မဲဆောက်-မြဝတီတံတားပြန်ဖွင့်နိုင်ရေး အတိုက်ခံအဖွဲ့ကိုနှိမ်နင်းရန် ထိုင်းကို မြန်မာ ဖိအားပေး
တာ့ခရိုင်ဝန် စံမလွိုင်ဖားလည်း လေယဉ်ပျံနဲ့ အတူ ဒိုင်ပင်ထိုးကြည့်ချင်ပြီနဲ့ တူတယ်။ :D
Published on July 26, 2011 by နော်နိုရင်း
မဲဆောက်-မြဝတီတံတား ပြန်လည်ဖွင့်ဖို့အတွက် ထိုင်းနိုင်ငံ တာ့ခရိုင်မှာရှိတဲ့ အတိုက်အခံအဖွဲ့ အထူးသဖြင့် ကေအန်ယူကို နှိမ်နင်းပေးဖို့နဲ့ ဒုက္ခသည်စခန်းတွေကို ရှင်းလင်းဖို့ မြန်မာအစိုးရက ထိုင်းကိုတောင်းဆိုကြောင်း တာ့ခရိုင်ဝန် စံမလွိုင်ဖားက ပြောပါတယ်။
ထိုင်း-မြန်မာ အဓိက ကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်တဲ့ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားကို မြန်မာဘက်က ပိတ်ထားတာ တနှစ်ကျော်ကြာခဲ့ပါပြီ။
တံတား ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ထိုင်းအစိုးရဘက်က ကြိုးစားနေချိန်မှာ မြန်မာအစိုးရက ထိုင်းနိုင်ငံ တာ့ခရိုင်ထဲက မြန်မာအတိုက်အခံ နိုင်ငံရေးအဖွဲ့တွေနဲ့ ဒုက္ခသည်စခန်းတွေကို ရှင်းလင်းပေးဖို့ တောင်းဆိုတာလာတာဖြစ်ပါတယ်။
မြန်မာအစိုးရက အချက်သုံးချက်တောင်းဆိုတယ်လို့ တာ့ခရိုင်ဝန် စံမလွိုင်ဖားက မနေ့ကပြုလုပ်တဲ့ တပ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ရဲ့ အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“မြန်မာဘက်က တာ့ခရိုင်ကနေတဆင့် တောင်းဆိုလာတာက ထိုင်းအစိုးရဖြစ် ဖြစ်စေ၊ တာ့ခရိုင်ဖြစ်စေ အချက်သုံးချက်ကို ရှင်းလင်းအောင်လုပ်ပေးဖို့တောင်းဆိုပါတယ်။ ပထမအချက်က ဒုက္ခသည်စခန်းကိစ္စပါ။ မြန်မာအစိုးရမြင်တာက ဒုက္ခသည်စခန်းတွေဟာ လူမျိုးစု လက်နက်ကိုင်တွေရဲ့ ခိုလှုံရာနေရာဖြစ်တယ်။ စခန်းတွေကနေ မြန်မာပြည်ဘက်ပြန်ပြီး မြန်မာအစိုးရကို ဒုက္ခပေးနေတာဖြစ် တယ်။ အဲဒါကို ရှင်းပေးဖို့။ ဒုတိယအချက်က လွန်ခဲ့တဲ့ နှစ်သုံးနှစ်က ရန်ကုန်မြို့မှာ ဗုံးဖောက်ခွဲခဲ့တဲ့ သူတွေဟာ မဲဆောက်မှာရှိနေတယ်လို့ ဗမာအစိုးရက အကြောင်းပြတယ်၊ အဲဒီလူတွေကိုဖမ်းပေးရမယ်။ အချက် ၃ ကတော့ ကေအန်ယူက ခေါင်းဆောင်တွေဟာ တပ်ခရိုင်ထဲမှာနေတယ်၊ အထူးသဖြင့် မဲဆောက်မှာ ၁၀ ယောက်ထက်မနည်းရှိနေတယ်။ အဲဒီလူတွေကို ဖမ်းဆီးပေးဖို့ တောင်းဆိုထားပါတယ်။”
တာ့ခရိုင်ဝန်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ်က “ဆက်နွှယ်မှုကတော့ ကေအန်ယူအနေနဲ့ ဘာမှ ထိုင်းနယ်မြေကို အသုံးချတာမှ မရှိတာ။ ကိုယ့်နယ်မြေထဲကိုယ်နေ ကိုယ့်နယ်မြေထဲကိုယ်လှုပ်ရှားနေတာ။ ကရင်တွေတော့ ရှိတယ်။ အဲဒါတွေက ထိုင်းကကရင်တွေ၊ အဲဒါကို ကေအန်ယူလို့ ထင်နေလားမသိဘူး။ နအဖဘက်က၊ ဦးသိန်းစိန် အစိုးရဘက်က။ ဒီမှာရှိတာက ထိုင်းကရင်တွေလည်း ရှိတယ်။ ကေအန်ယူက တခါတလေ ဆေးဝါးကုသဖို့လောက်ပဲ သွားတာလာတာ ရှိတာပေါ့။ ဒုက္ခသည်မှာလည်း ကေအန်ယူဆိုတာ မရှိပါဘူး။ နအဖရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပြေးလာတဲ့လူတွေပဲ ရှိတာပဲ။ ဟိုဘက်မှာ ငြိမ်းချမ်းမယ်ဆိုရင်တော့ ဒုက္ခသည်တွေလည်း ပြန်မှာပဲ” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေမှာ လူမျိုးစုလက်နက်ကိုင်တွေ ခိုလှုံနေတယ်လို့ မြန်မာဘက်ကစွပ်စွဲပြီး ဒုက္ခသည်စခန်းတွေကို ဖယ်ရှားဖို့ တောင်းဆိုချက်နဲ့ပတ်သက်လို့လည်း အခုလိုပြောပါတယ်။
“ကမ္ဘာ့စံချိန်၊ စံညွှန်းတွေအရ၊ ဒုက္ခသည်တွေ ပြန်ဖို့ဆိုတာက တဖက်မှာ ပဋိပက္ခမဖြစ်အောင် ငြိမ်းချမ်းမှု အပြည့်အဝ ရှိရမယ်။ ဒုက္ခသည်ကလည်း ဆန္ဒအရပြန်တာ ဖြစ်ရမယ်။ အခုကိစ္စတွေက ဦးသိန်းစိန်အစိုးရ မတရားစွပ်စွဲတာတွေပဲ ဖြစ်တယ်။ သူတို့အနေနဲ့ ဒါငဲ့ညှာပြီးတော့ ဆောင်ရွက်မှ ဖြစ်မှာပေါ့။ ဖြစ်သလို လျှောက်လုပ်မယ့် အစိုးရတော့ မဟုတ်ဘူးထင်တယ်။ ဒီ ဒုက္ခသည်တွေကို မတရား မောင်းထုတ်လို့ မရဘူး။ ဒီထိုင်းဆိုတာက နိုင်ငံတကာရဲ့ စံချိန်စံညွှန်းနဲ့ နိုင်ငံတကာ ဥပဒေကို လေးစားတဲ့ နိုင်ငံတခုဖြစ်တယ်။”
မဲဆောက်-မြဝတီတံတားမပိတ်ခင်က ဒီလမ်းကြောင်းကတဆင့် လစဉ် ထိုင်းကုန် ဘတ်ငွေ သန်းငါးထောင်ဖိုးလောက် မြန်မာဘက်တင်ပို့သလို မြန်မာဘက်က သွင်းကုန် ဘတ်သန်း နှစ်ထောင်ဝန်းကျင်လောက် ထိုင်းဘက်ကို ပြန်တင်သွင်းနေတာဖြစ်ပါတယ်။
http://burmese.dvb.no/archives/13250
No comments:
Post a Comment