ondragstart="return false" onselectstart="return false"

Tuesday, October 11, 2011

ဦး​သိန်း​စိန် အစိုး​ရ တိုင်း​ပြည်ငြိမ်း​ချမ်း​ရေး​ကိစ္စ ဘယ်လို အ​ကောင်အထည်​ဖော်​နေလဲ

October 10, 2011 by တိုင်းကျော်

ပြီး​ခဲ့​တဲ့​ ​အောက်တိုဘာ (၃) ရက်​နေ့​က လား​ရှိုး​မြို့​မှာ ဝတပ်ဖွဲ့​ခေါင်း​ဆောင်​တွေနဲ့​ ဦး​သိန်း​စိန်အစိုး​ရရဲ့​ ငြိမ်း​ချမ်​ရေး​ဖော်​ဆောင်​ရေး​အဖွဲ့​တို့​ ​တွေ့​ဆုံပြီး​ သ​ဘောတူညီချက်တချို့​ လက်မှတ်​ရေး​ထိုး​ခဲ့​ကြပါတယ်။ ဒီ သ​ဘောတူညီချက်နဲ့​ ပတ်သက်ပြီး​ အစိုး​ရပိုင်သတင်း​စာ​တွေမှာ အချက်အလက်တချို့​ ​ရေး​ပြထား​ပေမယ့်​ အဲဒီမှာ ​ဖော်ပြမထား​တဲ့​ တကယ့်​ အ​ခြေခံအချက်က​တော့​ (၃) ချက်ပဲ ရှိပါတယ်။ အဲဒါက​တော့​ ဝတပ်ဖွဲ့​တွေဟာ သူတို့​ လက်နက်​တွေ သူတို့​ ဆက်ကိုင်ထား​နိုင်မယ်၊​ သူတို့​ နိုင်ငံ​ရေး​အဖွဲ့​အစည်း​နဲ့​ စစ်​ရေး​အဖွဲ့​အစည်း​ ဆက်လက် ရပ်တည်ခွင့်​ရှိမယ်၊​ သူတို့​ ၀ နယ်​မြေကို သူတို့​ဘာသာသူတို့​ ဆက်လက် စီမံအုပ်ချုပ်ခွင့်​ရမယ် ဆိုတဲ့​ အချက်​တွေပဲ ဖြစ်ပါတယ်။ တကယ်​တော့​ ဒါဟာ အထူး​အဆန်း​ မဟုတ်ပါဘူး​။ ၀ တပ်ဖွဲ့​အ​နေနဲ့​ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီက​နေ ခွဲထွက်ပြီး​ခဲ့​စဉ် အဲဒီ အချိန်တုန်း​က စစ်အစိုး​ရ နဲ့​ ရရှိခဲ့​တဲ့​ သ​ဘောတူညီချက် အတိုင်း​ပဲ ဖြစ်ပါတယ်။ သ​ဘောတူညီချက်မှာ ပါတဲ့​ အခြား​အချက်​တွေက​တော့​ ၀ နယ်ထဲ အစိုး​ရဝန်ထမ်း​တွေ ပြန်ပို့​မယ်၊​ ၀ နယ်ပြင်ပမှာ ၀ အဖွဲ့​အစည်း​ စီး​ပွား​ရေး​လုပ်ငန်း​တွေ ပြန်လုပ်ခွင့်​ပေး​မယ် ဆိုတာပါပဲ။ ခြုံပြီး​ ​ပြောရရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေလက်ထက် နယ်ခြား​စောင့်​တပ်ဖွဲ့​ရေး​ ကိစ္စ ဖိအား​မ​ပေး​ခင်က အ​ခြေအ​နေအတိုင်း​ပဲ ဖြစ်ပါတယ်။

ဒီ​နေရာမှာ ထူး​ခြား​ချက်အ​နေနဲ့​ ​ပြောရရင် ၀ တပ်ဖွဲ့​ကို ရှမ်း​ပြည်နယ်အစိုး​ရ ကိုယ်စား​လှယ် အဖွဲ့​နဲ့​ ​တွေ့​ပြီး​ မကြာခင် ပြည်​ထောင်စုအစိုး​ရ ကိုယ်စား​လှယ်​တွေနဲ့​ မြန်မြန်ဆန်ဆန် ​တွေ့​ခွင့်​ရ၊​ မြန်မြန်ဆန်ဆန် ငြိမ်း​ချမ်း​ရေး​ စာချုပ် ချုပ်ဆိုနိုင်ခဲ့​တဲ့​ အချက်ဖြစ်ပါတယ်။ ဒီ အချက်ကိုကြည့်​ရင် ဦး​သိန်း​စိန်အစိုး​ရဟာ တိုင်း​ပြည်မှာ ငြိမ်း​ချမ်း​ရေး​ ဖြစ်​ပေါ်ဖို့​ တကယ်ပဲ လိုလား​နေလို့​လား​၊​ ဒါမှမဟုတ် တိုင်း​ရင်း​သား​လက်နက်ကိုင် တပ်ဖွဲ့​တွေကို တဖွဲ့​ကို ပုံစံတမျိုး​ ဆက်ဆံပြီး​ ခွဲခြား​ချေမှုန်း​ဖို့​လား​ ဆိုတာ ​မေး​စရာ ဖြစ်လာပါတယ်။

တကယ်ဆို ဒီထက် အ​စောပိုင်း​ကတည်း​က ကချင်ပြည်နယ် အစိုး​ရအဖွဲ့​နဲ့​ ​ကေအိုင်​အေ တပ်ဖွဲ့​တို့​ ​တွေ့​ဆုံခဲ့​ကြတာ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ ပြည်​ထောင်စု အစိုး​ရအဆင့်​နဲ့​တော့​ ​တွေ့​ဆုံခွင့်​ မ​ပေး​ခဲ့​ပါဘူး​။ အခြား​တဖက်မှာလည်း​ အစိုး​ရတပ်​တွေအ​နေနဲ့​ ​ကေအိုင်​အေ နယ်​ခြေထဲ ချဉ်း​နင်း​ဝင်​ရောက်တာ စစ်​ရေး​အရ ရန်စ ကျူး​ကျော်တာ​တွေ လုပ်ပါတယ်။ ​ဆွေး​နွေး​ပွဲနဲ့​ ပတ်သက်ရင်လည်း​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေမှာပါတဲ့​အတိုင်း​ နိုင်ငံမှာ လက်နက်ကိုင် တပ်မ​တော်တခုတည်း​ ရှိရမယ် ဆိုတဲ့​ မူနဲ့​ပဲ ​ဆွေး​နွေး​မယ်။ နယ်ခြား​စောင့်​ တပ်ဖွဲ့​စည်း​ရေး​ ဖိအား​ပေး​တာကို လက်မလွှတ်​သေး​ဘူး​ ဆိုတဲ့​ မူနဲ့​ ချဉ်း​ကပ်ခဲ့​တဲ့​အတွက် ​ဆွေး​နွေး​ပွဲ​တွေ အလုပ်မဖြစ်ခဲ့​တာ ဖြစ်ပါတယ်။ အခု​တော့​ ​ကေအိုင်​အေ တပ်ဖွဲ့​တွေရှိတဲ့​ ​နေရာတိုင်း​လိုလို​လောက်မှာ တိုက်ပွဲ​တွေ ဖြစ်​နေပါပြီ။ တကယ်​တော့​ လက်ရှိ ၀ အဖွဲ့​ကို ​ပေး​တဲ့​ အခွင့်​အ​ရေး​အတိုင်း​ ​ကေအိုင်​အေကို ​ပေး​ရင် ကချင်ပြည်နယ်နဲ့​ ရှမ်း​ပြည်နယ်မှာ ငြိမ်း​ချမ်း​ရေး​ မရစရာ အ​ကြောင်း​မရှိပါဘူး​။

အလား​တူပါပဲ၊​ နိုင်ငံ​တောင်ဘက် အခြမ်း​မှာလည်း​ ​ကေအန်ယူ (ကရင်အမျိုး​သား​အစည်း​အရုံး​) ဟာ အစိုး​ရနဲ့​ အပစ်အခတ်ရပ်စဲ ငြိမ်း​ချမ်း​ရေး​လုပ်ဖို့​ အမြဲ အသင့်​ရှိ​နေခဲ့​တာပါ။ ​ဆွေး​နွေး​ပွဲ​တွေလည်း​ အကြိမ်ကြိမ် လုပ်ခဲ့​ဖူး​ပါတယ်။ ဒါ​ပေမယ့်​ တကြိမ်မှ ငြိမ်း​ချမ်း​ရေး​ မရခဲ့​ပါဘူး​။ ​ကေအန်ယူ အဖွဲ့​ကိုသာ အစိတ်စိတ် အမြွှာမြွှာပြိုကွဲ​အောင် ဖြိုခွဲတဲ့​ အလုပ်​တွေ လုပ်ခဲ့​တာ ဖြစ်ပါတယ်။ တကယ်လို့​သာ ၀ အဖွဲ့​ကို ​ပေး​တဲ့​ အခွင့်​အ​ရေး​အတိုင်း​ ကိုယ့်​လက်နက်ကိုင်တပ်ကို ကိုယ် ထိန်း​ချုပ်ခွင့်​၊​ ကိုယ့်​နိုင်ငံ​ရေး​အဖွဲ့​အစည်း​နဲ့​ ကိုယ်ရပ်တည်ခွင့်​၊​ ကိုယ့်​နယ်​မြေကို ကိုယ်စီမံခန့်​ခွဲ အုပ်ချုပ်ခွင့်​ စတာ​တွေသာ ရမယ်ဆိုရင် လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​များ​စွာကတည်း​က ကရင်ပြည်နယ်မှာ ​သေနတ်သံ​တွေ တိတ်ဆိတ်​နေမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ခု​တော့​ တိုင်း​ရင်း​သား​ လက်နက်ကိုင် တပ်ဖွဲ့​တွေဟာလည်း​ အရင်ဘယ်တုန်း​ကနဲ့​ မတူ​အောင် နိုး​ကြား​လာပါပြီ။ တကယ်လို့​ ငြိမ်း​ချမ်း​ရေး​အတွက် ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ လုပ်မယ်ဆိုရင် တပ်​ပေါင်း​စုက တဆင့်​သာ လုပ်မယ် ဆိုတဲ့​ မူကို ချမှတ်ထား​ပြီး​ အစိုး​ရကိုလည်း​ ဒီအတိုင်း​ အ​ကြောင်း​ပြန်ထား​ကြပါတယ်။

အရင်တုန်း​ကလို တဖွဲ့​ချင်း​ ​သွေး​ခွဲ​ချေမှုန်း​တာမျိုး​ကို လက်မခံ​တော့​ဘူး​ ဆိုတဲ့​ သ​ဘောမျိုး​ ဖြစ်ပါတယ်။ ​နောက် အ​ရေး​ကြီး​တဲ့​ အချက်တချက်ကလည်း​ ရှိ​နေပြန်ပါ​သေး​တယ်။ အဲဒါက​တော့​ အစိုး​ရနဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင် တပ်ဖွဲ့​တွေအကြား​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ​တွေ လုပ်ရင် ​ဒေါ်​အောင်ဆန်း​စုကြည်က လိုအပ်ရင် ဝင်ပါ​ပေး​မယ် ဆိုတာကို လက်ခံထား​ကြခြင်း​ပါ။

တကယ်​တော့​ တိုင်း​ပြည်မှာ ပြည်တွင်း​စစ်ဖြစ်​နေ​သေး​သ​ရွေ့​ နိုင်ငံဖွံ့​ဖြိုး​တိုး​တက်​ရေး​ကို ဘယ်လိုမှ အ​ကောင်အထည်​ဖော် လုပ်ကိုင်နိုင်မှာ မဟုတ်ဘူး​ ဆိုတာ သမ္မတ ဦး​သိန်း​စိန်က​ရော သူ့​ရဲ့​ နိုင်ငံ​ရေး​အကြံ​ပေး​ အဖွဲ့​တွေကပါ ဝန်ခံခဲ့​ပြီး​ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ တကယ့်​တကယ် လက်​တွေ့​ အစိုး​ရ တာဝန်ယူထား​တဲ့​ စစ်ဗိုလ်ချုပ်​ဟောင်း​တွေက​ရော လက်ရှိ စစ်တပ်တာဝန်ယူထား​သူ​တွေကပါ ဒီလို တကယ်ငြိမ်း​ချမ်း​ချင်ရဲ့​လား​ဆိုတာ ပြည်တွင်း​ပြည်ပ အား​လုံး​က သံသယ ရှိ​နေကြပါတယ်။

အ​ကြောင်း​က​တော့​ စစ်အာဏာရှင်​တွေဟာ နှစ်​ပေါင်း​ ၅၀ နီး​ပါး​ မြန်မာနိုင်ငံကို ပုံစံအမျိုး​မျိုး​နဲ့​ အုပ်ချုပ်ခဲ့​ကြပြီး​ ပြည်တွင်း​စစ် သက်ဆိုး​ရှည်မှသာ တိုင်း​ပြည်ကို အုပ်ချုပ်လို့​ရမယ် ဆိုတဲ့​ အ​တွေး​အ​ခေါ်နဲ့​ ပြည်တွင်း​စစ်ကို ​မွေး​မြူထား​ခဲ့​လို့​ ဖြစ်ပါတယ်။ အခုလည်း​ အရင်စစ်အာဏာရှင်​တွေကပဲ သူတို့​ဘာသာ ပြဋ္ဌာန်း​ထား​တဲ့​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေနဲ့​ သူတို့​ဘာသာသူတို့​ စိတ်ကြိုက်​ရွေး​ကောက်ပွဲ လုပ်ပြီး​ သူတို့​ပဲ ​နေရာအသီး​သီး​မှာ အာဏာ​တွေ ဆက်လက်ရယူထား​ဆဲ ဖြစ်​နေပါတယ်။ ဘယ်အ​ရေး​ပါတဲ့​ တ​နေရာကိုမှ အတိုက်အခံ အင်အား​စု​တွေ၊​ အရပ်သား​စစ်စစ်​တွေကို ​ပေး​ထား​တာ မရှိ​သေး​ပါဘူး​။ ဒီ လူ​တွေကိုလည်း​ ​နောက်က​နေ စစ်တပ်က အပြည့်​အဝ ​ထောက်ခံထား​ဆဲလည်း​ ဖြစ်ပါတယ်။

လက်ရှိ အစိုး​ရအ​နေနဲ့​ တိုင်း​ပြည်ကို တကယ် ဒီမိုက​ရေစီ လမ်း​ပေါ်​လျှောက်​နေပါပြီ ဆိုတာ ပြဖို့​ အဓိက အချက် ၂ ချက်ရှိတယ်လို့​ ပြည်တွင်း​ပြည်ပက ဆိုကြပါတယ်။ အဲဒါက​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွှတ်​ပေး​ဖို့​နဲ့​ ပြည်တွင်း​မှာ တိုင်း​ရင်း​သား​တွေနဲ့​ ငြိမ်း​ချမ်း​ရေး​ တည်​ဆောက်ဖို့​ ဆိုတာပဲ ဖြစ်ပါတယ်။ တိုင်း​ရင်း​သား​လက်နက်ကိုင် အင်အား​စု​တွေနဲ့​ အပစ်အခတ် ရပ်စဲ​ရေး​ ငြိမ်း​ချမ်း​ရေး​ လုပ်ရာမှာလည်း​ မခက်ပါဘူး​။ လက်ရှိ ၀ တပ်ဖွဲ့​ကို ​ပေး​တဲ့​အခွင့်​အ​ရေး​အတိုင်း​ သူတို့​တပ်ဖွဲ့​၊​ သူတို့​ အဖွဲ့​အစည်း​ ဆက်လည် တည်ရှိခွင့်​ကို အသိအမှတ်ပြု၊​ သူတို့​ နယ်​မြေ သူတို့​ စီမံခန့်​ခွဲခွင့်​ပေး​၊​ တဖြည်း​ဖြည်း​ နိုင်ငံ​ရေး​အရ ​ဆွေး​နွေး​အ​ဖြေရှာ ဆိုတဲ့​ နည်း​လမ်း​ပဲ ဖြစ်ပါတယ်။ ဦး​သိန်း​စိန် အစိုး​ရအ​နေနဲ့​ ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​ကို တကယ်လိုလား​ မလိုလား​၊​ ဒီကိစ္စ ဘယ်လို ကိုင်တွယ်​ဆောင်ရွက်မလဲ ဆိုတာ မကြာခင် ​တွေ့​မြင်လာကြရ​တော့​မှာ ဖြစ်​ကြောင်း​ တင်ပြလိုက်ရပါတယ်။
http://burmese.dvb.no/archives/16276

No comments:

Post a Comment