ondragstart="return false" onselectstart="return false"

Saturday, April 17, 2010

ကရင်အမျိုးသားအလံကို ပါတီအလံအဖြစ်အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ကရင်တစ်ဦး၏အမြင်

အီးမေးမှတဆင့်ပေးပို့ လာသော နန်းဝေေ၀ အား အထူးကျေးဇူးတင်ပါသည်။

KPP & UKL

ကျမ မသိပါ သင်တို့ ဘာပါတီ ဘာအဖွဲ့ အစည်းဖြစ်နေပါစေကျမ မသိချင်ပါ စိတ်လည်းမ၀င်စားပါ ။ သို့ သော်ကျမ စိတ်ဝင်စားသော အကြောင်းအရာက သင်တို့ ပါတီအတွက် အလံကို ကိုယ်စားပြုသည်ကိုပါပဲ။ သင်တို့ ရူးနေသလားမသိပါ။ ဒါမှမဟုတ် အာဏာရူးနေတာလာ။ သင်တို့ တွေသည် ထမင်းစားနေ
သော ကရင်လူမျိုးဖြစ်သည်။သင်တို့ သည် ကရင်အလံကို ဘယ်လိုအဓိပါယ် ဘယ်လိုခက်ခက်ခဲခဲ တောင်းယူခဲ့ရသည်ကိုသိပါလိမ့်မည်။ အခုသင်တစ်ဦးတည်းပိုင်ဆိုင်အောင်လုပ်တော့မည်လား................ သင်တို့ ပါတီတစ်ခုတည်းအတွက်နဲ့ တစ်မျိုးသားလုံးရဲ့သိက္ခာကို ချတော့မည်လား................သင့်ပါတီအတွက်သေချာပြီလား..........သင်မျက်စိကန်းနားကန်းနေတာလား.... သင့်မှာဦးနှောက်မရှိဘူးလား....ကရင်လူထုတစ်ခုလုံးကကန့် ကွက်တာကိုတောင်သင်တို့ ဆက်လုပ်သည်ကိုက သင့်မှာအရှက်မရှိတာလား...သင်လူမျိုးတစ်ခုလုံးရဲ့တရားခံဖြစ်ချင်တာလား..သင်တို့  ကိုယ့်ကိုကိုယ်ဘယ်လိုထင်နေကြတာလဲ ...

အရမ်းသနားတယ် သင်တို့ ကို။( ဘုရားသခင်ကပြောခဲ့ပါတယ် ကောင်းသောအရာများလုပ်ရင် ကောင်းသောအရာများဘုရားထပ်ပေးမယ်၊ မကောင်းတဲ့အရာလုပ်ရင်တော့ဘုရားသခင်က သင်တို့ကိုပြန်ရုတ်သိမ်းသွားပါလိမ့်မယ်၊)
ဒါပေမဲ့ နအဖ ကတော့ အချိန်မေ၇ွးခင်ဗျားတို့ ကို ရုတ်သိမ်းသွားနိုင်တယ်ဆိုတာမမေ့ပါနဲ့ 
စိတ်ကူးမယဉ်ပါနဲ့ ၊ သင်တို့ ဟာကရင်လူမျိုးအတွက်ဆိုရင် အကြီးကြီးဖြစ်ချင်ဖြစ်လိမ့်မယ်
ဒါပေမဲ့ နအဖ အတွက်တော့ မြေမှုန်စာလောက်ပါပဲ။

သင်တို့ တွေက ဘာတွေအတွက်ဦးတည်သလဲဆိုတာ ကျမစိတ်မ၀င်စားပါဘူးသေချာတာတစ်ခုကတော့ ကရင်လူမျိုးအတွက် ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူးဆို တာတော့ သေချာတယ်သင်တို့ ကရင်အတွက် ဘာမှမလုပ်ပေးနိုင်ပဲနဲ့  ကရင်ကိုယ်စားပြု အလံကိုသုံးတယ်ဆိုတာကသင်တို့ မှာအရှက်မရှိဘူးဆိုတာသေချာသွားပြီ။ ဒါကထူးဆန်းတာမဟုတ်ပါ။သင်တို့အားကိုးနေသော ဆရာကိုယ်
တိုင်က အရှက်မရှိ ဖြစ်နေသည့်အတွက် သင်တို့ မရှက်တတ်တာ မထူးဆန်းပါ။

ခေါင်းဆောင် စောဘဦးကြီးက ပြောခဲ့ပါတယ် ကရင်တွေကိုယ့်ကိုကိုယ်ကရင်မှန်းသိတဲ့နေဟာ ကရင်ပြည်ရတဲ့နေ့ပါပဲအခုသင်တို့ လုပ်ဆောင်ချက်တွေဟာ ရိုင်းရိုင်းပြောရရင် နအဖ အိမ်သာတက်ဖို့ အတွက် ထိုင်ခုံလေးလိုပါပဲနအဖ လက်ကိုင်တုတ်အဆင်တောင်မရှိတဲ့သင်တို့ က ဘာတွေ လုပ်ကြမှာလဲ ၊
သင်တို့ တွေလည်းနားယောင်နေတာလား ၊ သူတို့ ဘယ်နှခါကတိတည်ဖူးလဲ ပြန်စဉ်းစားကြည့်ပါအုံး၊
သင်တို့ ရဲ့ အမျိုးတွေ (ကရင်) မြန်မာ၊ထိုင်းနယ်စပ်မှာ ပြေးကြလွှားကြငိုကြွေးကြနဲ့ ၊
ပျော်လို့ လုပ်နေကြတယ်ထင်လို့ လားအသင်တို့ ၊ ငရဲခန်းမှာ သင့်အမျိုးတွေ ခံစားနေရတာ သင့်ညီမ၊အမတွေ အစော်ကားခံနေရတာ၊သတ်ဖြတ်ခံနေရတာ ထိုင်ကြည့်ရ၊ကြားရတာကိုမရောင့်ရဲမတင်းတိမ် နိုင်ကြသေးဘူလား ၊ ကရင်လူမျိုးရဲ့ အလံ ကိုတောင် အလွဲသုံးစားကြတော့မှာလား

နန်းဝေဝေ

No comments:

Post a Comment