ondragstart="return false" onselectstart="return false"

Monday, November 21, 2011

ကချင်ပြည်နယ်တိုက်ပွဲသတင်း

သတင်းပေးပို့ သူ - လထောလက်

တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၅) ကို အစိုးရစစ်တပ် ခလရ (၁၄၁) နှင့် ၃၀၉
တပ်များကထိုးစစ်ဆင်တိုက်ခိုက်နေတာ ကြောင့်
တိုက်ပွဲများပျင်းထန်စာဖြစ်ပွားနေတာ (၇)ရက်ကျော်ရှိပြီဖြစ်ကြောင်း
သိရှိရသည်။ ဒေသခံတစ်ဦးပြောကြားရာမှာ
“အစိုးရတပ်အချင်းချင်း လက်နက်ကြီးမှားပစ်ပြီး
ထိခိုက်ဒဏ်ရာရရှိတဲ့လူတွေကို ကျွန်တော့တို့ရွာကနွားလည်းတွေနဲ့
တင်သွားတာကြတယ် ။ စစ်သား ၂၀၊ ၃၀ လောက်တော့ရှိမယ်ထင်တယ်”
“ တိုက်ပွဲဖြစ်တာတော့ တစ်ပတ်နီးပါးရှိလာပြီ KIA တို့က သူတို့ တပ်ရင်း ၅
ဌာနချုပ်ကို (17) ရက်နေ့က မီးရှို့ ဖျက်စီးပြစ်
လိုက်ပြီးချုံခိုတိုက်ခိုက်နေကြတယ်လို့သိရတယ၊်
စစ်ပွဲကတော့တော်တော်ကိုပျင်းထန်နေတယ်”
သူကဆက်ပြီး “16-11-2011 ရက်နေ့ မှာလည်း လ၀ါး နှင့် ဒွမ်ဘန်ရွာ
ကြားလီဒိုလမ်းပေါ်မှာ မိုးကောင်းကတက် လာတဲ့ စစ်ကား (၂)စီး ကိုKIA
တို့ကဗုံးခွဲတိုက်ခိုက်ခဲ့ကျတယ်” လို့ ဟုပြောပြခဲ့သည်။

ကချင်ပြည်နယ်တွင် စစ်ပွဲများတစ်နေ့ထက်တစ်နေ့ပို၍ ပျင်းထန်လာခဲ့ရာ KIA
လိုင်ဇာဌာနချုပ် ဘက်တွင်လည်း တပ်မများ
ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့်စစ်ပွဲတိမ်းရှောင်နေသော
ဂါးရာယန်ကျေးရွာရှိ ရွာသားများ၏ နေအိမ်မှ ပစ္စည်းများကို ၁၉-၁၁-၂၀၁၁
ရက်နေ့တွင် အစိုးရတပ်မှ စစ်ကားကြီး ၁၀ စီးဖြင့်တစ်အိမ်တက် တစ်အိမ်ဆင်း
သိမ်းယူသယ်ဆောင်သွားကြောင်းလည်း ဒေသခံများပြောကြားချက်အရသိရှိရပါသည်။

No comments:

Post a Comment