ondragstart="return false" onselectstart="return false"

Thursday, November 3, 2011

ဒီကေဘီအေနှင့်အစိုးရ နိုဝင်ဘာ ၆ ရက်နေ့ တရားဝင် အပစ်အခတ် ရပ်စဲမည်

by ဒီဗွီဘီ

ဒီ​ကေဘီ​အေ – တိုး​တက်​သော ကရင်အမျိုး​သား​ ဗုဒ္ဓဘာသာတပ်မ​တော် နဲ့​ အစိုး​ရတို့​ အပစ်အခတ် ရပ်စဲ​ရေး​ သ​ဘောတူညီချက် ရရှိသွား​ပြီဖြစ်ပါတယ်။

ဘား​အံမြို့​ကို မ​နေ့​က သွား​ရောက်ခဲ့​တဲ့​ ဒီ​ကေဘီ​အေ ကိုယ်စား​လှယ် အဖွဲ့​ဝင် ၇ ဦး​ဟာ အစိုး​ရကိုယ်စား​လှယ်​တွေနဲ့​ ​တွေ့​ဆုံပြီး​နောက် ဒီလ နိုဝင်ဘာ ၅ ရက်​နေ့​မှာ အပစ်အခတ်ရပ်စဲ ရေး​ ​ကြေညာပြီး​ ၆ ရက်​နေ့​မှာ ကရင်ပြည်နယ်တခုလုံး​မှာ အပစ်အခတ်ရပ်စဲသွား​ဖို့​ သ​ဘောတူလိုက်ကြတယ်လို့​ ဒီ​ကေဘီ​အေ​ခေါင်း​ဆောင် ဗိုလ်ချုပ်​စောလဲဘွဲ ​ခေါ် ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​က ဒီဗွီဘီကို ​ပြောကြား​ပါတယ်။

ကျန် ​နောက်ဆက်တွဲကိစ္စ​တွေကို​တော့​ ​ရှေ့​ဆက်​ဆွေး​နွေး​ကြမယ်လို့​လည်း​ သိရပါတယ်။

နယ်ခြား​စောင့်​တပ်ကို အသွင်​ပြောင်း​ဖို့​ ငြင်း​ဆန်ပြီး​ မနှစ်က နိုဝင်ဘာ ​ရွေး​ကောက်ပွဲ​နေ့​က စပြီး​ အစိုး​ရတပ်ကို စတင်တိုက်ခိုက်ခဲ့​တဲ့​ ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ ဦး​ဆောင်တဲ့​ ဒီ​ကေဘီ​အေ ဗုဒ္ဓဘာသာတပ်မ​တော်တပ်ဖွဲ့​က အပစ်အခတ်ရပ်စဲ​ရေး​နဲ့​ ပတ်သက်လို့​ အစိုး​ရဘက်နဲ့​ ကရင်ပြည်နယ်ဝန်ကြီး​ရုံး​မှာ ​အောက်တိုဘာ ၂၆ ရက်က ပဏာမ ​ဆွေး​နွေး​ခဲ့​ပါတယ်။
http://burmese.dvb.no/archives/17352

No comments:

Post a Comment