ondragstart="return false" onselectstart="return false"

Saturday, January 15, 2011

ကရင်ငြိမ်းချမ်းရေးနှင့် စီးပွားရေး ပြေလည်အောင် ဖလုံစဝေါ် ဆွေးနွေးမည်

ဖနိဒါ | သောကြာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၁ ခုနှစ်

ချင်းမိုင်(မဇ္စိ္ဈမ) ။ ။ ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖြစ်ထွန်းရန်နှင့် အလုပ်လက်မဲ့ လျော့ပါးရေးအတွက် ပြည်ထောင်စု လွှတ်တော်တွင် တင်ပြရန် ဖလုံ စဝေါ် ဒီမိုကရက်တစ်ပါတီက ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌ စောခင်မောင်မြင့်က ပြောသည်။

“တိုက်ပွဲတွေ ရပ်စဲသွားဖို့ ငြိမ်းချမ်းရေးကိစ္စ္စကို အဓိက ဆောင်ရွက်ဖို့ ဆွေးနွေးပြီးသားပါ။ ငြိမ်းချမ်းမှသာ စီးပွားရေးတွေ ထူထောင်လို့ ရမှာကိုး။ ငြိမ်းချမ်းရေးကို ကိုယ့်ပြည်နယ်အလိုက် ကျနော်တို့က ဆက်စပ် ဆွေးနွေးဖို့ ရည်ရွယ်ထားတယ်လေ။ ကိုယ့် တိုင်းရင်းသား အချင်းချင်း ဆွေးနွေးတာက ပိုထိရောက်မယ်လို့ ယူဆတာဘဲ”ဟု ဥက္က္ကဋ္ဌ စောခင်မောင်မြင့်က ပြောသည်။

ကရင်ပြည်နယ် ဒေါနတောင်တန်းရှိ ရွှေ နှင့် စလင်း စသည့် သဘာဝ သယံဇာတများ ထုတ်လုပ်နိုင်ရန် သတ္တုစက်ရုံများ တည်ထောင်၍ ကရင်ပြည်နယ် အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းရန်နှင့် ရွှေ့ပြောင်းဒုက္ခသည်များ လျော့နည်းစေရေး ဖန်တီးပေးရန် တင်ပြသွားမည်ဟုလည်း ဆိုသည်။

“ဒီသယံဇာတတွေကို ကုန်ချောဖြစ်အောင် ထုတ်ဖို့ စက်ရုံအလုပ်ရုံတွေမှာ အတတ်ပညာရှင် အသိပညာရှင်တွေ လုပ်သားတွေ လိုအပ်မယ်ဆိုတော့ အလုပ်လက်မဲ့ နည်းသွားမှာပေါ့။ နောက်တခုက export import ပို့မယ်ဆိုရင် အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းနိုင်မယ်လို့ ယူဆတယ်”ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံ ပြည်တွင်းစစ်ကြောင့် ထိုင်းနိုင်ငံတွင်း စခန်း၉ ခုတွင် ဝင်ရောက်ခိုလှုံနေသည့် ကရင်လူမျိုးများ အပါအဝင် ဒုက္ခသည် တသိန်းခန့်ရှိသည်ဟု ဒုက္ခသည်များကို ကူညီနေသည့် TBBC အဖွဲ့က မနှစ် နိုဝင်ဘာလက ဖော်ပြခဲ့သည်။

ကရင်စာပေ ယဉ်ကျေးမှုနှင့် ပတ်သက်၍ ကရင်တိုင်းရင်းသားများ နေထိုင်သည့် ပြည်နယ်နှင့် တိုင်းများတွင် တရက်လျှင် တချိန်ခန့် ကရင်ဘာသာ သင်ကြားခွင့် ရရေးကိုလည်း တင်ပြရန် ရှိသည် ဆိုသည်။

သမ္မတ ရွေးချယ်ရေးအတွက် သမ္မတလောင်း ၃ နေရာတွင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များထဲမှ တနေရာရလိုသော်လည်း နအဖ၏ ကြံ့ဖွံ့ပါတီ အရွေးခံ လွှတ်တော်ကိုယ်စားလှယ်က ပိုများသဖြင့် ဒုသမ္မတ တနေရာရရန် မျှော်လင့်မထားကြောင်း သူက သုံးသပ်သည်။

ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ၏ ရန်ကုန်ရုံးချုပ်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီနှင့် ဖလုံ စဝေါ် ဒီမိုကရက်တစ် ပါတီ ၅ ခု ပေါင်း၍ လွှတ်တော်တွင်း တူညီသည့် ဆွေးနွေးချက်များ တင်ပြရန် မနက်ဖြန် အစည်းအဝေးကျင်းပမည် ဖြစ်သည်။

“ကျနော်တို့ တိုင်းရင်းသားပါတီတွေ အဆိုပြုစရာရှိတာတွေ၊ တင်ပြစရာရှိတာတွေကို တညီတညွတ်ထဲ ဖြစ်အောင် ကြိုတင်ညှိနှိုင်းတဲ့သဘောပါ။ ကျနော်တို့ တိုင်းရင်းသားပါတီတွေက နိုင်ငံတော်အဆင့်ဆိုရင် အားနည်းတာကိုး” ဟု ဖလုံ စဝေါ် ပါတီမှ ဥက္ကဋ္ဌ စောခင်မောင်မြင့်က ပြောသည်။

သို့သော် မနက်ဖြန်တွင် ဘားအံမြို့နယ် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို ခရိုင်ကော်မရှင်က တွေ့ဆုံ ညှိနှိုင်းရန် အရေးပေါ် အစည်းအဝေး ခေါ်ထားခြင်းကြောင့် ဖလုံ စဝေါ်က တက်နိုင်မည် မဟုတ်ကြောင်း သိရသည်။

ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ်းက ဤပါတီ ၅ ခုသည် ရွေးကောက်ပွဲ မကျင်းပမီကပင် တိုင်းရင်းသားပါတီ ညီနောင်များအဖွဲ့အဖြစ် ပူးပေါင်းထားသူများဖြစ်၍ တခြားတိုင်းရင်းသား ပါတီများကိုလည်း စည်းရုံးနိုင်ရေး ဆွေးနွေးသွားမည် ဆိုသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္က္ကဋ္ဌ ဒေါက်တာအေးမောင်ကမူ ပါတီ ၅ ခု မဟာမိတ်ဖွဲ့ခြင်း မဟုတ်ဘဲ မိတ်ဆွေဖွဲ့၍ ပါတီကြီးတခုအဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ရန် အစည်းအဝေးကျင်းပမည် ဆိုသည်။

SNDP က ယခုလ ၇ ရက်မှ ယနေ့ထိ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ၄ဝ ကျော်နှင့် ပါတီပိုမိုကျစ်လျစ်ရေးနှင့် လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုများ ဆွေးနွေးနေသည်ဟု ဒုဥက္ကဋ္ဌ စိုင်းဆောင်ဆီက ပြောသည်။
http://mizzimaburmese.com/news/inside-burma/6720-2011-01-14-12-44-21.html

6 comments:

Anonymous said...

ဦးစောခင်မောင်မြင့် တို့လိုသူတွေသာ ကရင်ပြည်သူတွေအပေါ် ဥပဒေဘောင်တွင်းကနေ လက်တွေ့ကျကျ ကူညီဖြေရှင်းလုပ်ပေးနိုင်မှာပါ။လက်နက်ကိုင်သောင်းကျန်းနေတဲ့ KNU လိုတောင်းဆိုမှုတော့ ဘယ်သောခါမှ ရမှာမဟုတ်ဘူး။နိုင်ငံရေးလုပ်ချင်ရင် နိုင်ငံေ၇းလုပ် သေနတ်ပြပြီးတောင်းလို့မရဘူး။နိုင်ငံရေးစကားလည်းပြောချင် လုပ်နေတာက သေနတ်ကိုင်အကြမ်းဖက်။ဘယ်လိုလုပ်ပြီး ဆွေးနွေးအဖြေရှာလို့ရမှာလဲ။

Anonymous said...

ဟားဟား အပေါ်က နအဖ ခွေးလေးက သံကောင်းလာဟစ်ပြနေတယ်။ ခက်ဒါက ဗမာ့တပ်မတော် စစ်တပ်လျန်းမှာမနေပဲ တိုင်းပြည် မှာရှိသမျှခိုးစား ၀င်ရောက်စွက်ဖက်ဒါ ဘယ်လောက်ရှိပြီလည်း။ ဗမာစစ်သားပဲ သေနတ်ကိုင်ခွင့်ရှိပြီး လုပ်ချင်တိုင်းလုပ် ငါတို့ ဒီလိုလက်ပိုက်ကြည့်ရမလား..ဟားဟား နည်းသေးတယ်.. မင်းတို့ ဗမာစစ်သားယုတ်မာသမျှ မင်းတို့ ကို ပြန်ဆော်ဖို့ ငါတို့ သွေးတွေ ဘယ်တော့မှ အိပ်မပျော်ဘူး မှတ်ထား။ ခွေးမျိုးတွေ ခွေးအကျင့်တွေ မဖျေက်နိုင်သ၍ တိုင်းရင်းသားတွေရဲ တော်လှန်ရေး ဆက်လက်ရှိနေအုံးမယ် ဆိုဒါ မှတ်ထားလိုက်

Anonymous said...

First comment complain about KNU but i want to say how about NLD movement in 1988 do they hold gun son they were killed?
How about The Monk uprising? Do they hold guns so they were killed?
The first comment should think before write or speak.
Burmese is despondent from dog.
What ever you do they won't satisfied. They are not human.

ငတေ said...

မှန်လိုက်လေဗျာ NLD ကိုဥပဒေဘောင်အတွင်းကနေ ပြည်သူတွေထောက်ခံခဲ့ တာရော ဘယ်ရောက်ကုန်ပြီလဲ
မင်းတို့  စစ်အာဏာရူးခေတ်မှာ ဥပဒေဆိုတာရှိလို့ လား
ပါစပ်ကပြောတာ ဥပဒေပဲမဟုတ်လား။ မင်းတို့ ရဲ့ စစ်အာဏာရူး တွေက
ငြိမ်းချမ်းစွာ မေတ္တာပို့ နေတဲ့  ဘုန်းကြီးတွေကိုတောင် သေနတ်နဲ့  ပစ်သတ်တယ်။ ဒီတော့ မင်းတို့ ကို သေနတ်ကိုင်ပြီး မတော်လှန်လို့ ရမလား။ ဥပဒေဘောင်ထဲကနေပြီး ကိုယ့် ဆန္ဒကိုလွတ်လပ်စွာ ဖေါ်ထုတ်ခဲ့ မိလို့ ထောင်ထဲ ရောက်ကုန်တာ ဘယ်နှစ်ယောက်ရှိနေပြီလဲ။ မင်းတို့ ရဲ့ ဥပဒေဘောင် ဆိုတာဘာကိုပြောတာလဲ?????????

Anonymous said...

First comment is SPDC fucking dog.

Anonymous said...

The first comment is fuck buy dogssssss.

Post a Comment