ondragstart="return false" onselectstart="return false"

Saturday, March 1, 2014

တို့ နိုင်ငံမှာ ဒီလို ကရင်တွေ အယောက်ပေါင်းဘယ်လောက်များ ရှိနေမလဲ...????

ဒီလိုအဖြစ်အပျက်မျိုးတွေ သိနေကြ မြင်နေကြတာ ကြာနေပါပြီ။ တာပေမယ့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ Privacy ငှဲ့ညာသောကြောင့် ဘလော့ပေါ်မထင်ဖြစ်ခဲ့ပါ။
တာပေမယ့် မထင်မှတ်ပဲ ဖေ့ဘွတ်မှာ ပေါ်လာတဲ့ မှတ်ပုံတင်တချပ် ကိုယူပြီး တင်ပေးလိုက်ပါတယ်။ အဖေက ကရင်နာမည် ကိုယ်တိုင်က ကရင်နာမည် ဖြစ်တာတောင်မှ မှတ်ပုံတင်မှာ ပေါ်တင်ပဲ လူမျိုး ဗမာ ဆိုပြီးဖေါ်ပြနေတာ တွေ့ ရမှာဖြစ်ပါတယ်။ တို့ တိုင်းပြည်မှာ ဒီလိုမှတ်ပုံတင်ကိုင်ထားရနေတဲ့ ကရင်တွေ အများကြီးပဲ။ ဗမာနာမည်ကို အသုံးပြုတဲ့ကရင်တွေဆိုရင် ပြောမနေနဲ့ တော့။ မကြာခင်မှာ ကောက်ခံမည့် သန်းခေါင် စာရင်းမှာ ဒီလိုကရင်တွေတော့ ဗမာစာရင်းထည့်မှာ လျှော့ကနဲ့ ဝင်သွားပြီပေါ့နော်...

မူရင်းလင့်က - https://www.facebook.com/saw.karen


ဝန်ခံချက်။ ။ ကာယံကာရှင်ရဲ့ ခွင်ြ့ပုချက်မယူပဲပို့စ်တင်လိုက်တာကို တောင်းပန်ပါသည်။ ဖေ့ဘွတ်မှ ပြန်လည်ယူသုံးခြင်းသာဖြစ်ပါသည်။


Type the rest of your post here.

1 comment:

Blogger said...

ဒါမျိုးတွေဟာ အများအားဖြင့် မှတ်ပုံတင်ရေးတဲ့စာရေးက လုပ်လေ့ရှိတယ်။ ကရင်ပြည်နယ်ထဲက လ၀ကအမှုထမ်းတွေဟာ အများအားဖြင့်ကရင်တွေဘဲ။ ရေးတဲ့ကရင်ကရေးပြီး အရေးခံရတဲ့ကရင်ကလဲ ဘာမှမပြော ၊ တုံနှိဘာဝေတွေဖြစ်နေလေ့ရှိတယ်။ ဒီကိစ္စက အစိုးရကိုထက် အဲဒီအမှုထမ်းတွေကို ဦးတည် ထိုးနှက်သတိပေးဖို့ လိုတယ်။ ပိုလဲလွယ်တယ်။ တိုင်းရင်းသားတွေက နေရာတကာရှောက်အားနာနေလို့ မဖြစ်ဘူး၊
သိတ်ပြီးအကြောက်ကြီးသလိုဖြစ်နေမယ်....အစိုးရကိုတိုက်ခိုက်ရမဲ့အပိုင်းက ပေါ်လစီအပိုင်း၊ ဖွဲ့ စည်းပုံဥပဒေ အပိုင်းတွေဖြစ်မယ်။

Post a Comment