ondragstart="return false" onselectstart="return false"

Wednesday, October 19, 2011

မြန်မာစစ်တပ် လက်နက် သင်္ဘော ၂ စီးအား KIA ပစ်ခတ်ဖျက်ဆီး

ဒီလက်နက်တွေက ကချင်ပြည်နယ်ရောက်ရင် ကလေး၊ မိန်းမ ပါမကျန်ပစ်ဖို့ အတွက်ပါ။ အားနားစရာမလိုပါ။ လုပ်စရာရှိဒါ ပြတ်ပြတ်သာ ဆက်လုပ်ပါ ညီနောင်တို့ ...

by KNG


မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် ပြည်တွင်းစစ် ပိုမိုပြင်းထန်လာချိန် မြန်မာအစိုးရ၏ စစ်လက်နက် တင် သဘောင်္ ၂ စီးအား KIA မှ အောက်တိုဘာ ၁၇ က ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း KIA သတင်းရပ်ကွက်မှ သိရသည်။

အောက်မြန်မာပြည်မှ ကချင်ပြည်နယ်သို့ စစ်လက်နက်တင်ဆောင် လာသော သဘောင်္ ၂ စီးအား စစ်ရဟတ်ယာဉ်နှစ်စီးဖြင့် ဧရာဝတီမြစ် တဘက်တချက် လုံခြုံရေးယူထားသည့်ကြားက မြစ်ကြီးနားမြို့သို့ ချဉ်းကပ်ရန် မိုင်အနည်းငယ်အကွာတွင် ယခုလို KIA မှ ပစ်ခတ်ဖျက်ဆီးခဲ့သည်။

ထိုသဘောင်္ ၂ စီးတွင် လိုက်ပါသော မြန်မာစစ်သားအားလုံးလည်း သေဆုံးပြီး သဘောင်္ ၂ စင်းလည်း ပေါက်ကွဲကာ ရေထဲနှစ်မြုပ်သွားသည်ဟု KIA သတင်းရပ်ကွက်က ဆိုသည်။

အဓိက ရေလမ်းနှင့် ရထားလမ်း နှစ်ခုကိုအသုံးပြုကာ မြန်မာစစ်တပ်က အောက်မြန်မာပြည်မှ ၎င်း၏ လူနှင့် စစ်လက်နက်ပစ္စည်းများကို ကချင်ပြည်နယ်သို့ သယ်ပို့ပါသည်။
http://kachinnews.com/burmese

No comments:

Post a Comment