ondragstart="return false" onselectstart="return false"

Tuesday, July 19, 2011

ကချင်ဒေသ အစုလိုက် အပြုံလိုက် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခံရမှု ဗီဒီယိုဖိုင် အပိုင်း ၃ နဲ့  ၎

ဗီဒီယိုဖိုင်ထဲက ကြားရ မြင်ရဒါလေးတွေကို ကောက်နှုတ်ရေးထားပေးပါသည်။
ခေတ်အဆက်ဆက် သမိုင်းနဲ့ ချီပြီး လွယ်လွယ်ပြောပြီး ကတိဖျက်တဲ့ လူတွရဲ့အကြောင်းကို တိုင်းရင်းသားများ ကြည့်ပြီး သင်္ခန်းစာယူကြပါ။


"ကေအိုင်အေ တပ်မဟာ ၄ တပ်ခွဲ ၉ မှ တပ်ကြပ် ဒေါင်ခေါ် တပ်သားဇော်ပေါက် တပ်သားနောင်ခွန် တပ်သားရတုတို့  သိစေအပ်ပါသည်။ သင်တို့ သည် ငြိမ်းချမ်းရေးတပ်၏ တန်ဝန်များကို ထမ်းဆောင်ရင်း ၂၂ ရက် ၃ လ ၂၀၀၁ ရက်နေ့ တွင် အမှတ် ၁၆ စစ်ဆင်ရင်းကွပ်ကဲမှုအောက် ရှေးတန်းအမှတ် ၂၄၂ ခြေလျင်တပ်ရင်း စစ်ကြောင်း ၂ နှင့် တွေ့ ဆုံ ရာမှ သင်တို့ ၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း ကျဆုံးခဲ့ရပါသည်။ သင်တို့ ကျဆုံးသွားသဖြင့် သင်တို့ ၏ မိသားစု တပ်ဖွဲ့ ဝင်များနှင့်အတူ တပ်မတော်မှလည်း ၀မ်းနည်းကြရပါသည်။ နောင် ယခုလို ငြိမ်းချမ်းရေးကို ထိခိုက်စေမည့် ၀မ်းနည်းစရာအဖြစ်မျိုးများ နောင်ထပ်မှာ မကြုံတွေ့ စေရန် ကျနုပ်တို့ ခေါင်းဆောင်များ ဆွေးနွေးလုပ်ဆောင်ကြရမည်ဖြစ်ပြီး ထ၀ရ ငြိမ်းချမ်းရေး ကို တည်ဆောက်သွားပါမည်။ သင်တို့ သွားရန်သုဂတိလမ်းပါစေ။ တပ်ရင်းမှူး ရှေ့ တန်းအမှတ် ၃၂၃ ခြေမြန်တပ်ရင်း။ ၁၈၊ ၀၃၊ ၂၀၀၁။

တပ်မတော်နှင့်ကေအိုင်အေ ထ၀ရ ငြိမ်းချမ်းပါစေ။
မငြိမ်းချမ်းသေးသော ငြိမ်းချမ်းရေး၏ သားကောင်များ စစ်မီးလျှံများချုပ်ငြိမ်းပါစေ"






Type the rest of your post here.

No comments:

Post a Comment