ondragstart="return false" onselectstart="return false"

Tuesday, July 19, 2011

ထိုင်းရဟတ်ယဉ် တစင်းပျက်ကျ တစင်း ပစ်ချခံရ

ဘိတ်ထားဝယ် ဒေသတွင် ယခုလ ၁၆ ရက်နေ့ က ထိုင်းသစ်တောကို စစ်ဆေးရန်ပျံသန်းနေသော ရဟတ်ယဉ်တစင်း ရာသီဥတုဆိုးဝါးမှုကြောင့် ပျက်ကျသွားတယ်လို့ စုံစမ်းသိရှိရပါတယ်။ အဆိုပါရဟတ်ယဉ်ထဲတွင် ထိုင်းအရာရှိတစ်ဦးအပါအ၀င် ငါးဦးသေဆုံးတယ်ဆို့ သိရပါတယ်။

၎င်းသေဆုံးသူများကို ပြန်လည်သယ်ဆောင်ရန်အတွက် သွားသော ဒုတိယ ရဟတ်ယဉ်မှာ ယနေ့  နေ့ လယ်တွင် အပစ်ချခံရတယ်လို့ ဆိုပါတယ်။ ဗမာ့တပ်မတော်မှ ပစ်ချတယ်လို့  စုံစမ်းသိရှိရပါတယ်။ ရှေးယခင်ကလည်း မြန်မာနယ်စပ်ကိုကျွံဝင်လာသော ထိုင်းကင်းလည့် ရဟတ်ယဉ်ကို ဗမာ့တပ်မတော်မှ ပစ်ချခဲ့တဲ့သဓာက တွေရှိပါတယ်။ အရင်က ပစ်ချခံခဲ့ရတဲ့ထိုင်းရဟတ်ယဉ်ဟာ မြန်မာရှေးတန်းစခန်းတွေ ရှိတဲ့ ဒေသအနီးတွေမှာ ထိုးကျရာမှာ ဗမာ့တပ်မတော်ဖက်မှ ထိုလေယဉ်စအနများကို အကုန်လုံး ဖျောက်ပစ်လိုက်ပါတယ်။ ယနေ့ အချိန်အထိ ဘယ်သူမှ ထိုလေယဉ်ရဲ့ အစအနတွေကို ရှာဖွေမတွေ့ ရှိသေးပါဘူး..

ဗိုလ်ချူပ်မြ အသက်ရှင်စဉ်ကာလက ဗမာ့တပ်မတော်ရဲ့ ရှေးတန်းစခန်းတစ်ခုဖြစ်တဲ့ ဘုရင့်နောင်ကုန်းစခန်းကို KNLA မှ တစ်ခါတိုက်ခိုက်သိမ်းပိုက်ပါသေးတယ်။ ထိုစခန်း သိမ်းပွဲတိုက်ပွဲတွင်ပါဝင်သော တပ်မှုးငယ်တစ်ဦး(ယခုတတိယနိုင်ငံ)မှ ကျနော်တို့ ပြောဆိုရာမှာ " ကျနော်တို့ အဲဒီစခန်းကို တက်တိုက်ဒါ ဘာမှမဟုတ်ပါဘူးကွ.. ထိုင်းအစိုးရက သူတို့ အပစ်ချခံရတဲ့ လေယဉ်က အဲဒီကုန်းမှာရှိတယ်. ဗမာစစ်တပ်က လေယဉ်အစအနတွေကို ဖွဲ့ ထားတယ်ဆို လို့ အဖိုးကြီး(ဗိုလ်ချူပ်မြ)ကို အပူလာကပ်ဒါနဲ့  အဲဒီစခန်းကို ရအောင်ကျနော်တို့ တိုက်ပေးရတယ် လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီဘုရင့်နောင်ကုန်းစခန်းဝန်းကျင်မှာ လေယဉ်အစအနတွေ ကျနော်တို့ ရှာမတွေ့ လို့  စခန်းကို မီးရှို့ ပြန်လာတယ်" လို့ ဆိုပါတယ်။

ယခုရဟတ်ယဉ်နှစ်စင်းပျက်ကျရာမှာ သတင်းထောက်နှစ်ဦးအပါအ၀င် သေဆုံးသူ အားလုံး ၉ဦး ရှိတယ်လို့ သိရပါတယ်။

ယခုပစ်ချခံရတဲ့လေယဉ်လည်း ဗမာ့တပ်မတော်မှ သူတို့ နဲ့ မဆိုင်သလို နေအုံးမယ့်ပုံပဲလို့  စစ်ရေးလေ့လာသူတစ်ဦး ကျနော်တို့ ကို ပြောပါတယ်။


Type the rest of your post here.

2 comments:

Anonymous said...

တိုက်ပွဲတွေဖြစ်လာပြီဆိုရင် ထိုင်းမြေထဲကို ထွက်ပြေးတဲ့ ဒုက္ခသည်တွေကို လိုက်ရှာပြီး ဒုက္ခပေးနှင်ထုတ်တတ်တဲ့ ထိုင်းစစ်တပ်တွေပါ။

စစ်ဖြစ်နေတဲ့အချိန်မှာ ဖြတ်ပျံလာတဲ့လေယဉ်ပျံဆိုရင် အပစ်ချခံရတတ်တယ် ဆိုတာ သိသိကြီးနဲ့ ထွက်တဲ့နောက်တော့ အပစ်ချခံရတာ နဲတောင်နဲသေးတယ်...

a said...

ပေါက်တတ်ကရ သတင်းတွေကို ခိုင်လုံမှု မရှိပဲနဲ့ လျှောက်လျှောက်တင်မနေပါနဲ့ သောသီခိုရယ် ... သေချာလဲ ပြန်လေ့ လာဆန်းစစ်ပြီးမှ သတင်းဆိုတာ တင်လို့ ကောင်းတာပါ ... ဖတ်ရတဲ့ သူတွေအတွက်က အာရုံနောက်နောက်လွန်းလို့ ။

Post a Comment