ondragstart="return false" onselectstart="return false"

Thursday, November 24, 2011

အစိုး​ရစစ်​ကြောင်း​ ​ပေါ်တာများ​ကို အဓမ္မခိုင်း​စေ

Published on November 24, 2011 by ဒီဗွီဘီ

ကေအိုင်​အေ (ကချင်လွတ်လပ်​ရေး​တပ်မ​တော်) ကို ထိုး​စစ်ဆင်တိုက်ခိုက်​နေတဲ့​ အစိုး​ရစစ်​ကြောင်း​တွေဟာ ​ပေါ်တာအထမ်း​သမား​တွေကို အဓမ္မခိုင်း​စေ​နေတယ်လို့​ စစ်​ကြောင်း​က​နေ ထွက်​ပြေး​ လာတဲ့​ ​ပေါ်တာ​တွေက ​ပြောပါတယ်။

ဝိုင်း​မော်မြို့​နယ် အ​ရှေ့​ဘက် နန့်​ဆန်ယန်​ဒေသအတွင်း​ လှုပ်ရှား​နေတဲ့​ ခလရ ၁၂၁၊​ ခမရ ၃၈၄၊​ ၃၈၈ ပူး​ပေါင်း​စစ်​ကြောင်း​တခုမှာ ​ပေါ်တာအထမ်း​သမား​ ၃ဝ ​ကျော်ကို အသုံး​ပြု​နေတယ်လို့​ စစ်​ကြောင်း​က​နေ ထွက်​ပြေး​လာတဲ့​ ​ပေါ်တာတဦး​ဖြစ်သူ ကိုခင်​မောင်ဇင်က ​ပြောပါတယ်။

“မနက် ၄၊​ ၅ နာရီက​နေ ည​နေ ၅ နာရီခွဲအထိ အနည်း​ဆုံး​လျှောက်ရတယ်။ တခါတ​လေ မိုး​ချုပ်မှ အိပ်တယ်။ ကတုတ်ကျင်း​တွေလည်း​ တူး​ပေး​ရတယ်။ ​နေရာရှင်း​ပြီး​မှ အိပ်ရတယ်၊​ ​တောထဲမှာ။ သစ်ပင်​တွေလှဲ အဲလိုမျိုး​။ ကျ​နော်တို့​ ရိက္ခာ​တွေ ပစ္စည်း​တွေ အကုန်ထမ်း​ရတယ်။ လူနာ​တွေ၊​ ပစ္စည်း​တွေက အချိန် ပိဿာ ၂ဝ၊​ ၃ဝ ​လောက်ရှိမယ်။ မထမ်း​နိုင်တဲ့​ခါ သူတို့​ပစ်သတ်တာ များ​တယ်။ ကျ​နော် အ​တွေ့​အကြုံအရ ​ပေါ်တာ ပစ်သတ်တာ ၂ ​ယောက်​လောက် ​တွေ့​တယ်။ ကျ​နော်​ရှေ့​မှာပဲ ခလရ ၁၂၁ က ပစ်သတ်တာ။

ကိုခင်​မောင်ဇင်ဟာ နန့်​ဆန်ယန်​ရွှေ​မှော်အတွင်း​ လုပ်ကိုင်​နေစဉ် ​အောက်တိုဘာ ၁၉ ရက်က ​ရွှေ​မော်ထဲကို ဝင်​ရောက်လာတဲ့​ အစိုး​ရတပ် စစ်​ကြောင်း​ရဲ့​ ​ပေါ်တာအဖြစ် ဖမ်း​ဆီး​ခံခဲ့​ရသူပါ။

အလား​တူ ​ပေါ်တာအဖြစ် ဖမ်း​ဆီး​ခံခဲ့​ရပြီး​ ထွက်​ပြေး​လာသူ ကိုမင်း​သူက “နှိပ်စက်တာက​တော့​ မျိုး​စုံပဲ။ သူတို့​ခိုင်း​တာ မလုပ်လို့​က​တော့​ ကန်တာတို့​၊​ ​သေနတ်ဒင်နဲ့​ ​ဆောင့်​တာတို့​ ဒါမျိုး​တွေက​တော့​ ရိုး​နေပြီ။ အဆိုး​ဆုံး​က​တော့​ မထမ်း​နိုင်ဘူး​၊​ မလုပ်နိုင်ဘူး​ဆိုရင် ​သေနတ်နဲ့​ တခါတည်း​ ပစ်သတ်ခဲ့​တာ။ ကျ​နော်တို့​ မလိုက်နိုင်ဘူး​လို့​ မ​ပြောရဲဘူး​။ ကျ​နော်တို့​ကို နန့်​ဆန်ယန်မှာ ဖမ်း​ဖမ်း​ချင်း​ တ​ယောက်သတ်လိုက်တယ်။ ​နောက်တ​ယောက်က​တော့​ နန့်​ဆန်ယန်အထွက် ​တောင်ကုန်း​မှာပဲ မထမ်း​နိုင်လို့​ ပစ်သတ်လိုက်တယ်။ ​နောက်တ​ယောက်က လမ်း​မှာထွက်​ပြေး​လို့​ ပစ်သတ်ခဲ့​တယ်။ ၃ ​ယောက်​လောက် ​သေသွား​ပြီ အရပ်သား​တွေ။ ကချင်ပြည်နယ်သား​တွေ​ကော၊​ ​အောက်ပိုင်း​က​တွေလည်း​ပါတယ်။ ထွက်​ပြေး​လို့​ ပစ်သတ်ခံရတဲ့​ထဲမှာ ရန်ကုန်သား​တ​ယောက်ပါတယ်။ သူက အသက်၂၀ ဝန်း​ကျင်ပဲ ရှိ​သေး​တယ်။”

အခုလ ၂၁ ရက်​နေ့​က ကချင်ပြည်နယ် မိုး​မောက်မြို့​နယ်၊​ အင်ဒပ်ဘွန်မှာ ​ကေအိုင်​အေနဲ့​ အစိုး​ရစစ်​ကြောင်း​တို့​ တိုက်ပွဲအပြင်း​အထန် ဖြစ်ပွား​နေစဉ် ကိုခင်​မောင်ဇင်နဲ့​ ကိုမင်း​သူတို့​အပါအဝင် ​ပေါ်တာ ၄ ဦး​လည်း​ ထွက်​ပြေး​လာပြီး​ ​ကေအိုင်​အေထိန်း​ချုပ် နယ်​မြေထဲကို ဒီက​နေ့​မနက်က ​ရောက်ရှိလာတာပါ။
http://burmese.dvb.no/archives/18225

No comments:

Post a Comment