ondragstart="return false" onselectstart="return false"

Wednesday, July 20, 2011

ကချင် တောင်ပိုင်းတိုက်ပွဲတွင် မြန်မာ တပ်ရင်းမှူး ၁ ဦးနှင့် တပ်သား ၃ ဦးကျ

Wednesday, 20 July 2011 10:06 KNG


လိုင်ဇာ ဗဟိုဌာနချုပ် အနီးတွင် နေရာယူထားတဲ့ KIA စစ်သားတစ်ဦး။ ဓါတ်ပုံ-ကချင်သတင်းဌာန

ကချင်ပြည်နယ်တောင်ပိုင်း မန်မော်(ဗန်းမော်)ခရိုင်မန်ဂျေ (မံစီ) မြို့နယ်တွင် ဇူလိုင် ၁၉၊ အင်္ဂါနေ့နံနက်တိုက်ပွဲ ဖြစ် ပွားရာ မြန်မာအစိုးရဘက် တပ်ရင်းမှူး ၁ ဦး နှင့် တပ်သား ၃ ဦး ကျဆုံးသည်ဟုကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) အရာရှိများ ပြောသည်။

မိုးမိတ်(မုန်းမိတ်)နယ်မြေခံ ခမရ ၃၄၈ နှင့် ဗိုလ်မှူး ဇော်ဂမ်ဦးဆောင်သည့် မန်ဂျေဒေသမှ KIA တပ်ရင်း ၁၂ တို့သည် မဘိန်းအနီး၊ ခါချင်ရွာ အနီးတွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ကြသည်ဟု ဌာနချုပ်လိုင်ဇာ မှ KIA အရာရှိများပြောသည်။

မြန်မာစစ်တပ်မှ သေနတ် ၃ လက်ကိုလည်း KIA သိမ်းဆည်းရရှိသည်ဟု ဆက်ဆိုသည်။

ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် နယ်နိမိတ်ကြား ဇူလိုင် ၁၆ ရက် ကတည်းက နှစ်ဖက်တပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု မန်ဂျေဒေသခံများပြောသည်။

ဇူလိုင် ၁၈၊ တနင်္လာနေ့က နှစ်ဖက်စစ်ဖြစ်နေချိန် KIA ဒု-တပ်ကြပ် လတောင် အား အစိုးရစစ်တပ်မှ လက်နက်နှင့်အတူ အရှင် ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့သည်ဟု KIA တပ်ရင်း ၁၂ က ဆိုသည်။

ယခုကဲ့သို့ မြန်မာစစ်သားများ ကျဆုံးပြီးနောက်လည်း ထိုဒေသတွင် ညနေပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု မန်ဂျေဒေသခံများပြောသည်။

မြန်မာနိုင်ငံအနှံ့ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့် မြန်မာအစိုးရကြား စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးမှုမရှိလျှင် အပစ်မရပ်ရန် ဒေသအသီးသီးမှ ကချင်လူထုကိုယ်စားလှယ်များက KIO ထံ အကြံပြုဆွေးနွေးသွားကြသည့် ဇူလိုင် ၁၂-၁၃ လိုင်ဇာအစည်းအဝေးအပြီး KIO ကြေညာချက် ထွက်ပေါ်လာပြီးနောက် မြန်မာစစ်တပ်နှင့် KIA ကြား တိုက်ပွဲ အရှိန် မြှင့်လာသည်။

ဆက်လက်၍ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ အရပ်ဖက် စစ်ဖက် ခေါင်းဆောင်များ ဇူလိုင် ၁၈ ရက်မှစတင်ကာ အရေးပါသောအစည်းအဝေးတစ်ခု လိုင်ဇာဌာနချုပ်တွင် ၂ ရက်ကြာ ကျင်းပခဲ့သည်။
http://kachinnews.com/burmese/news/514-2011-07-20-04-42-02.html

1 comment:

Anonymous said...

KNG သတင်းကိုအဟုတ်ထင်ပြီးမတင်နဲ့..သတင်းအမှန်တွေသိပ်မပါဘူး..
ကေအင်ဂျီကနိုင်ငံရေးလုပ်တာမဟုတ်ဘူး..လူမျိုးရေးလုပ်နေတာ..လူမျိုးရေးဆိုဒ်ဟုတ်တယ်..

Post a Comment