ondragstart="return false" onselectstart="return false"

Saturday, July 2, 2011

အစိုးရတပ် ရှားတောဒေသခံရွာသားများကို တပ်ရိက္ခာထမ်းခိုင်း

ကယားပြည်နယ် ရှားတောမြို့နယ်မှာ အခြေစိုက်နေထိုင်တဲ့ မြန်မာအစိုးရတပ် ခမရ ၅၇၅ စစ်ကြောင်းဟာ ဇွန်လ ၁၈ နဲ့ ၁၉ ရက်နေ့အတွင်းမှာ ရွာသားအယောက် ၅ဝ လောက်ကို တပ်ရိက္ခာတွေ ထမ်းခိုင်းခဲ့တယ်လို့ ကရင်နီ လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ခမရ ၅၇၅ စစ်ကြောင်းဟာ ရှားတောမြို့နယ် တငူးဆို (ထင်းရှူးတောင်) မှာ အခြေစိုက်နေထိုင်တဲ့ ခမရ ၃၃၂ နဲ့ ပြီးခဲ့တဲ့ အပတ်က တပ်အလဲအလှယ် လုပ်ခဲ့ပါတယ်။

ကရင်နီ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ခူးညေးရယ်က “ပြီးခဲ့တဲ့အပတ်က သူတို့တွေ တပ်လဲကြတော့ သူတို့ရိက္ခာတွေကို ၂ လ၊ ၃လ အတွက် သိမ်းထားချင်တယ် ထင်တယ်။ အဲဒါ ရွာသားတွေကို တရွာ ၁ဝ ယောက် ခေါ်ယူတယ်” လို့ ပြောပါတယ်။

http://burmese.dvb.no/archives/11923

No comments:

Post a Comment