ondragstart="return false" onselectstart="return false"

Friday, October 21, 2011

ကချင်ဒေသနှင့် စပ်လျဉ်း၍ အီးမေးသို့ ရောက်လာတဲ့ ကွန်မက်တစ်ခု

Saw Daniel ရဲ့ အီးမေးကို မူရင်းအတိုင်း တင်ပေးလိုက်တယ်။
xxxxxxxx
love to read Thawthikho blog everyday.
And sending you this might not disturb you I think.

thanks a lot.

ဒီလိုမျိုး ကချင်တွေ အတိုက် ခံနေရတဲ့ အချိန်မှာ တခြားတိုင်းသား လက်နက်ကိုင်တွေ က စည်းလုံးညီညွှတ်မှုကို ပြသတဲ့အနေနဲ့ ကိုယ့်နယ်မြေမှာ စစ်ပိုင်းဆိုင်ရာ လှုပ်ခြားမှု တွေ အချိန်မြင့်ဖို့လိုပါတယ်. ဒါမှ တကယ်စည်း လုံးတယ်ဆိုတာ သက်သေပြနိုင်မှာပေါ့. ဒါမှလဲ UNFC အနေနဲ့ စကားဆက်ပြောလို့ရမှာပေါ့. လက်တွေ့ စည်းလုံးကြပါ. အားပေး တယ်. စစ်ရေးကို ကိုယ်နယ်မြေနဲ့ကို အချိမြင့်ပေးကြပါ. အတတ်နိုင်ဆုံးနဲ့ အနည်းဆုံး နှစ်ပွဲ သုံးပွဲပေါ့. လက်သံ ခပ်ပြောင်ပြောင်လေး နှစ်ပွဲ သုံးပွဲလေးပေါ့. သာမှန်ထက် ထူးတဲ့စစ်ပွဲလေး နှစ်ပွဲ သုံးပွဲလောက်ပေါ့.

အခုအချိန်မှာ ငြိမ်းချမ်းရေးစကားကို ခဏထားလိုက်ပါ. စစ်အစိုးရ (သို့)သိန်းစိန် အစိုးရက အမှန်တကယ် ငြိမ်းချမ်းရေးစကား ပြောချင်တယ်ဆိုရင် ကချင် နယ်မြေက ထိုးစစ်ကို ရပ်တမ်းကရပ်ဖို့လိုပါတယ်. ကချင်နယ်မြေမှာ ထိုးစစ်ဆင်နေပြီး တခြားတိုင်း ရင်းသား လက်နက်ကိုင်တွေကို ငြိမ်ရေးစကားကမ်းလှမ်း တာဟာ လုံးဝကို သဘာဝ မကျသလို ယုတ်တိလဲမတန်ပါဘူး. တခြားတိုင်းရင်းသား လက်နက်ကိုင်တွေ ကလည်း အလိမ်မခံရဖို့ အရေးသိပ်ကြီးပါတယ်. UNFC အနေနဲ့ တစ်စည်း တစ်လုံးထဲရှိ တယ် ဆိုတာကို သက်သေပြဖို့ အချိန်ကောင်းအခါကောင်း ဆိုတာကို မမေ့ကြပါနဲ့.လက်တွေ့ ပြကြပါ. လက်တွေ့ပြလိုက်ပါ.

ကိုယ့်လူမျိုးကို ကိုယ်တကယ်ချစ်ပါတယ်ဆိုရင် ပြည်တွင်းက တရားဝင် ဖွဲ့စည်း ထားတဲ့ ကချင်နိုင်ရေးအဖွဲ့အစည်းတွေလည်း ကလွှတ်တော်ကို ကချင်နယ်မြေတွေမှာ ထိုးစစ် ဆင်နေတာကို ချက်ချင်းရပ်ဆိုင်းဖို့ တောင်းဆိုသင့်ပါတယ်. တခြားနိုင်ရေး အဖွဲ့အစည်း တွေကလဲ ဒီလိုတစ်သံတည်း တောင်းဆိုသင့်ပါတယ်. တခြားတိုင်းရင်း သား လက်နက်ကိုင်တွေလည်း ဒီလိုတစ်သံထဲ တောင်းဆိုသင့်ပါတယ်.ဒေါ်အောင်ဆန်း စုကြည်တို့ NLD အဖွဲ့ တွေကလဲ ရေငုံနှုတ်ပိတ်မနေသင့်ပါဘူး. တခြား ဗမာလူမျိုး တွေလဲ ကို့နိုင်ရဲ့ရှေးရေး အတွက်နဲ့ ပြည်ထောင်စုကြီး သာယာဝပြောရေးအတွက် ဒီလိုပဲတောင်းဆိုသင့်ပါတယ်. ဒါမှလဲ တကယ့် ပြည်ထောင်စုကြီးရဲ့ စိတ်ဓာတ်နဲ့ ဒီမို ကရေစီ စိတ်ဓာတ်ဆိုတာ ပြောလို့ရမှာပေါ့.
၈၈ မျိုးဆက်သစ်ကျောင်းသားရယ် NLD နိုင်ငံရေးပါတီ အကြောင်းနဲ့ သူတို့ရဲ့ နိုင်ငံရေး အကျင်းသားအကြောင်းတွေကိုပဲ မရပ်မနား ပြောနေမှာလား. တကယ်တော့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးရဲ့ ပြသနာဟာ လူမျိုးစုတစ်စုထဲနဲ့ အဖွဲ့အစည်း တစ်ခုထဲရဲ့ ပြသနာကို ဖြေရှင်းယုံနဲ့ ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ ပြသနာကို မဖြေရှင်းနိုင်ဖူးဆိုတာ နိုင်ငံရေးသမားတိုင်း နားလည်ထားမယ်လို့လဲ ကျုပ်တစ်ယောက် အနေနဲ့ နားလည်ထားပါတယ်. ဒါကြောင့် ယုတ်တိတန်တဲ့ အပြောနဲ့ ယုတ်တိတန်တဲ့ အလုပ်ကို ပြောကြပါ လုပ်ကြပါလို့ တိုက်တွန်းလိုပါတယ်. လူတစ်စုထဲနဲ့ အဖွဲ့အစည်း တစ်ခုထဲရဲ့ ပြသနာကိုပဲ ပြောနေယုံနဲ့ မပြီးနိုင်ဖူးဆိုတာ နားလည်ထားကြပါ.
တကယ်တော့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးရဲ့ ပြသနာဟာ ဒီမိုကရေစီရဲ့ ပြသနာ တစ်ခုထဲ မဟုတ်ဖူးဆိုတာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးရဲ့ နိုင်ငံရေး သမားတိုင်းက နားလည်ထားသင့်ပါတယ်. တိုင်းပြည်ကြီးတစ်ခုလုံး ရဲ့အနာဂတ်ကို ကြည့်ပြီးပြောပါ. ကိုယ့်ပါတီနဲ့ ကိုယ့်အဖွဲ့အစည်းတွေရဲ့ အကြောင်းကိုပဲ အမွှမ်းတင် နေရုံနဲ့ ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ အနာဂါတ်က ကောင်းမလာနိုင်ဘူး ဆိုတာကို လက်ခံယုံကြည်ထားကြပါ. တိုင်းရင်းသားတွေရဲ့ပြသနာနဲ့ တိုင်းရင်းသားတွေရဲ့ အခွင့် အရေးကို မေ့နေလို့ကတော့ ခင်ဗျားတို့လဲ ကိုလိုနီ စစ်အာဏာရှင်ကြီးတွေရဲ့ လက်ရုံး တော်တွေပဲ ဖြစ်ကုန်မှာပေါ့ဗျာ. ဟုတ်တယ်မဟုတ်လား. ဒါတင်မကသေးဘူး ခင်ဗျားတို့က ဒီမိုကရေစီကြီးကို တကယ်တမ်း မြတ်မြတ်နိုးနိုးကြီး ရှိပါတယ်ဆိုရင် တောင် စစ်အာဏာရှင်ကြီးက ခင်ဗျားတို့ကို ကြိပ်ပြီး ရည်နေယုံပဲ ရှိမှာပေါ့ဗျား …၀ါး…ဟား…ဟား.

No comments:

Post a Comment