ondragstart="return false" onselectstart="return false"
Friday, July 29, 2011
ကေအိုင်​အေကို ​သောင်း​ကျန်း​သူအဖြစ် ရှုတ်ချသည့်​ဆွေး​နွေး​ပွဲ ပြုလုပ်
ဒီလိုပွဲမျိုးတွေက ဟာသကြီးဖြစ်မနေဘူးလား... လူလိုသေးရင်လည်းပြောပါ.. ကျနော်တို့ ဝိုင်းအော်ကူပါ့မယ်။
Published on July 29, 2011 by ဒီဗွီဘီ
ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော် (​ကေအိုင်​အေ) အဖွဲ့​ကို အပစ်ရပ်စဲ​ရေး​ပြုလုပ်ဖို့​ ပြည်နယ်အစိုး​ရအ​နေနဲ့​ ကမ်း​လှမ်း​တာ​တွေလုပ်​ပေမယ့်​ ​ကေအိုင်​အေအဖွဲ့​က ဥပက္ခာပြုပြီး​ လမ်း​၊​ တံတား​တွေ ဖျက်ဆီး​နေတဲ့​အတွက် ​သောင်း​ကျန်သူအဖြစ် သတ်မှတ်ရှုတ်ချတဲ့​ ​ဆွေး​နွေး​ပွဲ​တွေကို ဇူလိုင် ၂၇၊​ ၂၈ ရက်​တွေက မြစ်ကြီး​နား​မြို့​မှာ ကျင်း​ပသွား​တယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။
အဲဒီ​ဆွေး​နွေး​ပွဲ​တွေကို ကချင်ပြည်နယ် ပြည်နယ်ဝန်ကြီး​ချုပ်ရုံး​က ဦး​ဆောင်ပြုလုပ် ​နေတာဖြစ်ပြီး​ ဝန်ကြီး​ချုပ် ကိုယ်တိုင်​တော့​ မတက်ဘဲ ဝန်ကြီး​အဆင့်​ကသာ တက်​ရောက်​ကြောင်း​၊​ အခုလ ၂၇ ရက်​နေ့​က မြစ်ကြီး​နား​၊​ ယုဇနရပ်ကွက်က ​ရွှေပြည့်​စံ စား​သောက်ဆိုင်ခန်း​မမှာ ပြုလုပ်ခဲ့​ပြီး​ ဒုတိယအကြိမ်အဖြစ် မြို့​တော်ခန်း​မမှာ မ​နေ့​က ကျင်း​ပသွား​တယ်လို့​ ဝန်ထမ်း​တွေနဲ့​ နီး​စပ်သူ မြစ်ကြီး​နား​မြို့​ခံက အခုလို ​ပြောပါတယ်။
“မြစ်ကြီး​နား​မြို့​တော်ခန်း​မမှာ ​သောင်း​ကျန်း​သူ ရှုတ်ချပွဲဆိုပြီး​ ပြန်လုပ်တယ်။ ပြည်နယ်ဝန်ကြီး​ချုပ်ရုံး​က ဦး​ဆောင်တယ်လို့​ ​ပြောတယ်။ ပြည်နယ် ဝန်ကြီး​တွေပါတယ်၊​ ဝန်ကြီး​ချုပ်လည်း​ မပါဘူး​။ ဝန်ကြီး​တွေက သဘာပတိ တလှည့်​စီ လုပ်သွား​တယ်။ ရပ်မိရပ်ဖ​တွေ ​ခေါ်လို့​ရှိရင် ​တောင်​ပြော ​မြောက်​ပြောနဲ့​ မဟုတ်တာ​တွေ ပါသွား​မှာ စိုး​လို့​တဲ့​၊​ အဲဒါ​ကြောင့်​ စိတ်ချရတဲ့​သူ၊​ ဘာမှ မ​ပြောမဆိုတဲ့​သူ သူတို့​သ​ဘောအတိုင်း​ လိုက်ပြီး​မှ လက်ညှိုး​ထောင်မယ့်​သူ အင်အား​ ၃ဝ ​လောက်နဲ့​ လုပ်သွား​တယ်​ပြောတယ်။ ပထမရက်လုပ်တဲ့​ဟာက အင်အား​ ရဝ ​လောက်ရှိတယ်တဲ့​။”
မြောက်ပိုင်း​တိုင်း​စစ်ဌာနချုပ်က စစ်ဖက်အရာရှိ​တွေ​တောင် လာ​ရောက်ခြင်း​မရှိတဲ့​ အဲဒီစည်း​ဝေး​ပွဲ​တွေကို စည်း​လုံး​ညီညွတ်​ရေး​နှင့်​ ဒီမိုက​ရေစီပါတီ၊​ ကြံ့​ခိုင်​ရေး​ပါတီတို့​မှ စည်း​ရုံး​ရေး​မှူး​တွေ၊​ အစိုး​ရဌာနဆိုင်ရာမှ အရာရှိ​တွေသာ တက်​ရောက်ခဲ့​ကြ​ကြောင်း​ အဲဒီ မြစ်ကြီး​နား​မြို့​ခံက ​ပြောပါတယ်။
အခုအခါ ​ကေအိုင်​အေနဲ့​ မြန်မာအစိုး​ရစစ်တပ်​တွေအကြား​ တိုက်ပွဲဖြစ်လာ ကတည်း​ကစလို့​ ​ဒေသခံလူထုမှာ ကျီး​လန့်​စာစား​ ​နေထိုင်စား​သောက်​နေရပြီး​ စီး​ပွား​ရေး​ လုပ်ငန်း​များ​ ထိခိုက်​နေပါတယ်။
ပြည်တွင်း​စစ်ပွဲ​တွေ ကြီး​မား​ကျယ်ပြန့်​လာမှာကို စိုး​ရိမ်ပြီး​ နှစ်ဖက်အပစ်ရပ်စဲရန် ​ဒေသခံလူထု​တွေ လိုလား​နေချိန်မှာ ​ကေအိုင်​အေအဖွဲ့​အ​ပေါ် ​သောင်း​ကျန်း​သူအဖြစ် သတ်မှတ်တဲ့​ စည်း​ဝေး​ပွဲ​တွေကို ကချင်ပြည်နယ် ဝန်ကြီး​ချုပ်ရုံး​က ပြုလုပ်ခဲ့​တာပါ
http://burmese.dvb.no/archives/13396
7 comments:
Anonymous said...
ဒီအချက်တွေကစဉ်းစားစရာပါဘဲ..ဘယ်လိုဘဲဖြစ်ဖြစ်ကိုယ့်ဖက်ကမမှားဖို့တော့လိုတယ်..တံတားတွေဖျက်ဆီးထားတော့ကချင်ပြည်သူလူထုအတွက်လမ်းပန်းဆက်သွယ်ရေးဟာအတော်လေးကိုခက်ခဲနေပါတယ်..စုဆောင်းရေးဆိုပြီးလူငယ်တွေရဲ့ဆန္ဒမပါဘဲ..ဖြားယောင်းသွေးဆောင်ပြီးအတင်းအဓ္မလက်နက်ကိုင်တော်လှန်ရေးလုပ်ခိုင်းတာတွေဟာလူ့အခွင့်အရေးနဲ့မညီညွတ်ပါဘူး.. ဒါတွေအတွက်ဆိုသောင်းကျန်းသူအဖွဲ့ဆိုလည်းမမှားပါဘူး..လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့သူတွေဟာသူများရဲ့ဖျားယောင်းသွေးဆောင်မှုကြောင့်မဟုတ်ဘဲ.ကိုယ့်လူမျိုး၊ကိုယ့်ဒေသလွတ်လပ်ရေးရဖို့အတွက်အဓိကရည်ရွယ်ချက်တွေနဲ့တော်လှန်ရေးတိုက်ပွဲဆင်နွဲမယ်ဆိုရင်ဘယ်သူကမှာဖြိုခွဲနိုင်မှာမဟုတ်ပါဘူး..
Anonymous said...
ကချင်တွေ ရွားသားတွေကို ပေါ်တာမဆွဲဘူး။ မိန်းမတွေကို မုဒိန်းမကျင့်ဘူး၊ ပြည်သူတွေပစ္စည်းလုမစားဘူး။ ဒါတွေနဲ့ ဆန့်ကျင်ဖက် လုပ်တဲ့ကောင်တွေကို ကျတော့ ဘယ်လိုခေါ်မလဲ မင်းတို့ခေါ်တဲ့ သောင်းကျန်းသူတွေနဲ့ ပိုဆိုးနေတော့ တိရိစ္ဆာန်တွေလို့ခေါ်ရင် အဆင်ပြေမယ်
Anonymous said...
အပေါ်ဆုံး ကွန့် မက်က သူလိုရာသူဆွဲရေးသွားတယ် ဟားဟား.. လာပါအုံးမယ် ရှူံချပွဲဆိုပြီး လူတွေ ကို မတက်မနေရဆိုပြီး သေနတ်နဲ့ ဆင့်ခေါ်အုံးမယ်။ လိုင်ဇာကို သွားမယ့်တံတားတွေ အားလုံးခွဲသင့်ပါတယ်။ ဒါ စစ်ရေးပဲ. လမ်းတံတားမခွဲလည်း ခွေးဗမာ့တပ်မတော်က ပေါ်တာခိုင်း လူတွေကို ဒုက္ခပေးနေတာပါပဲလေ။
Anonymous said...
Anonymous said...
စစ်ဗျူဟာအရ လုပ်သင့်တာရှိတာကို လုပ်ရမှာဖြစ်ပါတယ်... ယခင် ကရင်ခံတပ်ကြီးတွေရှိခဲ့စဉ်က အဲဒီခံတပ်ပစ်မှတ်ကို အလုံးအရင်းနဲ့ တက်လာ မယ့်လမ်းကြောင်းကို ဖြတ်တောက်တဲ့အနေနဲ့ တံတားတွေမှာ ဖြတ်တောက်တာမျိုးတွေရှိခဲ့ပါတယ်... ပျောက်ကျားစံနစ်နဲ့တိုက်တဲ့အခါကျတော့ တံတားတွေ ဖြတ်တောက်ရမယ့် ပြဿနာ မရှိတော့ပါဘူး...
လိုင်ဇာလို မြို့ကြီးတွေ... အခြားခံတပ်တွေဆီကို အလုံးအရင်းနဲ့ဝင်လာမှာကို ကာကွယ်တဲ့အနေနဲ့ တံတားကို ဖြတ်တောက်တာဟာ ရွေးချယ်စရာ ခံစစ်ဗျူဟာတွေ အများကြီးထဲက တခုသာလျှင်ဖြစ်ပါတယ်...
လက်နက်ကိုင် တော်လှန်ရေးလုပ်တယ်ဆိုပြီး ကိုယ့်အသက်ကို ပစ်စလက္ခ မစတေးရပါဘူး... အဲဒီလိုစတေးခြင်းဟာ လူသားငယ်ကို စားချင်လို့လုယူတဲ့ ဘီလူးမထုံးကျင့်သုံးတဲ့ စစ်အစိုးရရဲ့ အာဏာရူးမူဝါဒသာဖြစ်ပါတယ်... ခွေးဘီလူးစစ်အာဏာရှင်တွေကို လက်နက်ကိုင်တော်လှန်တဲ့ တော်လှန်ရေးသမားကြီးတစ်ဦးရဲ့ အသက်ဟာ အင်မတန်မှ တန်ဖိုးကြီးလှပါတယ်...
အဓိကဟာ ခွေးဘီလူး စစ်အာဏာရှင် အစိုးရကို မြန်မာ့မြေပေါ်ကနေရှင်းလင်း သုတ်သင်ဖို့ဖြစ်ပါတယ်... တံတားဆိုတာ ဖျက်ပြီး အချိန်မရွေးပြန်ဆောက်လို့ရပါတယ်... တံတားပျက်လို့ လောလောဆယ်စိတ်ညစ်ကြရပေမယ့် စစ်အာဏာရှင်တွေ ကျဆုံးတဲ့ ပျော်ရွှင်ရမယ့်နေ့ကို မျှော်လင့်အားခဲထားကြတာကတော့ အင်မတန်မှ လေးစားချစ်ခင်စရာကောင်းတဲ့ ကချင်ပြည်သူတွေရဲ့ စိတ်ဓါတ်ဖြစ်ပါတယ်...
Anonymous said...
ကချင်ဓါးကွ
Anonymous said...
KIO လုပ်ရပ်မှန်တယ်။ တံတားတွေဖျက်ဒါ စစ်ရေးကွ. ဗမာ့တပ်မတော်က မုဒိန်းကျင့်တယ် ရွာမီးရှို့ တယ် လူသတ်တယ် ခွေး ၀က်ကြက် အကုန်ခိုးစားတဲ့ကောင်တွေဆိုတော့ လက်ခံစရာအကြောင်းမရှိဘူး။
ဒည၀တီသား
Post a Comment