ondragstart="return false" onselectstart="return false"

Thursday, November 17, 2011

NDF တပ်ပေါင်းစုမှ မွန်ပြည်သစ်ပါတီ နှုတ်ထွက်

မွန်ပြည်သစ် ပါတီသည် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (NDF) မှ နှုတ်ထွက်သွားပြီးဟု မွန်ပြည်သစ် ပါတီ ခေါင်းဆောင်တဦးက ပြောပါသည်။ ဤဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်စပ် တနေရာ၌ ပြီးခဲ့သည့် နိုဝင်ဘာလ (၁၄၊ ၁၅၊ ၁၆) ရက်နေ့တွင် ကျင်းပသော အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု အစည်းအဝေးတခုမှ အတည်ပြုလိုက်ခြင်း ဖြစ်သည် ဟုဆိုပါသည်။ ထိုအစည်းအဝေးသို့ မွန်ပြည်သစ် ပါတီ ဗဟို အလုပ်အမှုဆောင် နိုင်ရွှေသိန်းက အဖွဲ့ ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့ပါသည်။

ကွယ်လွန်သွားပြီးသော မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ရွှေကျင် ၁၉၉၂ ခုနှစ်က မာနယ်ပလော ဌာနချုပ်သို့ အလည်ပတ် ရောက်ရှိစဉ် (ဓါတ်ပုံ - အင်တာနက်)

“ ကျနော်တို့ နှုတ်ထွ
က်တာ မှန်ပါတယ်။ အကြောင်းပြချက်က အထွေအထူးတော့ မရှိပါဘူး၊ ကျနော်တို့ ပါတီဟာ တပ်ပေါင်းစုအဖွဲ့ အတော်များများမှာ အဖွဲ့ ဝင်ဖြစ်ခဲ့ပါတယ်။ တကယ် အလုပ်လုပ်တော့မယ်ဆိုရင် လူမခွဲနိုင်တော့ ထိရောက်မှုက အားနည်းလာခဲ့တယ်။ အဲဒီအတွက်ပါဘဲ။ တချို့ နေရာမှာ နှုတ်ထွက်လိုက်ပြီးတော့ လိုအပ်တဲ့နေရာမှာ အားဖြည့်ဖို့ပါ”ဟု မွန်ပြည်သစ် ပါတီ ခေါင်းဆောင် တဦးက ပြောကြားခဲ့ပါသည်။

အလားတူ ချင်းအမျိုးသား တပ်ဦး (CNF) ကလည်း နှုတ်ထွက်ခဲ့ပါသည်။ ဤသို့ကြောင့် မွန်ပြည်သစ် ပါတီနှင့် ချင်းအမျိုးသား တပ်ဦးတို့သည်၊ (NDF)နှင့် ဆက်စပ်နေသော ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အဖွဲ့ ဝင်မှလည်း အလိုလို ရပ်ဆိုင်းသွားခဲ့ပြီး ဖြစ်သည်ဟု ဆိုပါသည်။

“ ကျနော်တို့ကတော့ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို ပိုပြီး အာရုံ စိုက်တော့မှာပါ။ လောလောဆယ် အချိန်ထိ တပ်ပေါင်းစုနှင့်သာ နအဖနဲ့ ဆွေးနွေးမယ်ဆိုတဲ့မူကို ဆုတ်ကိုင်ထားဆဲပါ။ တဖွဲ့ မှလည်း နအဖနဲ့ အပစ်အခတ် ရပ်စဲရေး မလုပ်ရသေးပါဘူး။ တချို့ အဖွဲ့ ရဲ့ သဘောထားဆိုရင် နိုင်ငံရေးအရ ဆွေးနွေးမှ အပစ်ရပ်မယ်ဆိုတဲ့အထိ သဘောထား တင်းမာလာတာ ရှိပါတယ်။ ဒါက တိုင်းရင်းသားတွေရဲ့ အသက်လေ။ ဒါကိုကျနော်တို့က ပိုပြီးအလေးထားရမှာပါ။” ဟု မွန်ပြည်သစ် ပါတီခေါင်းဆောင်က ဆိုပါသည်။
အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုသည် (၁၉၇၆) ခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး၊ (၁၉၈၂)ခုနှစ် ကျမှသာ မွန်ပြည်သစ် ပါတီက အဖွဲ့ ဝင်ဖြစ်လာခဲ့ပါသည်။ အဖွဲ့ ဝင်(၁၁)ဖွဲ့ အထိ ရှိခဲ့ပြီး။ စည်းကမ်းချက်များမှာ ပါတီ တရပ်ရှိခြင်း၊ အမျိုးသားတပ် မတော်တရပ်ရှိခြင်းနှင့် အခြေခံဒေသရှိခြင်း ဟူသည့် အချက်များပေါ်တွင် အခြေခံဖွဲ့ စည်းခဲ့သည်ဟု သိရပါသည်။
http://phophtaw.org/burmese/index.php/news/local-news/806-ndf-.html

No comments:

Post a Comment