ondragstart="return false" onselectstart="return false"

Tuesday, November 22, 2011

ကချင်ဓမ္မဆရာနှင့် လူ ၇ ဦးအား မြန်မာစစ် သားများ ဖမ်းဆီး

Written by KNG

မြန်မာပြည်မြောက်ပိုင်း ပြည်တွင်းစစ်ပြင်းထန်နေချိန် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် အပြစ်မဲ့ ကချင် နှစ်ခြင်းသင်းအုပ်ဆရာတပါးနှင့် ကချင်အမျိုးသား ၇ ဦးအား နိုဝင်ဘာလ ၁၇ ရက်ည၌ မြန်မာအစိုးရတပ်က ဖမ်းဆီးသွားသည်။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA)ကို ကူညီပေးနေသည်ဟူသော သံသယဖြင့် အသက် ၆၀ နှစ် သိက္ခာတော်ရ ဆရာဦးမောင်သန်း၊ ခန်းမားကွမ်ဖန်၊ လမော်ဒုတ်၊ လမိုင်အောင်၊ ဇခုန်ယော်တိန့်၊ ဇခုန်ယော်ဆော၊ ဇခုန်လတ်နှင့် အင်ခွမ်လနူး တို့အား နမ့်ခမ်းမြို့ ဟူနားကျေးရွာတွင် ည ၉ နာရီခန့်၌ မြန်မာအစိုးရတပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ၎င်းတို့၏ ဆွေမျိုးများ ဆိုသည်။

“လူမျိုးရေးဆန်တယ်။ ဘာလို့လဲဆိုတော့ ရှမ်းအိမ်တွေလည်းဒီလောက်ရှိတဲ့ကြားထဲက ကချင်အိမ်တွေထဲပဲ ၀င်ဖမ်းသွားတဲ့အတွက်မို့လို့အဲဒီညက ဘယ်ရှမ်းအိမ်ထဲမှ ၀င်ဖမ်းမသွားဘူး။ ရှမ်းနဲ့ ကချင်ကို အစိုးရသွေးခွဲချင်ပုံရတယ်။” ဟု ဒေသခံတစ်ဦး ကချင်သတင်းဌာနသို့ပြောသည်။

ယခုလို ဖမ်းဆီးမှုအား ကျောက်မဲအခြေစိုက် စကခ (၁) အောက် စစ်သားများပြုလုပ်သည်ဟု ဒေသခံများဆိုသည်။

ဖမ်းဆီးထားသော သင်းအုပ်ဆရာအား နောက်တစ်နေ့တွင် ပြန်လွတ်ပေးသော်လည်း ကျန် ၇ ဦးကို ယနေ့အထိ မလွတ်သေးကြောင်း မိသားစုများဆိုသည်။ ထို့အပြင် ၎င်းတို့အား မြန်မာစစ်သားများ ညှဉ်းပန်းနှိပ်စက်ကာ KIA အဖွဲ့ဝင်များအဖြစ် အဓ္ဓမ၀န်ခံစေပြီး ဆက်လက်ရိုက်နက်စစ်ဆေးနေနေသည်ဟု မိသားစုဝင်များ ဆက်ပြောသည်။

အဖမ်းခံရသူများကို တွေ့ဆုံရန် မြန်မာစစ်သားများ တားမြစ်ထားသည့်အတွက်လည်း ၎င်းတို့၏အသက်တွက် မိသားစုနှင့် ဆွေမျိုးသား အထူးစိုးရိမ်နေကြောင်း ကချင်သတင်းဌာနမှ စုံစမ်းသိရသည်။
http://burmese.kachinnews.com

No comments:

Post a Comment