ondragstart="return false" onselectstart="return false"

Saturday, October 22, 2011

ဦးဟန်ညောင်ဝေ မြန်မာပြည်သွား

သဲသဲ | သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁ ခု

နယူးဒေလီ(မဇ္ဈိမ) ။ ။ နော်ဝေ အခြေစိုက် ရုပ်သံသတင်းဌာန ဒီမိုကရက်တစ် မြန်မာ့အသံ - DVB ၏ ယာယီ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဟန်ညောင်ဝေမှာ အောက်တိုဘာလ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ အလည်အပတ်
ပြန်သွားပြီ ဖြစ်ကြောင်း သိရသည်။

နော်ဝေ အခြေစိုက် ရုပ်သံသတင်းဌာန ဒီမိုကရက်တစ် မြန်မာ့အသံ - DVB ၏ ယာယီ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဟန်ညောင်ဝေ

အသက် (၆၃) နှစ်အရွယ်ရှိ ဦးဟန်ညောင်ဝေမှာ သမီးဖြစ်သူနှင့်အတူ အောက်တိုဘာလ ၂ဝ ရက်နေ့ ညနေတွင် ရန်ကုန်လေဆိပ်သို့ ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်မှတဆင့် ရန်ကုန်မြို့သို့ Air Asia လေကြောင်းဖြင့် သွားရောက် ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ ကြေငြာချက်ကြောင့် မွေးရပ်ဇာတိသို့ အလည်ပြန်လာခြင်းဖြစ်ပြီး နိုင်ငံရေး အရ မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုယ်စား ဆွေးနွေးညှိနှိုင်းရန် ချိန်းဆိုထားခြင်း မရှိကြောင်း” နှင့် “မိမိအား တွေ့ဆုံရန် ဆန္ဒရှိသူ မည်သူမဆို လိုလိုလားလား တွေ့ဆုံရန်အသင့်” ဟု ပြည်တွင်းထုတ် The Voice ဂျာနယ်နှင့် တွေ့ဆုံ
မေးမြန်း ခန်းတွင် ဦးဟန်ညောင်ဝေက ပြောသည်။

မွေးရပ်ဇာတိ ရှမ်းပြည် ညောင်ရွှေနှင့် အခြားဒေသသို့ အလည်အပတ်သွားမည်ဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်သို့ ပြန်မည်ဟုလည်း တွေ့ဆုံမေးမြန်းခန်းတွင် ပါရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း နော်ဝေအခြေစိုက် DVB ရုပ်မြင်သံကြား သတင်းဌာနတွင် ကျပ် သိန်း ၃ဝဝဝ ခန့် စာရင်းကွာဟမှုဖြင့် ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်နှင့် လက်ထောက် ဦးခင်မောင်ဝင်းတို့ အုပ်ချုပ်ရေး ရာထူးမှ နုတ်ထွက်ခဲ့ပြီး DVB ၏ အကြံပေးအရာရှိ ဦးဟန်ညောင်ဝေက ယာယီ ဦးဆောင် ညွှန်ကြားရေးမှူး အဖြစ် တာဝန် လွှဲယူခဲ့သည်။

မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စပ်ရွှေသိုက်၏ အငယ်ဆုံးသားဖြစ်သူ ဦးဟန်ညောင်ဝေသည် ၁၉၆၃ ခုနှစ်တွင်
မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ခြင်းဖြစ်ကာ ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ မိသားစုနှင့်အတူ အခြေချ နေထိုင်လျက် ရှိသည်။

သူသည် စီးပွားရေး စီမံခန့်ခွဲမှု့ဆိုင်ရာမဟာဘွဲ့၊ သတ္တုနှင့် တွင်းထွက်ဆိုင်ရာ ဘောဂဗေဒ အင်ဂျင်နီယာဘွဲ့ တို့ကို ရရှိထားပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ - NCGUB ၏ အကြံပေးအဖြစ် သုံးနှစ်ခန့် တာဝန်ယူခဲ့သည်။

ထို့နောက် ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့ခဲ့သည် ပြည်ပအခြေစိုက် မြန်မာ့ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး၏ ဥပရောပရုံး Euro-Burma Office ၏ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားလူမျိုးစုများကောင်စီ - ENC ၏ အကြံပေး ဖြစ်လာခဲ့သည်။

ဘယ်ဂျီယံနိုင်ငံ အခြေစိုက် ဥပရော- မြန်မာရုံးမှာ ဥပရောပသမဂ္ဂ၊ ဂျာမဏီနိုင်ငံမှ Friedrich Ebert ဖောင်ဒေးရှင်း၊ ဆွီဒင်၊ နော်ဝေ၊ ကနေဒါနိုင်ငံတို့၏ ကူညီထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အစိုးရတရပ် ပေါ်ပေါက်ရန် လှုပ်ရှားနေသည့် အဖွဲ့အစည်းများအား ပံ့ပိုးပေးသည့် စီမံကိန်းဖြစ်သည်။
http://www.mizzimaburmese.com/news/breaking-newsbrief/8527-2011-10-21-12-13-27.html

1 comment:

ၕအီ၃္ပယီz said...

လူတကာ(အာဏာရှင်ဆန့်ကျင်သူ) များက၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်တဲ့ အခြေအနေမှာဦးဟန်ညောင်ဝေနှင့်အဖွဲ့ကမဆန့်ကျင်ဘဲရွေးကောက်ပွဲဝင်ရောက် ဖို့စည်းရုံးတော့သူတို့အုပ်စုနှင့်ပတ်သက်ပြီးတမျိုးထင်ခဲ့တယ်။
ခုတော့....အိမ်တော်ပြန်ပြီဆိုတော့....သေချာလောက်ပါပြီ။ သွေးထွက်မှ ဆူးစူးမှန်းသိလိုက်တော့...နောက်ကြနေပြီပေါ့။ တိုင်းရင်းသားတို့ရေ... ကတုံးပေါ်ထိပ်ကွက်တဲ့လူတွေကို သတိထားဟေ့

Post a Comment