ondragstart="return false" onselectstart="return false"

Saturday, October 1, 2011

ဗမာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် တိုက်ပွဲသတင်းများ

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲ ကက(ကြည်း) ကြားဖြတ်အစီရင်စာ
Friday, 30 September 2011 14:51

ကချင်လွတ်လပ်ရေးတပ်မတော် K.I.A တပ်မဟာ(၄)အား စစ်တပ်ဘက်မှ နေ့ညမပျက် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ရာ စက်တင်ဘာ(၂၉)ရက်နေ့တွင် စစ်တပ်က ၁၂၀-မမ စိန်ပြောင်းကြီးအမြောက်ဖြင့် K.I.A တပ်မဟာ (၄)ကို ပစ်ခတ်နေစဉ် အဲဒီအမြောက် ရုတ်တရက် ထပေါက်ကွဲသွားခဲ့သောကြောင့် စစ်သည်(၁၀)ဦး ကျဆုံးကာ(၅၀)ခန့် ဒဏ်ရာ ရှိခဲ့ကြောင်း K.I.A ရှေ့တန်းစစ်သည်များနဲ့ နီးစပ်သူမျာက သတင်းပေးပို့လာပါတယ်။

K.I.A နှင့် စစ်အစိုးရအကြား ယခုချိန်တွင် ကချင်ပြည်နယ် နေရာအနံ့နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် အဆက်မပြက် တိုက်ပွဲများ နေ့တိုင်းဖြစ်ပွားလျက် ရှိပါတယ်။ ထို့ကြောင့် ကက(ကြည်း)သို့ တင်ပြတဲ့ အစီရင်စာမှာ ရှမ်းပြည်နယ်မြောက် ပိုင်တွင် ဖြစ်ပွားခဲ့နေတဲ့ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ (၄၂၇) ဦး ကျဆုံး သွားပြီး ထိခိုက်ဒဏ်ရာရရှိမှုမှာ (၁၀၀၀) ဝန်း ကျင်ခန့် ရှိသွားပြီဖြစ်ကြောင်း စစ်ရုံးနဲ့ နီးစပ်သူများရဲ့ သတင်းပေးပို့ချက်အရ စုံစမ်း သိရှိရပါတယ်။

ကချင်ပြည်နယ် တပ်မဟာ(၅)ရဲ့ ထိုးစစ်
Friday, 30 September 2011 14:25

ကချင်လွတ်လပ်ရေးတပ်မတော် K.I.A တပ်မဟာ(၅)လက်အောက်ခံ တပ်များနှင့် စစ်တပ်တို့ မနေ့က စက်တင်ဘာ (၂၉) ရက်နေ့တွင် ဗန်ဒေါင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ(၂)ဦးကျဆုံး ပြီး (၁၀)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကျေးရွာနဲ့ နီးစပ်သူများက သတင်းပေးပို့လာပါတယ်။ တဆက်တည်းမှာဘဲ စက် တင်ဘာလ ၂၉ ရက် နေ့တွင် K.I.A ပြည်သူ့စစ် (MHH) တို့က ကချင်ပြည်နယ် ဆင်ဘိုမြို့အနီး ဧရာဝတီမြစ်မှ စက်လှေ ဖြင့် ချီတက်လာသော စစ်အာဏာရှင်အသွင်ပြောင်းအစိုးရရဲ့ စစ်သည်များ တင်ဆောင်လာတဲ့စက်လှေ တစ်စီးကို ခြုံခိုနည်း ဗျူဟာဖြင့် ပစ်ခတ်ဖောက်ခွဲ ဖျက်ဆီး ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။
--------------------------------------------------------------------------------------------------------------------------------

K.I.A ကို ချေမှုန်းရန် စစ်တပ်က ပြင်ဆင်နေပြီဆို
Thursday, 29 September 2011 18:50

ယနေ့စက်တင်ဘာ ၂၉ ရက် K.I.A ဌာနချုပ် လိုင်ဇာအနီးတဝိုက်တွင် တပ်မတခုစာ အင်အားရှိ တပ်များကို အစိုးရက စေ လွတ်ထားရာ တချို့ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ဖက်နီးစပ်သူများက ဤဝက်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ အလား တူ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားရှိ (မလခ) လေတပ်စခန်းဌာနချုပ် လေယာဉ်ကွင်းမှာ A5 (အတည်ပြုဆဲ) ကဲ့သို့ တိုက်လေယာဉ်များ အနည်းဆုံး(၈)စီးခန့် Standby ပြင်ဆင်ထားရှိနေပြီဖြစ်ကြောင်း၊ မြစ်ကြီးနားမြို့ခံတဦးမှ သတင်းပေးပို့ လာပါတယ်။ K.I.A ဘက်မှလည်း စစ်ပွဲများကို ဆင်နွဲသွားဘို့ အဆင်သင့်ဖြစ်ရန် အထူးသတိထား ပြင်ဆင်နေတယ်လို့ လည်း သိရှိရပါတယ်။

အဲဒီလို နှစ်ဘက်တပ်များ စစ်ပြင်ဆင်မှုအကြီးအကျယ်လုပ်နေတာကြောင့် တင်းမာမှု အထွဋ်အထိပ်ရောက်နေပြီး ကချင် ပြည်နယ်ရှိ ပြည်သူပြည်သားများက အထူးစိုးရိမ်ပူပန်လျက်ရှိကြောင်း မြစ်ကြီးနားမြို့ခံမှ ပြောကြားလာပါတယ်။ UNနှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှ ဖိအားပေး တားဆီးပေးစေလိုပြီး နှစ်ဖက် စေ့စပ်ညှိနှိုင်းပေးစေလိုတယ် လို့လည်း အဲဒီမြို့ခံက ပြောပါတယ်။

တဆက်တည်းမှာပင် စက်တင်ဘာ ၂၉ရက်နေ့ K.I.A တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း (၈)နယ်မြေ မန်းတုန်နှင့် တပ်ရင်း (၉) နယ်မြေတို့တွင် K.I.A နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး တပ်ရင်း(၉) နယ် မြေမှာ K.I.A ဘက်မှ SSA/SSPP တပ်များက ပူးပေါင်းပါဝင် ကူညီ တိုက်ခိုက်နေကြောင်း K.I.A နှင့် နီးစပ်သူများက သတင်းပေးပို့လာပါတယ်။

စစ်တပ်နှင့် K.I.A ဆက်လက်တိုက်ပွဲပြင်းထန်
Thursday, 29 September 2011 01:03

မနေ့က စက်တင်ဘာလ ၂၈ ရက်နေ့ရှမ်းပြည်နယ်မြောက်ပိုင်းလွယ်ကန် အခြေစိုက် K.I.A တပ်မဟာ (၄) ဌာနချုပ်ကို K.I.A ဘက်မှ ခေတ္တခဏဖယ်ပေးထားကြောင်း K.I.A နှင့် နီးစပ်သူများထံမှစုံစမ်းသိရှိရပါတယ်။ ဖယ်ပေးထားရခြင်းရဲ့ အကြောင်းရင်းမှာ စစ်အာဏာရှင် အစိုးရဘက်မှ လက်နက်ကြီး၊ အမြောက်ကြီးများဖြင့် အဆက်မပြက် မိုးရွာသလို ပစ်သွင်း နေသောကြောင့် မလိုအပ်ဘဲ ထိခိုက်ကျဆုံးမှုနှင့် အင်အားချိနဲ့မှု မဖြစ်စေရန် ခွာစစ်ဆင်ခြင်းဖြစ်တယ်လို့ K.I.A အရာရှိများ ကပြောပါတယ်။ ဒါပေမယ့် အစိုးရစစ်တပ်က တပ်မဟာ (၄) ဌာနချုပ်သို့ ဝင်ရောက် မလာနိုင်သေးကြောင်း စုံစမ်းသိရှိရပါ တယ်။ တိုက်ပွဲဖြစ်ရာတွင် စစ်တပ်ကလက်နက်ကြီး ၈၁-မမ စိန်ပြောင်းနှင့် ပစ်ခတ်မှုဖြင့်သာမက ၁၂၀-မမ စိန်ပြောင်းကြီး ကဲ့တို့ အမြောက်များရှေ့တန်းသို့ ပို့ဆောင်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။ နှစ်ဖက်ကြားတိုက်ပွဲများမှာ မရပ်မနား ဖြစ် လျက် ရှိနေသေးကြောင်း စုံစမ်းသိရှိရပါတယ်။ ဒီရက်အတောအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး (၂၀၀) ကျော် ကျဆုံးသွားနေပြီဖြစ်ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိသူမှာ အလွန်များပြားလာနေကြောင်း သိရှိရပါတယ်။ စစ်တပ်တို့ မသယ်ဆောင်နိုင်ဘဲ ချန်ထားသော စစ်တပ်ဘက်မှ အလောင်း (၆၀) ကျော်ကိုလည်း တွေ့ရှိသေးကြောင်း၊ တွေ့ ရတဲ့ အလောင်း (၆၀) ကျော်ထဲမှာ အသက်နုနယ်သော ကလေးစစ်သားများဖြစ်ကြောင်း မျက်မြင်များထံမှ စုံစမ်းသိရှိရပါ တယ်။ အလားတူ K.I.A ဘက်မှလည်း ကျဆုံးသူ အနည်းဆုံး (၆) ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူမှာ (၃) ဦးထက်မနည်း ကြောင်း K.I.A တပ်မဟာ (၄) တာဝန်ရှိသူများမှ စုံစမ်းသိရှိရပါတယ်။
--------------------------------------------------------------------------------------------------------------------------------
ကျောင်းသားများအား စိတ်ဓါတ်ရေးရာ ညှင်းပန်းနှိပ်စက်ပြီး တုန်လှုပ်ချောက်ခြားအောင် လုပ်ခဲ့တဲ့ အစိုးရ စစ်တပ်စပိုင် ကျောင်းဆရာတဦး
Thursday, 29 September 2011 00:47

K.I.O ထိန်းချုပ်ရာနေရာဖြစ်တဲ့ တပ်မဟာ(၄) တပ်ရင်း (၂) တည်ရှိရာ တာမုန်းညဲမြို့နယ် မန်ဂျယ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းမှ ရမည်းသင်းသား (ကျောင်းအုပ်)ဟာအစိုးရ စစ်တပ် စပိုင်တဦးဖြစ်နေပြီး တိုက်ပွဲဖြစ်ပွားလာစဉ် ကျောင်းသားများအား ဘေးလွတ်ရာသို့ ကယ်ထုတ်ရမည့်အစား ပစ်ကွင်းထဲမှာပင် ဇွတ်အတင်းနေခိုင်းသူ တဦးဖြစ်နေ ကြောင်း မန်ဂျယ်ကျေးရွာများနဲ့ နီးစပ်သူများက ဝက်ဘ်ဆိုဒ်သို့ ခိုင်လုံစွာ သတင်းပေးပို့လာပါတယ်။ သူဟာ ၂၂/၉/၂၀၁၁ ရက်နေ့ ကျောင်းမှ ပျောက်သွားပြီး ၂၄/၉/၂၀၁၁ ရက်နေ့မှာတော့ ကျောင်းကို ပြန်ရောက်လာခဲ့ပါတယ်။ သူနဲ့အတူ အစိုးရစစ်ကြောင်းပါ ရောက်လာပြီး K.I.O တပ်မဟာ(၄) တပ်ရင်း(၂)ကို ဝင်ရောက်ထိုးစစ်ဆင်နေချိန် ဖြစ်နေပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံများကြားမှ ကျောင်းအုပ်ဆရာကြီးဟာ ကျောင်းသားအားလုံးကို စာမေးပွဲ စစ်ရန် အမိန့်ပေး လာပါတော့တယ်။ သဘာဝမကျတဲ့ သံသယဖြစ်ဖွယ် လှုပ်ရှားမှုဖြစ်ပါတယ်။

မိဘများ သေနတ်သံကြားရ သောကြောင့် မိမိသားသမီးများကို လာရောက်ခေါ်သော်လည်း မလွတ်သည့်ပြင်၊ ကျောင်းသားများထွက်ပြေးသော် တုတ်နဲ့ ခြိမ်းချောက် ကျိန်းမောင်း၊ အခန်းတံခါးပိတ်ထည့်ထားပါတယ်။ ဒါ့အပြင် သေနတ်သံမကြားအောင် DVD စက်သွားယူပြီး သီချင်းများ ဖွင့်ထားကာ စာမေးပွဲဇွတ်အတင်း ဖြေခိုင်းထားပါတယ်။ ကျောင်းပတ်ဝန်းကျင်တွင် အမြောက်ကျည်များ ကျလာမည်စိုးလို့ ဆရာမတွေက ကျောင်းသားများအားလုံးကို ခေါ်ကာ ထွက်ပြေးသွားခဲ့ပါတယ်။ ပျောက်သွားတဲ့ ရက်များနှင့် ပြန်လာတဲ့ ရက်များအတွင်း ၎င်းအနေနဲ့ မည်သူတဦးတယောက်ကိုမှ သတင်းပို့ခြင်းမျိုး မရှိဘဲ ပျောက်သွားရခြင်းမှာ ထူးဆန်းနေပြီး ပြန်လာတဲ့ရက်တွင် အစိုးရစစ်တပ်ကပ်ပါလာခြင်းမှာ အစိုးရစစ်တပ်စပိုင်အဖြစ် အငြင်းပွားစရာ မလိုကြောင်း၊ ယခုလို ကျောင်းသားများအား စိတ်ဓါတ်ရေးရာ ညှင်းပန်းနှိပ်စက်ပြီး တုန်လှုပ်ချောက်ခြားအောင် လုပ်တာဟာ ဆရာတဦးရဲ့ အင်္ဂါ ရပ်နှင့် မညီကြောင်း ရွာသူရွာသားများက မှတ်ချက်ပြု သတင်းပေးပို့လာပါတယ်။

No comments:

Post a Comment