ondragstart="return false" onselectstart="return false"

Saturday, November 12, 2011

ကချင်ပြည်နယ် စစ်ရေးအခြေအနေ ကြားဖြတ်သတင်း

နိုဝင်ဘာ ၁၁ ရက် နေ့ည ၇နာရီလောက်မှာ KIA တပ်မဟာ(၂)လက်အောက်ခံ တပ်ရင်း (၁၁) မှ မြစ်ကြီးနားဘက်မှ ချီတက်လာသော အစိုးရစစ်ကြောင်း ကို ဧရာဝတီမြစ် အနား ဟူးကတ်ရွာ အ၀င်တွင် ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ခဏကသိရတယ်။

အစိုးရစစ်တပ် အင်အား ၁၀၀ ၀န်းကျင်ဟာ ပေါ်တာထမ်း အယောက် (၂၀) ၀န်းကျင်နှင့် ချီတက်လာတဲ့အချိန် ခြုံခိုတိုက်ခိုက်ခံရတယ်လို့သိရတယ်။ လမ်းပေါ်မှာ အစိုးရစစ်တပ်မှ တပ်ကြပ် တစ်ဦးအပါအ၀င်း ၇ ဦးသေဆုံးနေတယ်လို့သိရတယ်..တစ်နာကျော်ပစ်ခတ်ခဲ့ကြတယ်လို့သိရတယ်..

ပြီးတော့ ဒီနေ့ မနက် ၇:၃၀ မှာလည်း ဆင်ဘို အနား မန်ကင်းရွာဘက်က ပေါ်တာစုဆောင်းပြီးချီတက်လာတဲ့ အစိုးရတပ် ခလရ (၁၄၁) တပ်ရင်းမှူး ဒုမှူးကြီးစိုးသူရဦးဆောင်သောစစ်ကြောင်း ကို KIA တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၅) မှခြုံခိုတက်ခိုက်ခဲ့တယ်လို့သိရတယ်။ အစိုးရအင်အား က ၇၀ လောက်ရှိတယ်တဲ့.. အသေပျောက်တော့မသိသေးဘူး. အဲဒီစစ်ကြောင်းနဲ့ပဲ ဒီညနေပိုင်း ၂နာရီလောက်မှာတစ်ခေါက်ပြန်ပစ်ခတ်ခဲ့ကြသေးတယ်လို့သိရတယ်. အစိုးရစစ်တပ်က တပ်ကြပ်ကြီးတစ်ယောက် မိုင်းနင်းမိပြီး သေသွားတယ်လို့သိရတယ်

မှတ်ချက်။ ။ ၀င်လာတဲ့သတင်းကို မူရင်းအတိုင်းတင်ပေးလိုက်တယ်

Type the rest of your post here.

No comments:

Post a Comment