ondragstart="return false" onselectstart="return false"

Wednesday, October 5, 2011

မြန်မာအစိုးရတပ်ကကျောင်း သားများကိုကျည်ကွယ် ပြုပြီး KIAကို တိုက်

ကချင်ပြည်နယ်တောင်ပိုင်း မံစီနှင့် မဒန်ယန်ကြားတွင် မြန်မာအစိုးရတပ်သည် ကျောင်းဆင်းချိန်တွင် အချိန်ကိုက် ကချင်လွတ်မြောက်ရေ်းတပ်ဖွဲ့ (KIA) ကို တိုက်ခိုက်မှုတစ်ခု အောက်တိုဘာ ၄ ရက်တွင် ဖြစ်ပွားခဲ့သည်။

မန်ဂျောရွာထိပ်အနီး ကျော်ခေါင်နှင့် ရှောင်ထွတ်ကြားပစ်ခတ်ကြခြင်းဖြစ်ကာ မံဂျေ(မံစီ)တွင်ရောက်ရှိနေသည့် ဗန်းမော်အခြေစိုက် ခလရ (၄၇)နှင့် KIA တပ်ရင်း ၁ ကြား ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။

ခလရ ၄၇ သည် ညနေ ၃ နာရီ ကျောင်းဆင်းချိန်တွင် KIA ရှိရာသို့ ချဉ်းကပ်ကြစဉ် နှစ်ဖက်ကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်လာသည်ဟု ဒေသခံများပြောသည်။

မံဂျေ ဒေသခံတဦးက “ကျောင်းသားများကို ကျည်ကွယ်အဖြစ် လူသားဒိုင်းအနေနဲ့ အသုံးပြုနေတာဟာ အတော်မတရား တာဖြစ်တယ်။” ကချင်သတင်းဌာနသို့ ပြောသည်။

နှစ်ဖက်ကြား ကျိုကြား ပစ်ခတ် တိုက်ခိုက်မှုမှာ ညနေပိုင်း ၆ နာရီကျော်အထိ ဖြစ်ပွားခဲ့သည်ဟု သေနတ်သံများကြားသည့် ဒေသခံများပြောသည်။

ယခု ပစ်ခတ်တိုက်မှု ဖြစ်ပွားမှုနှင့်ပတ်သက်ပြီုး KIA တပ်မဟာ ၃ အရာရှိများကလည်း ကချင်သတင်းဌာနသို့ အတည်ပြု ပြောဆိုသည်။

၃ နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်မှု၌ နှစ်ဖက်ကြား သေကြေဒဏ်ရာရမှု ရှိမရှိ မသိရပါ။

ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်တွင်လည်း ယခုတိုက်ပွဲဖြစ်ပွားရာနေရာအနီး ရွာသစ်ကုန်းတွင် နှစ်ဖက်ကြားပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားရာ မြန်မာစစ်သား ၂ ဦးကျဆုံးသွားခဲ့သည်။

ထို့အပြင် ၎င်းဒေသ မန်ဂျေအခြေစိုက် ခမရ ၆၀၁ သို့ လွန်ခဲ့သည့် နှစ်ရက်ကတည်းက မြန်မာအစိုးရတပ် ထပ်မံ ရောက်ရှိလာကြောင်း ဒေသခံများမှတဆင့် သိရသည်။
http://kachinnews.com/burmese

No comments:

Post a Comment