ondragstart="return false" onselectstart="return false"

Wednesday, July 13, 2011

အစိုး​ရက ရှမ်း​ပြည်တပ်မ​တော်ကို ဗုံး​ကြဲ

ညီနောင်ရှမ်းအမျိုးသားတို့ လက်နက်ကြီးတွေ ဗုံးတွေ မိုးလိုရွာကျရင် အရူးလုပ်ပြီး အသေခံပြီးခံတိုက်မနေကြနဲ့ ။ အခြေအနေအရ လိုအပ်ရင် ရွေ့ လျားခံစစ်စနစ်ကို အသုံးပြုပြီး တဖက်မှာ ပျောက်ကြားစစ်၊ ပျောက်ကြားချေမှုန်းရေး စစ်ဗျူဟာကို မြင့်တင်ပါ။ မြေပြင်မှာ စနိုက်ဖယ်တပ်တွေကို ထွင်ကျယ်စွာ အသုံးပြုပါ။ ခံစစ်အသေမထားရင် သူတို့ လေယဉ်တွေ သုံးစားလို့ မရတော့ဘူး.. မြေပြင်မှာ ပျောက်ကြားစစ်နည်းဗျူဟာဖြင့် ရန်သူကို ကောက်စားပါ ညီနောင်တို့ .....

by နန်းမြနဒီ

ရှမ်း​ပြည်နယ်​မြောက်ပိုင်း​မှာ ရှမ်း​ပြည်တပ်မ​တော်နဲ့​ အစိုး​ရတပ်​တွေအကြား​တိုက်ပွဲမှာ အစိုး​ရတပ်ဘက်က အမ်အိုင်ဂျီ ၂၆ လို့​ ယူဆရတဲ့​ တိုက်​လေယာဉ်နဲ့​ ဗုံး​ ၁၀ လုံး​ခန့်​ ကြဲချသွား​တယ်လို့​ ရှမ်း​ပြည်တပ်မ​တော် ​ပြောခွင့်​ရသူ စိုင်း​လောဝ်ဆိုင်က ​ပြောပါတယ်။

အက်စ်အက်စ်​အေတပ်ဖွဲ့​တွေနဲ့​ အစိုး​ရတပ် ခလရ ၂၈၆၊​ ၂၈၇ တို့​နဲ့​ ဝမ်ဟိုင်း​ဌာနချုပ်ဝန်း​ကျင် ဝမ်ဆိုင်း​တောင်၊​ ဝမ်ကိုင်ဖရွာအနီး​မှာ ဒီမနက်က​နေ အခုထိ ဆက်လက်ဖြစ်ပွား​နေတုန်း​ပဲလို့​ သူက ​ပြောပါတယ်။

စိုင်း​လောဝ်ဆိုင်က “မ​နေ့​က သူတို့​ထိုင်ထား​တဲ့​ ​ရှေ့​တန်း​စခန်း​ကို ကျ​နော်တို့​က သိမ်း​ဆည်း​ရမိပါတယ်။ သူတို့​က အခု​ပြောတဲ့​ (ဝမ်ဆိုင်း​) ​တောင်​ကြောဘက်ကို ဆုတ်ခွာပါတယ်။ ကျ​နော်တို့​တပ်​တွေက လိုက်ရင်း​နဲ့​ ပိတ်ထား​တဲ့​သ​ဘောဖြစ်ပါတယ်။ သူတို့​ကိုကူညီဖို့​အတွက် ဒီ​နေ့​မွန်း​လွဲပိုင်း​ တနာရီ​ကျော်​လောက်မှာ ​ဝေဟင်က​နေ အမ်အိုင်ဂျီ ၂၆ အမျိုး​အစား​ တိုက်​လေယာဉ်လို့​ယူဆရတဲ့​ ​လေယာဉ်နှစ်စင်း​နဲ့​ ကျ​နော်တို့​ အက်စ်အက်စ်​အေတပ်​တွေကို ဗုံး​ ၁၀ လုံး​ကြဲသွား​တယ်” လို့​ ​ပြောပါတယ်။

ထိခိုက်ကျဆုံး​စာရင်း​ အစီရင်ခံစာ မ​ရောက်​သေး​ဘူး​လို ဆိုပါတယ်။

အပစ်ရပ် ရှမ်း​ပြည်တပ်မ​တော် (​မြောက်ပိုင်း​) က အစိုး​ရရဲ့​ တပ်အသွင်​ပြောင်း​ရေး​ စီမံချက်ကို မလိုက်နာတဲ့​တပ်ဖွဲ့​ဝင်​တွေဟာ ဝမ်ဟိုင်း​ဌာနချုပ်မှာ အ​ခြေပြုပြီး​ ရှမ်း​ပြည်တပ်မ​တော် (​တောင်ပိုင်း​) နဲ့​ ပူး​ပေါင်း​ခဲ့​ပြီး​ ဖြစ်ပါတယ်။

အစိုး​ရတပ်​တွေက ဝမ်ဟိုင်း​ဌာနချုပ်အ​ခြေပြု ရှမ်း​ပြည်တပ်မ​တော်နဲ့​ ဒီနှစ်ဆန်း​ကတည်း​က ဆက်တိုက်တိုက်ပွဲဖြစ်​နေတာပါ။

ကေအိုင်​အေနဲ့​ ဖြစ်တဲ့​ တိုက်ပွဲ​တွေမှာ အစိုး​ရက အပစ်ရပ်​ရေး​ ကိုယ်စား​လှယ် ​စေလွှတ်​ပေမယ့်​ ရှမ်း​တပ်မ​တော်နဲ့​ဖြစ်တဲ့​ တိုက်ပွဲ​တွေရပ်ဖို့​ ကိုယ်စား​လှယ် ​စေလွှတ်တာ မရှိပါဘူး။

1 comment:

Anonymous said...

It it important to control the area but it is more important to save your people. If you lose your people, you lose land and supporter both.

Post a Comment