ondragstart="return false" onselectstart="return false"

Wednesday, October 19, 2011

တနှစ်ခွဲ ကချင် ကလေးငယ် အား မြန်မာအစိုးရတပ်မှပစ်သတ်

by KNG

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အပေါ်ထိုးစစ်အတွင်း ကချင်ကလေးငယ်တစ်ဦးအား မြန်မာအစိုးရတပ်က ပစ်သတ်လိုက်သည်ဟု ကလေးမိဘနှင့် နီးစပ်သူများပြောသည်။

အသက် ၁ နှစ် ၅ လအရွယ် မ ရှောင်လတ် (ဘ) လဗျယော်ထုံ (Labya Yaw Htung) (မိ) ခကိုင် (Hka Kai) အား အောက်တိုဘာ ၁၃ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ရွှေကူနယ်မြေခံ ခလရ (၅၆) က ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

မန်မော်(ဗန်းမော်)ခရိုင် မန်ဂျေ(မံစီ)မြို့နယ် ကောင်ရာကျေးရွာတွင် ယင်းသို့ ဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။

ခလရ(၅၆) တပ်က ကလေးမိဘပိုင်ပစ္စည်းဥစ္စာများကို သိမ်းယူပြီးနောက် အိမ်ကိုပါ မီးရှို့လိုက်သည်ဟု ကလေးမိဘနှင့် နီးစပ်သူများ ဆက်ပြောသည်။

တစ်ရက်ထဲတွင် မြစ်ကြီးနား-မန်မော်လမ်းပေါ် အသက် (၃၅) နှစ်ရှိ ကချင်အမျိုးသား မဂျီဇော်ခေါင်အား ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင်နယ်မြေခံ ခမရ (၃၂၁)တပ်က မေ့မြော သွားသည်အထိ ရိုက်နက်ကာ ၎င်းစီးနင်းလာသည့် မော်တော်ဆိုင်ကယ်၊ တင်ဆောင်လာသည့်ပစ္စည်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ကိုပါ ခမရ (၃၂၁) က သိမ်းယူသွားသည်ဟု မိသားစုဝင်တစ်ဦးပြောသည်။

ဇော်ခေါင်သည် မြစ်ကြီးနားမြောက်ဘက် ၁၀ မိုင်ရွာသားဖြစ်ကာ ကျပန်း အလုပ်သမားဖြစ်သည်ဟု ပြောသည်။

ယခုအခါ မြန်မာအစိုးရထိန်းချုပ်ဒေသနှင့် စစ်ပွဲဇုံအတွင်းမှ ပြည်သူများသည် မြန်မာအစိုးရတပ်က ဖမ်းဆီးနှိပ်စက်၊ အဓ္ဓမပြုကျင့်၊ အဓ္ဓမလုပ်အားခိုင်းစေမည်ကို ကြောက်ရွံ့နေကြသည်။

ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် အခြားလူမျိုးများထက် ကချင်အမျိုးသားများကို ပို၍ ပစ်မှတ်ထားသည်ဟု ဒေသခံ ကချင်အဖွဲ့အစည်းများက ဆိုသည်။
http://kachinnews.com/burmese

No comments:

Post a Comment