ondragstart="return false" onselectstart="return false"

Sunday, November 20, 2011

၂ဝ၁၁ ခုနှစ် နိုဝင်ဘာ (၁၈) ရက်နေ့ အန်အယ်ဒီ ဗဟိုဦးစီးအစည်းအဝေး တွင် ဒေါ်အောင်ဆန်းစုကြည် နိဂုံးချုပ်မိန့်ခွန်း ပြောကြားချက်

ဒီမိန်းခွန်းကို လေ့လာသင့်ပါတယ်။ ပြီးရင် မှတ်ချက်တွေ ပေးသွားနိုင်ပါသည်။
xxxxxxxxxxxxxx

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ..ဒါဟာ ကျွန်မသဘောတူတဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာ ကျွန်မအမြင်မှာတော့ အရေးအကြီးဆုံး ကတော့ နံပါတ် ၁ ထားရမှာတော့ ဥပဒေ စိုးမိုးရေးပဲ ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေစိုးမိုးရေး မရှိဘဲနဲ့ ကျန်တ့ကဲိစ္စတေကွို ကျွန်မတို့ဖြစ်မြောက်အောင် မလုပ်နိုင်ပါဘူး၊ ဥပမာ ဆိုပါတော့  နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး နိုင်ငံရေး အကျဉ်းသားများ ရှိတာကိုက ကျွန်မတို့နိုင်ငံမှာ ဥပဒေ စိုးမိုးရေး မရှိလို့၊ရှိနေတာလို့ ကျွန်မတော့ ဒီလိုပဲ မြင်ပါတယ်။ အဲဒါကြောင့်မို့ ဥပဒေစိုးမိုးရေးဟာ အဓိကပါ။ ဥပဒေစိုးမိုးရေး မရှိပဲနဲ့ကျွန်မတို့ဟာ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ အင်မတန်ခက်ပါတယ်။
ဥပဒေစိုးမိုးရေးရှိမှ ပြည်နယ်တွေမှာ ပြည်သူတွေရဲ့ အခွင့်အရေးတွေ ချိုးဖောက်မှုရှိနေတာကို ကျွန်မတို့ မီးမောင်းထိုးနိုင်မယ်။ ကာကွယ်နိုင်မယ် အပြစ်ပေးနိုင်မယ်၊ ဒါကြောင့် မို့လို့ နံပါတ် ၁ ကတော့ ဥပဒေစိုးမိုးရေးလို့ ကျွန်မမြင်ပါတယ်။

ဥပဒေစိုးမိုးရေးနဲ့ ဒွန်တွဲနေတာကတော့ ပြည်တွင်းစစ်ငြိမ်းချမ်းရေးပဲ၊ ဥပမာ ကျွန်မ ဥပဒေစိုးမိုးရေးကို နံပါတ်တစ်ထည့်တယ်ဆိုတာက ပြည်တွင်းငြိမ်းချမ်းရေး ထက်ပိုမိုအရေးကြီးလို့ မဟုတ်ပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လိုအပ်လို့ ဥပဒေစိုးမိုးရေးကို ကျွန်မထည့်တာပါ။
နောက်ပြီးတော့ ဖွ့စဲ ည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင် ပြုပြင်ရေးပေါ့။ ပြင်ဆင်ပြုပြင်ရေး ဆိုတာ ကျွန်မတို့ ၂၀၁၀ရွေးကောက်ပွဲကို ကျွန်မတို့ မ၀င်ခ့ရဲ တဲ့အ ကြောင်းတွေပါ၊ အဲဒီတုန်းက ပြန်ပြီးတော့ မှတ်ပုံမတင်ခဲ့တဲ့ အကြောင်းတွေတခုထဲမှာ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို မကျေနပ်လို့ဆိုတာလည်း ပါပါတယ်။ တရားဝင် အကြောင်းပြချက် ကတော့ဆုံးဖြတ်ချက်များကတော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေဟာ တရားမမျှတလို့ ကျွန်မတို့ လက်ခံနိုင်စရာအကြောင်းမရှိလို့၊ ဒါပေမယ့်လဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုပြင်ဆင်သင့်တယ်ဆိုတာဟာ ရွှေဂုံတိုင်ကြေညာချက်တွေမှာပါခ့ပဲါတယ်။
ဒီဖွဲ့စည်းပုံက အခြေခံဥပဒေကို ပြင်ဆင်သင့်တယ်ဆိုတာဟာ ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်ကိုကြည့်ပြီးပြောတာပါ။ ကျွန်မတို့ အဖွဲ့တခုထည်း အတွက်ပြောတာမဟုတ်ပါဘူး။ တနိုင်ငံလုံးအတွက် ကျွန်မတို့ ပြည်ထောင်စု တိုင်းရင်းသားအားလုံးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ အတွက် ကျွန်မတို့ ဦးတည်ပြီး လုပ်သွားရမှာဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ အခု ဒီအခြေအနေရောက်မှ ဆို ကျွန်မလည်းပွင့်ပွင့်လင်းလင်း ပြောပါရစေ၊ ကျွန်မ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်ပြီးမှတ်ပုံတင်ရေးဘက်ကနေ ရပ်တည်တာပါ။ ဒီလိုမှတ်ပုံတင်ချင်တဲ့ အကြောင်းအရာဟာ ဒီလိုကိစ္စတွေ ပိုပြီးတော့ ထိထိရောက်ရောက် လုပ်ချင်လို့ပါ။ ဒါကိုကျွန်မတို့ ဆွေးနွေးတိုင်ပင်ခြင်းအားဖြင့် ဒီလိုအခြေအနေ ထိရောက်
လာတယ်လို့ ကျွန်မပြောပါရစေ။
ဖွဲ့ စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာမယ်ဆိုတာနဲ့ ဖွ့စဲ ည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်ဆိုတာက အတူတူပဲလို့ ပြောတ့သဲူတွေလဲ ရှိပါတယ်။ အဲဒါကတော့ ကျွန်မနဲ့ သဘောမတူပါဘူး။ အဲဒီလိုဆိုလို့ရှိရင်ဒီမိုကရေစီနဲ့ စည်းကမ်းရှိသော ဒီကရေစီဆိုတာလည်း အတူတူပဲလို့ ကျွန်မကိုပြောမလား ၊ တကယ်တော့ စကားလေးတွေကွဲလွဲတာပါ။ ဒါပေမယ့် ဒီစကားကွဲလွဲတ့အဲ ပေါ်မှာ အကျိုးသက်ရောက်မှုတွေ အများကြီးရှိပါတယ်။ ကျွန်မတို့အားလုံးဟာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို လက်မခံကြဘူး စစ်မှန်တဲ့ ဒီမိုကရေစီဆိုပြီး ကျွန်မတို့ပြောကြတယ်။
ပြီးတော့ဘာဖြစ်လို့ ဒီနှစ်ခုကို ကျွန်မတို့ခွဲခြားပြီး မြင်နေတာလဲ၊ စကားလုံးပဲ ကွာတာပဲဆိုပြီး ပြောတ့သဲူကပြောကြမှာပေါ့။

တချို့က ဒီဟာကျတော့ စကားလုံးပဲကွာတာ မဟုတ်ဘူး၊ ဒါကမတူဘူးလို့ပြောပြီးတောင့် ထိန်းသိမ်းစောင့်ရှောက်တာနဲ့လေးစားလိုက်နာခြင်းက အတူတူပဲလို့ ပြောလို့ရှိရင်တော့ ဒါစကားတွေကို ကိုယ်လိုရာ ဆွဲပြောရာရောက်ပါတယ်။ကျွန်မတို့ဟာ အမြင်နဲ့ အလုပ်ကို သွားရမှာပါ။ ကိုယ်လိုရာဆွဲပြီး တော့ ပြောပြီးတော့ အလုပ်လုပ်သွားရမှာမဟုတ်ပါဘူး။
ကျွန်မတို့ လေးစားလိုက်နာမယ်ဆိုတာ စောစောတုန်းက ဦးဉာဏ်ဝင်း ပြောသွားတဲ့ အတိုင်းပဲ၊ ဖွ့စဲ ည်းပုံ အခြေခံဥပဒေထဲပါပြီးသား ကိစ္စပဲဖြစ်ပါတယ်။ နောက်ပြီးတော့ နိုင်ငံသူ နိုင်ငံသားတိုင်း နိုင်ငံအသီးသီးမှာ လက်ခံရတ့အဲ ချက်တစ်ခု ဖြစ်ပါတယ်။

ဒီတော့ ဒီဥပဒေတွေကို ပြုပြင်ပေးရင်၊ ပြောင်းလဲပေးရင်တော့ ပြုပြင်ပြောင်းလဲပေးနိုင်ဖို့ ကြိုးစားဖို့ဟာတော့
နိုင်ငံသားတိုင်း အခွင့်အရေးရှိတယ်လို့ ကျွန်မတော့ ဒီအတိုင်းပဲ ယြုံကည်ပါတယ်။
ဒါကျွန်မတို့အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ နိုင်ငံကို အကျိုးပေးတယ်လို့ ကျွန်မတို့ မမြင်တဲ့ အချက်တွေကိုပြုပြင်ပြောင်းလဲ အချက်တွေကို ပြုပြင်ပြောင်းလဲဖို့ ကျွန်မတို့ကြိုးစားသွားရမှာလည်း ဒါနိုင်ငံသူ နိုင်ငံသားများရဲ့ တာဝန်တစ်ခု အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆောင်ရွက်သွားရမယ်လို့ ကျွန်မ ဒီအတိုင်းပဲ ယုံကြည်ပါတယ်။

ဒီဟာဟာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြန်ပြီးတော့ မှတ်ပုံတင်တဲ့ အခါမှာ လုပ်ဆောင်ရမယ့် အဓိကလုပ်ငန်းကြီး တစ်ရပ်ဖြစ်တယ်လို့ ကျွန်မမြင်ပါတယ်။
အဲဒီတော့ ဥပဒေ စိုးမိုးရေး၊ ဥပဒေ စိုးမိုးရေးကို ကျွန်မတို့ယုံကြည်မှတော့ မှန်ကန်တ့တဲ ရားတဲ့ ဥပဒေတွေဖြစ်ရမယ်၊မှန်ကန်တဲ့ တရားတဲ့ ဥပဒေတွေဖြစ်ရေး အတွက် လုပ်ဖို့ဆိုတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကလည်း တရားမျှတပြီးတော့မှန်ကန်ရအောင်လို့ ကျွန်မတို့ လုပ်ဆောင်ဖို့ ကြိုးစားဖို့တာဝန်ရှိတယ်လို့ ကျွန်မတို့ အဲဒီလိုပဲ ခံယူထားပါတယ်။

ဒီအကျဉ်းကျနေတဲ့ ကျွန်မတို့ အဖွဲ့ဝင်တွေကို အဖွဲ့ကနေပြီးတော့ ထုတ်ပြစ်ဖို့ မလိုတော့ဘူး ဆိုတဲ့ကိစ္စကို ကျွန်မ အထူးရှင်းပြဖို့ မလိုပါဘူး။ ၂၀၁၀ တုန်းက အဲဒီလို စည်းမျဥ်း စည်းကမ်းပါလာတ့အဲ တွက် ကျွန်မတို့ လက်မခံတော့ပါဘူး။

ဒါကတော့ လွယ်လွယ်လေးပါ။ ရှင်းရတာ၊ ကိုယ့်အတွက် ကိုယ်နိုင်ငံအတွက် ကိုယ်နိုင်ငံသားအတွက် ယုံကြည်ချက်နဲ့အနစ်နာခံပြီးတော့ အကျဉ်းကျခံနေကြတဲ့ ကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်တွေကို ထုတ်ပြစ်ဖို့ ဆိုတာအင်မတန်မှ သိက္ခာမ့တဲ့  ကိစ္စဖြစ်ပါတယ်။ အဲဒီလို သိက္ခာမ့တဲ့  ကိစ္စဆိုတာ နိုင်ငံရေး သိက္ခာကိုပြောတာပါ။ အဲဒီနိုင်ငံရေး သိက္ခာမဲ့တဲ့ကိစ္စ၊ လူမှုရေး
သိက္ခာကိစ္စလည်း ဖြစ်တယ်။ ကျွန်မတို့ လက်မခံနိုင်ဘူးဆိုပြီးတော့ လက်မခံတာဖြစ်ပါတယ်။ အခုဒီအချက်တွေလည်းပြောင်းလဲသွားပြီ ဆိုတော့ ကျွန်မတို့ ထဲမှာ ပြဿနာမရှိပါဘူး။
၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုရမယ်ဆိုတဲ့ ကိစ္စ ဒီဟာကို ကျွန်မ ၂ ခုခွဲပြီးတော့ ပြောချင်ပါတယ်။ ဥပဒေအရ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ် က တရားဝင်ပါတယ်။ ဒါဘယ်သူတွေ အသိအမှတ်ပြုတာ မပြုတာနဲ့ မဆိုင်ပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ ဘားမား ဂေဇက် (မြန်မာနိုင်ငံ အမိန့်ပြန်တမ်း)ထဲ မှာကြေညာပြီးသားပါ။ ဒီရွေးကောက်ပွဲမှာအောင်မြင်ခ့တဲ့  ကိုယ်စားလှယ်များ စာရင်းဟာ ကြေညာထားပြီးသား ဆိုတော့ဒါဟာ ဘယ်ပုဂ္ဂိုလ် တဦး ဘယ်အဖွဲ့အစည်းတခု ဘယ်အစိုးရ တခုရဲ့ အတည်ပြုချက်မှ မလိုတော့ဘူး။ ဒီဟာမှာ တရားဝင်ဆိုတာလက်ခံထားပြီးသား ဖြစ်ပါတယ်။

ဒီတော့ ကျွန်မတို့ က အသိအမှတ်ပြုတယ်ဆိုတာကို ဘာကိုဆိုလိုတာလည်း ဆိုတာကို ပြန်စဉ်းစားကြည့်တာတော့ကျွန်မတို့ ၁၉၉၀ ခုနှစ်တုန်းက ကျင်းပခ့တဲ့  ရေွး ကောက်ပွဲဟာ ပြည်သူလူထု ဆန္ဒန့အဲ ညီ အဖွဲ့ချုပ်ကို ပြည်သူက
နေပြီးတော့ သဘောကျတယ် ထောက်ခံတယ်။ အဖွဲ့ချုပ်ကို လိုလားတယ် ဆိုပြီးတော့ ရှင်းရှင်းလင်းလင်း ပြခဲ့တဲ့ရွေးကောက်ပွဲ ဖြစ်တယ်လို့ ကျွန်မတို့ အသိမှတ်ပြုခြင်း တရားဝင် အသိအမှတ်ပြုတာကို ကျွန်မတို့က လိုလားတာကို
ပြောတာဖြစ်ပါတယ်။

တရားဝင် အသိအမှတ်ပြုတယ်ဆိုတာကတော့ ငါဟာ ဘယ်သူကမှ စာရေးပြီးတော့ လက်မှတ်ထိုးပြီးတော့ တံဆိပ်ရိုက်စရာလည်း မလိုပါဘူး၊ ရှေ့တုန်းက ပြောထားတဲ့ အတိုင်း အဖွဲ့ချုပ်က ကိုယ်စားလယှ်တွေ ရွေးကောက်ပွဲမှာ နိုင်ခ့တဲ ယ်
ဆိုတာ ဒါတရားဝင်ပဲ၊ ဒါဘယ်သူကမှ လာပယ်ဖျက်လို့ မရဘူး၊ ဒါဘားမားဂေဇက်ထဲမှာ ပါပြီး ပါပြီ။ ဘယ်လိုမှ
ဒါကိုငြင်းပယ်လို့ မရဘူး။ ကျွန်မတို့ ကြားခ့ရဲ တဲ့ အတိုင်းပဲ၊ ဦးခင်အောင်မြင့်ဟာ ဆိုရှိရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ အောင်နိုင်ခ့တဲ ယ်ဆိုတဲ့ ကိစ္စနဲ့ သတင်းမီဒီယာတွေ သိအောင်လို့ပြောခ့ပဲါတယ်။ ဒါဟာဆိုလို့ရှိရင် ကျွန်မကတော့ဒါကိုလက်ခံပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စောစောတုန်းက ဒေါ်နန်းခင်ထွေးမြင့် ပြောခ့သဲ လိုပဲ အပေးအယူလုပ်တယ်ဆိုတာ ကိုယ်လိုချင်တာ အားလုံးရမှ ဆိုတာတော့ အဲဒီလိုစိတ်န့ေဲ တာ့ ကျွန်မတို့လုပ်လို့ မဖြစ်ပါဘူး။

ဒါကြောင့် အသိအမှတ်ပြုတယ်ဆိုတာ တချို့ကတော့ ဘယ်လိုနည်းနဲ့အသိအမှတ်ပြုတာကိုပြောတာလဲ တော့မသိဘူး။
ကျွန်မအနေန့ကဲ တော့ ဘားမား ဂေဇက်ထမှဲာ ရှိနေတ့ဟဲာကို ဘယ်သူမှလဲ ပယ်ဖျက်လို့ မရဘူး ဒီလိုဟာက အဖြစ်အတိုင်းဖြစ်ခ့ပဲါတယ်။ ဆိုတာကိုတော့ အခုလိုလက်ရှိ ၂၀၁၀ ရွေးကောက်ပွဲ ကနေပြီးတော့ တက်လာတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောလိုက်တယ်ဆိုတာကို ကျွန်မတို့ လက်ခံနိုင်တ့အဲ ကြောင်းရှိတယ်လို့ ကျွန်မဒီလိုပဲ ပြောချင်ပါတယ်။ ဒါကို
တချို့လွှတ်တော် ခေါ်ပေးရမယ်ဆိုပြီးတော့ ခုအချိန်ထိ အော်နေပါတယ်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲအရ လွှတ်တော်ခေါ်ပေးရမယ်ဆိုတာ ဒါကတော့ လက်တွေ့ကျတဲ့ ကိစ္စမဟုတ်ပါဘူး။ လက်တွေ့ကျတဲ့ တောင်းဆိုချက်တွေ မဟုတ်ပါဘူး။

၁၉၉၀ ခုနှစ်မှာ အရွေးခံရတဲ့ ကိုယ်စားလှယ် တချို့ကလည်း ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ ၀င်ပြီးတော့ တချို့လည်းလွှတ်တော်ထဲ ပြန်ရောက်နေတဲ့ သူတွေလည်း ရှိပါတယ်။ အဲဒီတော့ ကျွန်မတို့ဟာ လက်တွေ့ကျကျ နိုင်ငံရေးရင့်ကျက်မှုနဲ့ စဉ်းစားစေချင်ပါတယ်။ ၊ အဲတော့ ကျွန်မက ၁၉၉၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အခုထိအာဏာပိုင်များရဲ့ လုပ်ဆောင်ချက် ဟာ လက်ခံနိုင်လောက်စရာဘာရှိလဲ ဆိုတာ ကျွန်မသုံးသပ်ပါတယ်။ ဒါကြောင့်မို့လို့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေပြီးတော့ ပြန်လည်ပြီးတော့ မှတ်ပုံတင်ရေးကို ကျွန်မထောက်ခံတာဖြစ်ပါတယ်။

အဲဒါပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲ တွေမှာ ၀င်ရွေးဖို့အရေး ၀င်မရွေးဖို့ အရေး စည်းမျဉ်းစည်းကမ်းတွေ အရ ကျွန်မတို့နေရာသုံးနေရာမှာ ၀င်ပြီးယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီသုံးနေရာနေပြီးတော့ စတိပေါ့လေ၊ အဖွဲရဲ့ရပ်တည်ရေး အတွက်လုပ်မှာလား၊ ၊ လစ်လပ်နေတဲ့ နေရာအားလုံးမှာ ယှဉ်ပြိုင်ပြီးတော့ ၀င်လာမှာလား ဆိုတော့အများစုက ယှဉ်ပြိုင်ပြီးတော့ ၀င်မယ်လို့ပြောတာတွေရှိပါတယ်။ တချို့ကတော့ ခပ်တိုတိုပြောပြောရရင် ကျွန်မသဘောအတိုင်းပဲ လုပ်ပါမယ်လို့ပြောတာလည်း ရှိပါတယ်။ ကျွန်မကတော့ ယှဉ်ပြိုင်စေချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီ တခုအနေနဲ့ မလှုပ်ရှားရတာ အတော်ကြာပြီ၊ နိုင်ငံရေးပါတီ တခုရဲ့အလုပ်တွေကို မလုပ်ကြရတာတော်တော် ကြာပြီ၊ ကျွန်မတို့ပြန်ပြီးတော့ လေ့ကျင့်ယူရမယ်။ လေ့ကျင့်ယူရမယ်ဆိုရာမှာကျွန်မတို့ လူငယ်တွေ လက်ရှိရယ်၊ အရင်တုန်းက လက်ဟောင်းနဲ့ လက်ရှိရယ် အားလုံးဟာ ပြန်ပြီးတော့ နိုင်ငံရေးပါတီ
တခုအနေနဲ့ လုပ်သင့်လုပ်ထိုက်တာ ကိုလုပ်ရမယ်။

ဒီမိုကရေစီ စနစ်အောက်မှာ နိုင်ငံရေး ပါတီ တစ်ခုထူထောင်ပြီ ဆိုကတည်းက အဓိကအားဖြင့်တော့ ရွေးကောက်ပွဲတွေမှာတစ်ချိန်တစ်ခါမှာ ယှဉ်ပြိုင်ရတော့မှာပါ။ ဒီတော့ အဲဒါကလည်း ဒီမိုကရေစီ မူအရလည်း လုပ်သင့်တဲ့ ကိစ္စ ဖြစ်လို့လုပ်ချင်တယ်။ ကျွန်မတို့ရဲ့ နိုင်ငံရေးပါတီ တစ်ခုရဲ့ လှုပ်ရှားတွေကို ပြန်ပြီးတော့ အသက်သငွ်းပေးချင်တဲ့ အနေအထားန့ဘဲ
ကျွန်မလုပ်ချင်တာ ဖြစ်ပါတယ်။

သတင်းစာတွေကနဲ့ တူပါတယ် ကျွန်မ၀င်ပြိုင်မယ် ဆိုလို့ရှိရင် ကျွန်မရဲ့ သိက္ခာကို ထိမလား ဆိုပြီး တစ်ချို့က စိုးရိမ်နေတယ် စိုးရိမ်ကြပါတယ်တဲ့ ရှင်းရှင်း ပြောရမယ် ဆိုရင် ဒီလိုနိုင်ငံရေး လုပ်တ့ေဲ နရာမှာ ကိုယ့်ရ့သဲိက္ခာကို ကြည့်ပြီး လုပ်တယ်ဆိုတာ မလုပ်သင့်ပါဘူး။ လုပ်သင့်လုပ်ထိုက် တယ်ထင်လို့ရှိရင် လုပ်ရမှာဘဲ။ ကျွန်မအနေနဲ့ ကတော့ ၀င်ထိုက်တယ်လို့
ထင်ရင် ကျွန်မ၀င်မှာဘဲ ဒီဟာဟာ လူတစ်ဦးတစ်ယောက်ရဲ့ သိက္ခာနဲ့ မဆိုင်ပါဘူး။ လူတစ်ဦး တစ်ယောက်ဟာ သူ့ရဲ့သိက္ခာကို အဓိကထား ပြီးတော့ လုပ်မယ်ဆိုလို့ရှိရင် ဒါဟာ ဆန္ဒစွဲနဲ့ လုပ်တဲ့ နိုင်ငံရေး ဖြစ်သွားပါမယ်။

အခကျွုန်မတို့ လုပ်နေတဲ့ အလုပ်တွေဟာ တကယ်တော့ စွန့်စားချက် ဘဲလို့ ကျွန်မပြောရမှာဘဲ စွန့်စားရခြင်း မဟုတ်ပါဘူး။ အခြေအနေ သုံးသပ်ပြီးတော့ စွန့်စားသင့်တဲ့ အချိန် ရောက်လို့ စွန့်စားမယ် ဆိုပြီးဆုံးဖြတ်ရခြင်း ဖြစ်ပါတယ်။
ပြီးတော့ စွန့်စားတယ်ဆိုတာက ဘာအဓိပ္ပါယ်လဲ ဆိုတော့ တစ်ရာခိုင်နှုန်း အောင်မြင်ခြေ ရှိတယ်ဆိုပြီးတော့ ကျွန်မတို့မပြောနိုင်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တစ်ရာ ရာခိုင်နှုန်း အောင်မြင်ပါမယ် ဆိုပြီး အာမခံရှိတဲ့ အလုပ်မျိုးမှ လုပ်မယ်ဆိုလို့ရှိရင် နိုင်ငံရေး လုပ်လို့ လုံးလုံးကို မဖြစ်ပါဘူး။ နိုင်ငံရေးမှာ ဘယ်တော့မှ တစ်ရာ ရာခိုင်နှုန်း အာမခံချက် ရှိတယ်လို့ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ တစ်ရာရာခိုင်နှုန်း အောင်မြင်ဖို့ အာမခံချက် ပေးနိုင်တဲ့ အလုပ်မှ လုပ်မယ်
ဆိုရင်တော့ တခြားအလုပ်ရှာ ရပါလိမ့်မယ်။ ကျွန်မတို့ရဲ့ ယုံကြည်ချက်အရ သုံးသပ်ချက် အရ အောင်နိုင်ဖို့ အလားအလာကောင်းတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ အောင်နိုင်ဖို့ အလားအလာ ကောင်းတယ်လို့လည်း ယုံကြည်တယ်လုပ်သင့်တယ်လို့လည်း ယုံကြည်တယ်။

တခါတလေ အမှန်ပြောရမယ်ဆိုလို့ရှိရင် လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတစ်ခုကို လုပ်တ့ေဲ နရာမှာ အောင်နိုင်ဖို့
အလားအလာနည်းတယ် ထင်ရင်တောင် လုပ်ရမှာပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ လုပ်သင့်လုပ်ထိုက်လို့ ကိုယ်လုပ်တဲ့အချိန်အခါမှာ မအောင်မြင်ရင်တောင်မှ ကိုယ်က မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် ချခ့တဲာကြောင့်မို့ နောင်လာမဲ့လူတွေအတွက် လမ်းကပိုပြီးတော့ ခိုင်မာသွားမယ်။ ရှင်းလင်း သွားမယ်ဆိုတာတွေ ဖြစ်နိုင်ပါတယ်။ အခုအချိန်မှာကြတော့
ကျွန်မတို့က စနွ့်စားပြီး ဆုံးဖြတ်တ့ေဲ နရာမှာ အောင်နိုင်မဲ့ အလားအလာ တွေကလည်းကောင်းတယ်လို့ မြင်တယ်။

ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်လို့ ကျွန်မမြင်ပါတယ်။ အဲဒါကြောင့်မို့လို့ကျွန်မရ့ဆဲုံးဖြတ်ချက်အရ လုပ်မယ်ဆိုတဲ့ လူတွေအတွက်က ကြတော့ အမျိုးသားဒိမိုကရေစီ အဖွဲ့ချူပ်ပြန်လည်ပြီးတော့မှတ်ပုံတင်တ့ကဲိစ္စကို လက်ခံဖို့ လိုပါလိမ့်မယ်။ နောက်ပြီးတော့ လစ်လပ်နေတဲ့ နေရာ အားလုံးမှာ ၀င်ပြီးတော့တတ်နိုင်သမျှ ယှဉ်ပြိုင်နိုင်ဖို့ကို ကျွန်မတို့လုပ်ရပါလိမ့်မယ်။
ဒီလိုယှဉ်ပြိုင်တ့ေဲ နရာမှာ ကျွန်မအခုကတည်းက တခါထဲပြောထားချင်ပါတယ်။ ကျွန်မတို့ လူရွေးတဲ့ နေရာမှာအားလုံးကသိပြီးသားပါ။ လစ်လပ်နေတ့ေဲ နရာက လေးဆယ်ကျော်ပဲ ရှိပါတယ်။ တစ်ချို့က လေးဆယ်ကျော်ဆိုတာဟာ ဘာလုပ်ရမှာလဲဆိုတော့ ပြောတ့လဲူတွေကလည်း ရှိတယ်။ ကျွန်မတို့က အရည်အတက်ွကို ဦးတည်မှာလား အရည်အချင်းကို ဦးတည်မှာလား ဒါက ပထမဆုံးမေးရမဲ့ ကိစ္စပါ။

ဒီတော့ လေးဆယ်ကျော်မပြောနဲ့ လူတယောက်တောင်မှ စိတ်ဓါတ်
ခိုင်မာလို့ ရှိရင် အများကြီးစွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့်ကျွန်မတို့ဟာ လေးဆယ်ကျော် ဆိုပေမဲ့ နည်းတယ်လို့ ထင်လို့ရှိရင် နည်းတယ်လို့ ပြောတ့လဲူတွေက အဲဒီဟာအားလုံးကို အောင်နိုင်အောင် လပ်ုပြပါ။ ဒီလောက်ဆို ဒီလောက်နည်းနည်းလေးပဲ ဆိုရင်အပျော့ပေါ့ဆိုပြီး လုပ်ပြလေ။ နည်းတယ်လို့ ထင်လို့ရှိရင် အဲလောက်တော့ လုပ်ပြရမှာပေါ့။

ဒါဟာကျွန်မတို့ ဒိလိုလုပ်တ့ေဲ နရာမှာ သဘောထားကြီးကြီးနဲ့ အနာဂတ်ကို ကြည့်ပြီးတော့ လူရွေးရမယ်။ ဒါကျွန်မတို့အစမ်းသဘောပဲပေါ့။ တနည်းအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် ဒီပထမ အတွင်းမှာ ကျွန်မတို့ စမ်းပြီးတော့ ထည့်လိုက်တာလို့ပြောလို့ရတယ်။ စမ်းပြီးတော့ ထည့်လိုက်တာဆိုတာ ကျွန်မတို့အတွက်တင် စမ်းတာမဟုတ်ဘူးနော်။ ပြည်သူကလဲကျွန်မတို့ကို စမ်းမှာပဲ။ အစတုန်းကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထပ်တလဲလဲ ပြောခ့တဲ ယ်။ ရွေးကောက်ပွဲကိုရွေးကောက်ခံခ့ရဲ တယ်။ သို့သော်ငြားလဲ ဘာမှလုပ်ပိုင်ခွင့် မရခ့ဘဲူး။ အခုလုပ်ကိုင်ခွင့် ပိစိကွေးလေး ရတ့အဲ ချိန်မှာ
ဘယ်လောက်လုပ်နိုင်လဲလို့ ပြည်သူက ကြည့်နေမှာဖြစ်တယ်။

ပြည်သူကသုံးသပ်နေမှာ ပြည်သူကနေပြီးတော့ ကျွန်မတို့ကိုစီရင်ချက်ချမှာ။ အဲဒါကြောင့်မို့လို့ စကတည်းက ကျွန်မတို့သဘောထား ကြီးကြီးနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကိုကြည့်ပြီးနိုင်ငံရဲ့ လိုအပ်ချက်ကို ကြည့်ပြီးတော့ ကျွန်မတို့ဆုံးဖြတ်ပြီးတော့ သွားရမှာပါ။

အခုဒီကျွန်မတို့ အဖွဲ့ချုပ်ဝင်တွေစာထဲမှာ ကျွန်မတို့ပြန်ပြီးတော့ မှတ်ပုံတင်ရွေးကောက်ပွဲ လစ်လပ်နေတ့ေဲ နရာတွေမှာဝင်ရေးကို သဘောမတူတဲ့ အဖွဲ့ဝင်များဟာလည်း ကျွန်မတို့နဲ့ အတူလက်တွဲပြီးတော့ စိတ်ရောကိုယ်ပါ အတတ်နိုင်ဆုံး ကြိုးစားကြိုးစား သွားကြပါလို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မစောစောက ပြောခ့တဲ့ဲ အတိုင်းပါပဲ၊ ဒါဒီမိုကရေစီပဲ၊
ကိုယ်ဟာ ဘယ်လောက် ဒီမိုကရေစီချစ်မြတ်နိုးတယ်ဆိုတာ ဒီဟာမျိုးကပြတယ်။

ကိုယ်သဘောမတူတဲ့ ကိစ္စဖြစ်ရင်တောင်မှ ဒီမိုကရေစီ သဘောထား အရ ကိုယ်ကနေပြီးတော့ ရှိသမျှ အင်အားတွေနဲ့ဖေးမပေးမယ်။ အောင်မြင်အောင် လုပ်ပေးမယ်ဆိုတ့စဲိတ်ဓါတ်ကို မွေးမြူစေချင်ပါတယ်။ ဒီလိုစိတ်ဓါတ်တွေနဲ့ ကျွန်မတို့လုပ်သွားမယ်ဆိုလို့ ရှိရင် အောင်နိုင်မှုဆိုတာ သေချာပေါက် ကျွန်မတို့ရမှာပါ။
ကျွန်မတို့နဲ့ အရင် ကျွန်မလွတ်လာတဲ့ အချိန်အထိတော့ စပြီးတော့ တွဲခ့တဲ့ဲ ဒီမိုကရေစီ ကွန်ရက်ထဲက ပုဂ္ဂိုလ်များလည်းရှိပါတယ်။ အဲဒီပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကိုလည်း ကျွန်မတို့ ထည့်ပြီး၊ စဉ်းစားပြီးတော့ ဆက်လုပ်သွားစေချင်ပါတယ် ဆိုတာကိုတော့ ကျွန်မအခုကတည်းက ပြောထားပါရစေ။
ကိုယ်လိုတဲ့ အခါသုံးပြီး မလိုတ့အဲ ခါ ပစ်တဲ့ အဖွဲ့အစည်းမျိုး လုံးဝမဖြစ်စေချင်ပါဘူး။ အမြဲတမ်းကျွန်မတို့ အပေါ်မှာကောင်းခ့တဲ့ သဲူ၊ ရဲဘောရဲဘက် တွေ၊ မဟာမိတ်တွေနဲ့ ဆက်ပြီးတော့ လက်တွဲသွားပြီးတော့ ကျွန်မတို့ နိုင်ငံဟာအားလုံးလိုချင်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုဖြစ်တဲ့ အထိ ကျွန်မတို့ ဆက်ပြီးတော့ လျှေက်လှမ်းသွားမယ် ၊ အဲဒါအတွက်အားလုံးက စုပြီးတော့ တက်တက်ကြွကြွနဲ့ ၀ိုင်းပြီးတော့ ပါဝင်ကြပါဆိုပြီးတော့ ကျွန်မကနေပြီးတော့ မေတ္တာရပ်ခံ ချင်ပါတယ်။

အလုပ်တွေများမယ့် ကိစ္စဖြစ်လာပြီဆိုတော့ အားလုံးဟာ နံပါတ် ၁ ကတော့ မှန်ကန်တဲ့ စိတ်ဓါတ်တွေကို တောင့်ထားရမှာပါ။ မမှန်ကန်တဲ့ စိတ်ဓါတ်တေကွိုတော့ ပယ်ရှားလိုက်ပါ။ မှန်ကန်တဲ့ စိတ်ဓါတ်တွေနဲ့ ကျွန်မတို့ရှေ့ကို ဆက်ပြီးတော့ သွားရမယ်၊ အခက်အခဲတွေ အများကြီးရှိမယ်။ ဒါကျွန်မတို့ လွယ်တဲ့ လမ်းလို့ မပြောခ့ပဲါဘူး။ စပြီးတော့ ဒီလမ်းကြီးဟာလွယ်ခ့တဲာမဟုတ်ပါဘူး။ ဒီလမ်းကြီးကလည်း အဆုံးမရှိတ့လဲ မ်းပါ။ တကယ်တော့ ဒီမိုကရေစီဆိုတာ အဆုံးမရှိတ့လဲ မ်းပါ။

ဒီမိုကရေစီအစိုးရတခု တက်ပြီးရင် တာတောင်မှ တည်တံ့ခိုင်မြဲဖို့ လုပ်ရတာတွေ အများကြီးရှိပါတယ်။
အခုကမ္ဘာမှာကြည့်လိုက်လို့ ရှိရင် အင်မတန်မှ ၀ါရင့်နေပြီဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံတွေ တောင်မှ ထပ်တလဲလဲ ပြဿနာတွေပေါ်တယ်။ ထပ်တလဲလဲ အခုလက်ရှိ ခေတ်ရဲ့ လိုအပ်ချက်တွေနဲ့ ဒီမိုကရေစီမူတွေကို ဘယ်လိုညှိရမလဲ၊ ဒီမိုကရေစီစံနှုန်းထားတွေကို ဘယ်လိုညှိရမယ် ဆိုတဲ့ ပြဿနာတွေဟာ အမြဲပေါ်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့လည်းထပ်တလဲလဲ ထပ်ြပီးတော့ ကြိုးစားသွားရမယ် အင်မတန်မှ ခက်ခဲတ့လဲ မ်းအရှည်ကြီးကို လျှောက်တ့အဲ ခါမှာ ရဲဘော်ရဲဘက် စိတ်အပြည့်နဲ့ တဦးအပေါ်တဦး သစ္စာစောင့်ထိန်းပြီး တော့ နိုင်ငံအကျိုး ပြည်သူ့အကျိုးကိုသာ မျက်နှာမူပြီး
လုပ်သွားကြပါလို့ ကျွန်မမေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။ ။

No comments:

Post a Comment