုပ်ရပ်ဖြစ်သောကြောင့် လက်နက်မအပ်ဘဲ ဘီအိုင်အေတို့ ၏ယုတ်မာရက်စက်မှုကိုမခံနိုင်သည့်အဆုံး ပြန်လည်ခုခံ တိုက် ခိုက်ရာမှာကရင်ဗမာအဓိကရုန်းဖြစ်ပွါးခဲ့သည်။ အဓိကရုန်းသည်ပိုမိုပြင်းထန်လာပြီး(၆)လခန့် ကြာ မည့်သည့်အခါ ဂျပန်ဗိုလ်ချုပ်ကြီးမိုးကြိုး၏ ကြားဝင်ဖြန်ဖြေပေးမှုဖြင့် ပဋိပက္ခတဖြည်းဖြည်း ရပ်ဆိုင်း သွားရသည်။
အင်္ဂလိပ်အုပ်ချုပ်မှုအောက်တွင်ကရင်များသည်ကောင်းမွန်စွာလုပ်ကိုင်စားသောက်နိုင်
သည်။ဂျပန်များဝင်ရောက်အုပ်ချုပ်သည့်အခါ အဓမ္မလုပ်အားခိုင်းခြင်း၊လုယက်ဖျက်ဆီးခြင်း၊ မတ ရားဖမ်းဆီးသတ်ဖြတ်ခြင်း၊ကရင်အမျိုးသမီးများအားအဓမ္မစော်ကါးခြင်းစသည့်ဂျပန်များ၏ရက်စက်မှုများကို ခါးသီးစွာခံစားကြရသည်။
- - - - - - - -
အင်္ဂလိပ်တပ်များအိန္ဒိယသို့ ဆုတ်ခွါသည့်အခါ ကရင်တပ်များလည်းများစွာ လိုက်ပါ သွားပြီး စစ်သင်တန်းတက်စေသည်။ဂျပန်တို့ အားပြန်လည်တိုက်ထုတ်မည့်ကါလတွင်အိန္ဒိယနိုင်ငံမှ
ှမြန်မာပြည်သို့ လေထီးဖြင့်ဆင်းသည့် ကရင်စစ်သည်များ၊ နယ်မြေခံကရင်တပ်ဖွဲ့ များ အများအပြား
ရှိသည်။ဂျပန်များတော်လှန်ရန်အတွက် အိန္ဒိယနိုင်ငံသို့ သင်တန်းသွားတက်သည့် ဗမာလူငယ်အုပ်
စုတွင်လည်း ကရင်လူငယ်များပါဝင်သည်။ဂျပန်များအားပြန်လည်တော်လှန်တိုက်ထုတ်ရန်ရာတွင် ကရင်နှင့်ဗမာလူမျိုးတို့ ၏ပူးပေါင်းပါဝင်မှုအခန်းသည် အလွန်မှအရေးကြီးပါသည်။ ကရင်လူမျိုး
တို့ သည် ဗမာလူမျိုးအပါအ၀င်အခြားတိုင်းရင်းသားလူမျိုးများနှင့်ပူပေါင်းပြီး ဖက်ဆစ်ဂျပန်များကို
ရွံ့ ရွံ့ ချွံချွံတိုက်ထုတ်နိုင်ခဲ့သည်။၁၉၄၅ သြဂုတ်လ(၁၄)ရက်တွင် ဂျပန်များလက်နက်ချသော်လည်း ကရင်တောင်တန်းဒေသအချို့ တွင် ကရင်နှင့်ဂျပန်ဆက်လက်တိုက်ပွဲဖြစ်ပွါးနေသေးသည်။ ငှင်း တိုက်ပွဲတွင် ဂျပန်စစ်သည်(၈၀၀၀)ကျော်ကျဆုံးခဲ့သည်။မြန်မာပြည်ဂျပန်တော်လှန်ရေးသမိုင်းတွင် ကရင်ပျောက်ကျားတပ်ဖွဲ့ များသည် ဂျပန်ကိုအများဆုံးချေမှုန်းနိုင်သည့် တပ်ဖွဲ့ ဖြစ်သည်။
(ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့်ပတ်သက်၍ ၁။ဦးနုရေးသားသည့် “ငါးနှစ်ရာသီဗမာပြည်” စာအုပ် ထဲတွင် ကရင်ဗမာချစ်ကြည်ရေးသည် ဂျပန်ကိုပြန်လည်ဆန့် ကျင်ရန်အတွက် အရေးကြီး ဆုံး လုပ်ငန်းတခုဖြစ်ပေသည်။ (၂) ဗိုလ်မှူးကြီးချစ်ကောင်း၏ အနှစ်(၂၀)စာအုပ်တွင် ဂျပန်ကိုဆန့် ကျင် တိုက်ခိုက်ရာတွင်ကရင်နှင့်ဗမာစည်းလုံးညီညွတ်မှုမရှိပါက လွယ်ကူမည်မဟုတ်ချေ။(၃) အောင်ဆန်း အကိုရေးသားသော “အောင်ဆန်း”အမည်ရှိစာအုပ်ထဲတွင် အောင်ဆန်းအနေဖြင့် ကရင်ဗမာစည်း လုံးမှုမရှိပါက လွတ်လပ်ရေးရနိုင်ရန်အကြောင်းမရှိဟုမြင်ပေသည်။
- - - - - - - -
ဒုတိယကမ္ဘာစစ်ဖြစ်ပွါးသည့်အချိန်တွင် ကရင်တို့ သည်ဘ၀ကို ခက်ခဲပင်ပမ်းကြီးစွာ
ဖြင့်ဖြတ်သန်းခဲ့ရသည်။ကရင်ဗမာအဓိကရုန်း ကြီးကျယ်စွာဖြစ်ပွါးခဲ့ခြင်း၊ဂျပန်တို့ ၏မတရားဖိနှိပ်မှု နည်းမျိုးစုံကိုအလူးအလဲခံနေရခြင်းတို့ ကြောင့်ဖြစ်သည်။ကရင်လူမျိုးများ ဂျပန်တော်လှန်ရေးကို အောင်မြင်စွာဆင်နွှဲနိုင်ခြင်းကြောင့် အမျိုးသားရေးစိတ်ဓါတ်နိုးကြားတက်ကြွလာသည်၊ ကိုယ့်တိုင်း ကိုယ့်ပြည်နဲ့ နေထိုင်သွားရန် စိတ်ဓါတ်ပြင်းပြလာသည်၊ကိုယ်ပိုင်တိုင်းပြည်မရှိပါက မိမိလူမျိုး ဘယ် နည်းနဲ့ မျှတိုးတက်ကြီးပွါးနိုင်မည်မဟုတ်ဟု အလေးအနက်သဘောပေါက်ခံယူလာသည်။(Atlantic Charter)အတ္တလန်တစ်စာချုပ်အရ ကမ္ဘာပေါ်ရှိလူမျိုးတိုင်းတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိစေရ မည်ဟု
အပုဒ်ပါရှိသည့်အတွက် ကရင်လူမျိုးများအတွက် ကိုယ်ပိုင်တိုင်းပြည်ရှိလိုစိတ် ပို၍စိတ်ဓါတ်ပြင်း
ထန်လာသည်။

ကိုးကား…..ဖူးစကောလယ်တောပြုစုသော ကရင့်တော်လှန်ရေးသမိုင်း။
ဒုတိယပိုင်း စောင့်မျှော်ဖတ်ရှုရန်…….

No comments:

Post a Comment