ondragstart="return false" onselectstart="return false"

Saturday, October 22, 2011

အာရပ်​နွေဦး​နှင့်​ မြန်မာပြည်

ဆောင်း​ပါး​ရှင် David I Steinberg သည် ​ဂျော့​တောင်း​တက္ကသိုလ်၊​ အာရှ ​လေ့​လာ ​ရေး​ဌာနက ပါ​မောက္ခဖြစ်ပြီး​၊​ မြန်မာနှင့်​ ​မြောက်ကိုရီး​ယား​အ​ရေး​ ကျွမ်း​ကျင်သူအဖြစ် လူသိများ​သည်)

အာရပ်​နွေဦး​လို့​ ​ခေါ်တဲ့​ အ​ရှေ့​အလယ်ပိုင်း​က အာဏာရှင်ကို ဆန့်​ကျင်တဲ့​ ​တော်လှန်​ရေး​တွေရဲ့​ ​အောင်မြင်မှု​တွေ၊​ ရုန်ကန်း​ဆဲ ​တော်လှန်​ရေး​တွေဟာ အာရပ် စကား​ပြောတဲ့​ နိုင်ငံ​တွေရဲ့​ အပြင်ဘက်ကိုလည်း​ ရိုက်ခတ်သွား​ပါတယ်။

အာရပ်​နွေဦး​ရဲ့​ ​တော်လှန်​ရေး​တွေ အား​လုံး​ကို ကြည့်​မယ်ဆိုရင် ​အောက်​ခြေက စလာတဲ့​ အ​ပြောင်း​အလဲ​တွေပါပဲ၊​ ဆိုး​ရွား​တဲ့​ နိုင်ငံ​ရေး​နဲ့​ လူမှု​ရေး​ အထိန်း​အချုပ်​တွေ၊​ စီး​ပွား​ရေး​မညီမျှမှုအ​ပေါ်မှာ စိတ်ပျက်​နေတဲ့​ ပြည်သူလူထုဆီက​နေ စခဲ့​တဲ့​ အ​ပြောင်း​အလဲ​တွေပါ။

အား​လုံး​သိကြတဲ့​အတိုင်း​ ဒီ​တော်လှန်​ရေး​တွေဟာ ကျူနီး​ရှား​နိုင်ငံက လမ်း​ဘေး​ ​ဈေး​သည်​လေး​တ​ယောက်က မိမိကိုယ်ကို ​သေ​ကြောင်း​ကြံရာ​နေ စခဲ့​ပြီး​ နိုင်ငံ ၆ ခုဆီကို ပျံ့​နှံ့​သွား​ခဲ့​ပါတယ်။ အဲဒီနိုင်ငံ​တွေမှာ စစ်မှန်တဲ့​ အ​ပြောင်း​အလဲ၊​ အပြုသ​ဘော​ဆောင်တဲ့​ အ​ပြောင်း​အလဲ​တွေ ဖြစ်​တော့​မယ်ဆိုတဲ့​ ​မျှော်လင့်​ချက်​တွေဟာ အဲဒီ​ဒေသက နိုင်ငံ​တွေသာမက ကမ္ဘာကြီး​ရဲ့​ တခြား​အရပ်​တွေဆီကို ကူး​စက်သွား​ခဲ့​ပါတယ်။ ဒီလှုပ်ရှား​မှု​တွေရဲ့​ အင်အား​တွေအ​ပေါ်မှာ အား​ကျကြပါတယ်။

တချို့​က​တော့​ ဒီအာဏာရှင်​တွေကို ​တော်လှန်တဲ့​ ဒီမိုက​ရေစီလှိုင်း​တွေဟာ အ​ရှေ့​အလယ်ပိုင်း​ ​ဒေသက​နေ နယ်​ကျော်ပြီး​ တခြား​အာဏာရှင်နိုင်ငံ​တွေကိုလည်း​ ရိုက်ခတ်​တော့​မယ်ဆိုတဲ့​ စဉ်း​စား​ချက်​တွေလည်း​ ရှိလာကြပါတယ်။ မြန်မာနဲ့​ ​မြောက်ကိုရီး​ယား​ဆိုရင် မီဒီယာ​တွေမှာ ကျယ်ကျယ်ပြန့်​ပြန့်​ ​ဖော်ပြခံရတဲ့​ နိုင်ငံ​တွေပါ။

ဒီနှစ်​နွေမှာ မြန်မာပြည်ကို အလည်အပတ်သွား​တဲ့​ ထင်ရှား​တဲ့​ အ​မေရိကန် တ​ယောက်က အာရပ်​နွေဦး​ဟာ မြန်မာပြည်ကိုလည်း​ ရိုက်ခတ်မယ်လို့​ မှတ်ချက် ​ပေး​ပါတယ်။ ဒါ​ပေမယ့်​ သူ့​အမြင်ဟာ မြန်မာပြည်ရဲ့​ ထူး​ခြား​ချက်ကို လျစ်လျူရှုထား​ပါတယ်။ အဲဒါက​တော့​ မြန်မာပြည်မှာ ​အောက်​ခြေကစတဲ့​ ​တော်လှန်​ရေး​တွေ လတ်တ​လောမှာ ဖြစ်နိုင်​ချေ မရှိဘူး​ဆိုတာပါပဲ။

တော်​တော်များ​များ​မျှော်လင့်​ထား​တာက အစိုး​ရသစ်​ခေါ်​ခေါ်၊​ စစ်တပ်က ထိန်း​ချုပ်ထား​တဲ့​ လက်ရှိ အစိုး​ရလက်ထက်မှာ သိသာတဲ့​ အ​ပြောင်း​အလဲ​တွေ မ​ပေါ်​ပေါက်နိုင်ဘူး​ ဆိုတာပါပဲ။ အစိုး​ရသစ် ဆိုတာကလည်း​ စည်း​ကမ်း​ပြည့်​ဝ​သော ဒီမိုက​ရေစီအတွက် ဆိုပြီး​ အပြစ်အနာ​တွေ ပြည့်​နေတဲ့​ ​ရွေး​ကောက်ပွဲနဲ့​ ပုံပျက်ပန်း​ပျက် ဖန်တီး​ထား​တဲ့​ အဖွဲ့​ဖြစ်ပါတယ်။

ဒါ​ပေမယ့်​ အဲဒီအစိုး​ရလက်ထက်မှာ အ​ရေး​ကြီး​တဲ့​၊​ အ​ပေါင်း​လက္ခဏာ ​ဆောင်တဲ့​ တိုး​တက်မှုတချို့​ ​တွေ့​လာရသလို ​နောက်ထပ် လုပ်မယ်လို့​ ကတိ​ပေး​ထား​တာ​တွေလည်း​ ရှိလာပါတယ်။

ဒီလို အ​ပေါင်း​လက္ခဏာ​တွေ ရှိလာတယ်ဆို​ပေမယ့်​ အ​ရေး​ကြီး​တဲ့​ အာဏာ ဘယ်မှာရှိ​နေသလဲ ဆိုတဲ့​ အချက်ကို​တော့​ ဖုံး​ဖိထား​လို့​ မရပါဘူး​။ စစ်တပ်က သူတို့​ အာဏာတည်မြဲ​ရေး​ အစီအမံ​တွေနဲ့​ ဖွဲ့​စည်း​ပုံအသစ်ကို ​ရေး​ဆွဲခဲ့​ပါတယ်။ ဒါ​ပေမယ့်​ အရပ်သား​ ပုံစံ၊​ တစုံတရာ အများ​ဆန္ဒကို အ​ခြေခံတဲ့​စနစ်၊​ အများ​ဆန္ဒကို တာဝန်ခံတဲ့​ စနစ်လို့​ ​ပြောလို့​တော့​ ရပါတယ်။

အာရပ်​နွေဦး​နဲ့​ မတူတာက မြန်မာပြည်က အ​ပြောင်း​အလဲ​တွေဟာ အထက်က လာတဲ့​ အ​ပြောင်း​အလဲ​တွေ ဖြစ်ဖို့​များ​ပါတယ်။ အရပ်ဝတ်လဲထား​တဲ့​ စစ်​ခေါင်း​ဆောင်တစုဟာ အာဏာကို ဆက်ထိန်း​ထား​ဖို့​ဆိုရင်၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​မှာ တစုံတရာ လွတ်လပ်ခွင့်​ပေး​ရမယ်၊​ နိုင်ငံ​ရေး​မှာလည်း​ ပြည်သူ့​ဆန္ဒ အ​ပေါ်မှာ အ​ခြေခံတဲ့​ပုံစံမျိုး​အတိုင်း​အတာတခုအထိ ​ခေတ်မီ​အောင်လုပ်ရမယ် ဆိုတာကို ​နောက်ကျမှ သိလာပုံရပါတယ်။

မြန်မာပြည်မှာ ​အောက်​ခြေက စတဲ့​တော်လှန်​ရေး​တွေ ​ပေါ်​ပေါက်ခဲ့​ဖူး​ပါတယ်။ ၁၉၈၈ လူထု​တော်လှန်​ရေး​ဆိုရင် တပါတီ ဆိုရှယ်လစ်စစ်တပ် ကြီး​စိုး​တဲ့​ အစိုး​ရကို ဆန့်​ကျင်ခဲ့​ပေမယ့်​ ​နောက်ထပ် စစ်တပ်အာဏာသိမ်း​မှုတခုမှာ အဆုံး​သတ်ခဲ့​ရ ပါတယ်။ ၂၀၀၇ ခုနှစ် ​ရွှေဝါ​ရောင်​တော်လှန်​ရေး​ ဆိုရင်လည်း​ အစပိုင်း​မှာ ဘုန်း​တော်ကြီး​တွေ ဦး​ဆောင်ခဲ့​ပြီး​၊​ ကျယ်ပြန့်​ပြီး​ အ​ရေး​ပါတဲ့​ ဆန္ဒပြမှု​တွေပါပဲ၊​ ​တော်လှန်​ရေး​လို့​တော့​ မ​ခေါ်နိုင်ပါဘူး​။ ဒီလှုပ်ရှား​မှုဟာလည်း​ နိုင်ငံ​ရေး​ လှုပ်ရှား​မှု အသွင်​ဆောင်လာတဲ့​အခါမှာ ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွင်း​တာ ခံလိုက်ရပါတယ်။

သမိုင်း​ကြောင်း​ ပြန်​ကောက်ရရင် ​ခေတ်သစ်မှာ အ​ရှေ့​အာရှ​ဒေသက ဒီမိုက​ရေစီ ဆိုတာ ​အောက်​ခြေက​နေ စတဲ့​ လူထု လှုပ်ရှား​မှု​တွေက​နေ ​ပေါ်​ပေါက်လာတာက များ​ပါတယ်။ ဥပမာဆိုရင် ဖိလစ်ပိုင်မှာ ၁၉၈၆ ခုနှစ် လူထုစွမ်း​အား​ လှုပ်ရှား​မှုနဲ့​ ဖာဒီနန် မား​ကို့​စ်ကို ဖြုတ်ချခဲ့​ပါတယ်။

တောင်ကိုရီး​ယား​မှာ ၁၉၈၇ ခုနှစ် ငြိမ်း​ချမ်း​စွာဆန္ဒပြမှု​တွေနဲ့​ အာဏာရှင် ချန်ဒူး​ဝမ် အစိုး​ရကို ဖြုတ်ချခဲ့​ပါတယ်။ ထိုင်း​မှာဆိုရင်လည်း​ စစ်တပ်ကို ဆန့်​ကျင်တဲ့​ ဆန္ဒပြမှု​တွေ အကြိမ် ​ပေါင်း​များ​စွာ ဖြစ်ခဲ့​ပါတယ်။ ၁၉၉၈ ခုနှစ်မှာ အင်ဒိုနီး​ရှား​မှာ ဆူဟာတိုကို ဖြုတ်ချခဲ့​တာလည်း​ ​အောက်​ခြေက​နေ စလာတဲ့​ လူထုလှုပ်ရှား​မှု​တွေပါပဲ။

ထိုင်ဝမ် သမ္မတ​ဂျောင်ဂျင်ဂွာ တ​ယောက်ပဲ သူ့​အစိုး​ရကို အသက်ဆက်ရှင်​အောင် ထိန်း​ထား​နိုင်ပြီး​ အ​ပြောင်း​အလဲ​တွေ လုပ်ဖို့​ လိုတယ်၊​ လုပ်ရမယ့်​ အချိန်​ရောက်ပြီး​ ဆိုတာကို အသိအမှတ်ပြုခဲ့​၊​ နိုင်ငံ​ရေး​ အ​ပြောင်း​အလဲ​တွေကို အထက်က​နေ ​အောက်ကို ချ​ပေး​တဲ့​ ပုံစံမျိုး​နဲ့​ လုပ်​ဆောင်ခဲ့​ပါတယ်။

မြန်မာပြည်က ဖြစ်နိုင်တဲ့​ အ​ပြောင်း​အလဲ​တွေ အ​ပေါ်မှာလည်း​ ​တော်​တော်များ​များ​က မ​မျှော်လင့်​ခဲ့​သ​လောက်ပါပဲ။ ပြည်တွင်း​က လူ​တွေက​တော့​ ဆိုး​ရွား​လှတဲ့​ တိုင်း​ပြည်မှာ ဖြစ်နိုင်​ချေရှိတဲ့​ နိုင်ငံ​ရေး​နဲ့​ စီး​ပွား​ရေး​ အ​ပြောင်း​အလဲ​တွေကို ဖြည်း​ဖြည်း​ချင်း​ဖြစ်လာဖို့​ ​စောင့်​ရမယ်လို့​ ယူဆလာပုံရပါတယ်။

အစိုး​ရက စီး​ပွား​ရေး​ အ​ပြောင်း​အလဲ​တွေကို လုပ်ဖို့​ ပြင်​နေပါတယ်။ တိုင်း​ပြည်ဆင်း​ရဲတာကို ရာစုနှစ်ဝက်ကြာမှ ပထမဆုံး​အကြိမ်အဖြစ် တရား​ဝင် ဝန်ခံလာပါတယ်။ အဂတိ လိုက်စား​မှုကို ပြဿနာတရပ်အဖြစ် အသိအမှတ် ပြုလာပါတယ်။

လူ့​အခွင့်​အ​ရေး​ကိစ္စ​တွေ ​ဆွေး​နွေး​လာပါတယ်။ လူနည်း​စု​တွေရဲ့​ အ​ရေး​အရာ​တွေကို နည်း​နည်း​ပါး​ပါး​ ​ပြောလို့​ဆိုလို့​ ရလာပါတယ်။ ဆင်ဆာဖြတ်တာ​တွေလည်း​ ​လျှော့​လာပါတယ်။ အလုပ်သမား​သမဂ္ဂ​တွေ ဖွဲ့​စည်း​ခွင့်​ ပြုလာပါတယ်။ ပြည်သူ​တွေ လက်မခံတဲ့​ တရုတ်ရဲ့​ ဧရာမ စီမံကိန်း​ကြီး​ကိုလည်း​ သမ္မတက ဆိုင်း​ငံ့​ လိုက်ပါတယ်။ နိုင်ငံ​ရေး​ အကျဉ်း​သား​ ဆိုတာ မရှိပါဘူး​လို့​ တ​လျှောက်လုံး​ ​ပြောလာရာက​နေ တချို့​ကို လွှတ်​ပေး​လိုက်ပါတယ်။ ပြည်ပ​ရောက် မြန်မာ​တွေကို ပြန်လာဖို့​ ဖိတ်​ခေါ်ပါတယ်။ တချို့​လည်း​ မရဲတရဲနဲ့​ ပြန်သွား​နေတာလည်း​ ရှိပါတယ်။

ဒါ​ပေမယ့်​ ဒီအ​ပြောင်း​အလဲ​တွေဟာ အကြမ်း​တော့​မခံပါဘူး​၊​ အ​ကြောင်း​က​တော့​ ဒီအ​ပြောင်း​အလဲ​တွေ​ကြောင့်​ ထိပ်ပိုင်း​ စစ်အရာရှိ​တွေ၊​ သူတို့​ အ​ပေါင်း​ပါ​တွေ အပါအဝင် ​တော်​တော်များ​များ​ကို ထိခိုက်လို့​ ဖြစ်ပါတယ်။ ဒီလူ​တွေက​တော့​ လမ်း​ဟောင်း​အတိုင်း​ လိုက်ဖို့​ပဲ ပိုသ​ဘော ​တွေ့​ကြပါတယ်။

ဒါ​ကြောင့်​ မြန်မာပြည်အ​ခြေအ​နေက စိုး​ရိမ်မယ်ဆို စိုး​ရိမ်စရာ​တွေ​တော့​ ရှိပါတယ်။ အစိုး​ရအဖွဲ့​သစ်က သက်တမ်း​နု​သေး​၊​ မ​ရေမရာ အ​ခြေအ​နေမှာပဲ ပြုပြင်​ပြောင်း​လဲပါမယ်လို့​ ​ပြောထား​တာ​တွေကို အ​ကောင်အထည် ​ဖော်ရမှာ​တွေလည်း​ ရှိ​နေပါတယ်။ ပြည်သူ​တွေက​တော့​ စစ်တပ်က ထိန်း​ချုပ်ထား​တဲ့​ လမ်း​ကြောင်း​နဲ့​ဖြစ်ဖြစ် သူတို့​အတွက် အနာဂတ်ရှိ မလား​၊​ မရှိဘူး​လား​ဆိုတာကို စဉ်း​စား​ကြတာပါပဲ။ ဒါ​ပေမယ့်​ အချိန်ကာလ သတ်မှတ်ချက်က​တော့​ မ​သေချာပါဘူး​၊​ အကယ်၍ အ​ပြောင်း​အလဲ​တွေ တကယ်လုပ်လာပြီး​၊​ ပြည်သူ​တွေရဲ့​ ဘဝ​တွေ တိုး​တက်လာတယ် ဆိုရင်​တောင်မှ အဆုံး​အဖြတ် အာဏာဟာ စစ်တပ်ဆီမှာ ​သေချာတဲ့​ အချိန်ကာလတခုထိ ရှိ​နေပါဦး​မယ်။ ဒါ​ပေမယ့်​ တခြား​ နိုင်ငံ​တွေကို ကြည့်​မယ်ဆိုရင်လည်း​ ပြည်သူ​တွေ ဘဝ တိုး​တက် ​ကောင်း​မွန်ဖို့​ ​ရေမ​ရောတဲ့​ ဒီမိုက​ရေစီ စစ်စစ်ကြီး​ မလိုပါဘူး​။ မြန်မာပြည်အတွက် မ​ဝေး​တော့​တဲ့​ အနာဂတ် ရည်မှန်း​ချက်ဟာလည်း​ ဒီအတိုင်း​ပဲ လက်​တွေ့​ဖြစ်လာဖို့​ များ​ပါတယ်။

ဒါ​ကြောင့်​ ပြင်ပကမ္ဘာအ​နေနဲ့​ ဒီအ​ပြောင်း​အလဲ​တွေအ​ပေါ်မှာ ထင်​ယောင် ထင်မှား​နဲ့​ အလွန်အကျွံ ​မျှော်လင့်​ချက်​တွေ ကင်း​ကင်း​နဲ့​ ဆက်ပြီး​ တွန်း​အား​ပေး​သင့်​ပါတယ်။ မြန်မာပြည်မှာ ဆီရီး​ယား​တို့​၊​ ရီမင်တို့​မှာလိုမျိုး​ စိတ်မ​ကောင်း​စရာ ​သေကြရမယ့်​ အ​ခြေအ​နေမျိုး​ မဖြစ်​အောင် ​ရှောင်သင့်​ပါတယ်။ အခု​လောက်ဆိုရင် မြန်မာစစ်တပ်ကလည်း​ အ​ရှေ့​အလယ်ပိုင်း​က သင်ခန်း​စာ​တွေကို နား​လည်​နေ​လောက်ပါပြီ။ အဲဒီက​တော့​ အစိုး​ရက အ​ပြောင်း​အလဲကို မလုပ်ရင် ပြည်သူ​တွေက အ​ပြောင်း​အလဲကို သူတို့​ဖာသာ အတင်း​လုပ်ယူကြမယ် ဆိုတာပါပဲ။ အများ​က ဆန္ဒရှိတဲ့​ ​တော်လှန်​ရေး​ပုံစံနဲ့​ မဟုတ်ရင်​တောင် အ​ပေါင်း​လက္ခဏာ ​ဆောင်တဲ့​ အ​ပြောင်း​အလဲ ဖြစ်​အောင် ပြည်သူ​တွေက သူတို့​ဘာသာ ဖန်တီး​ယူကြမှာ ​သေချာပါတယ်။

(www.atimes.com မှာ ​ဖော်ပြခဲ့​သည့်​ The Arab Spring and Myanmar ​ဆောင်း​ပါကို ဆီ​လျော်​အောင် ဘာသာပြန်ပါသည်)
http://burmese.dvb.no/archives/16831

No comments:

Post a Comment