ondragstart="return false" onselectstart="return false"

Friday, July 15, 2011

မြန်မာစစ်တပ်မှ ကချင်အမျိုးသမီး ၇ ဦးကို ပေါ်တာဆွဲ

Thursday, 14 July 2011 16:24 KNG

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မြန်မာစစ်တပ်က အမျိုးသမီး ၇ ဦး နှင့် အမျိုးသား ၁ ဦးတို့ကို စစ်တပ်ရိက္ခာသယ်ယူရန်အတွက် အဓ္ဓမ ပေါ်တာဆွဲခေါ်ထားကြောင်း ဒေသခံများပြောသည်။

နမ္မတူမြို့နယ်မှ ခမရ ၃၂၄ က နမ္မတူမြို့နယ်တွင်းရှိ ဘန်ဝါရွာသား ၈ ဦးကို ဇူလှိုင်လ ၁၂ ရက်နေ့ နံနက် ၉ ခွဲချိန်တွင် အတင်းအဓ္ဓမခေါ်ဆောင်သွားသည်ဟုဆိုသည်။

အမျိုးသမီးများမှာ ဒေါ်လထော်နန်ရွယ်၊ ဒေါ်ဖာဘွန်လု၊ ဒေါ်ဖာဘွန်ကော့၊ မအင်ခွမ်ဂျီးမိုင်၊ မလထော်နူးဆန့်၊ ဒေန်နန်ခေါန်၊ ဒေါ်တန်ဘော်ရွယ်တို့ဖြစ်ပြီး အမျိုးသားတစ်ဦးမှာ ဦးအင်ဒေါမာလောန်တို့ဖြစ်သည်။

၎င်းရွာသားများ ယခုအချိန်ထိ အိမ်ပြန်ရောက်လာခြင်း မရှိသေးကြောင်းသိရသည်။

ထို့အတူ နမ္မတူမြို့နယ် မုန်းရင်းရွာ (မိုင်းရင်း)မှ အသက်လတ်ပိုင်း အမျိုးသမီး ၂၀ ကိုလည်း ခမရ ၃၂၄ က အဓ္ဓမခေါ်ဆောင်သွားရာ ယခုချိန်ထိ ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်း သိရသည်။
http://kachinnews.com/burmese/news/504-2011-07-14-10-56-54.html

No comments:

Post a Comment