ondragstart="return false" onselectstart="return false"

Monday, April 26, 2010

နယ်ခြားစောင့်တပ် လက်မခံသည့် ကရင်အဖွဲ့၏ စီးပွားရေးလုပ်ငန်းများ စတင် ကန့်သတ်ပိတ်ပင်ခံရ

ခေတ်အဆက်ဆက်က ဗမာအစိုးရဟာ ကျနော်တို့ တိုင်းရင်းသားတွေ အပေါ်ဘယ်တော့မှ မရိုးသားပဲ ကလိမ်ကကျစ်ကျနေတယ် ဆိုဒါ သိသိနဲ့ ဖိုးဖိုးထိန်မောင်ရေ... ဒီတခါတော့ တပည့်ကျော် တီးမသေတို့  မော်ကျော်တို့ မကယ်တော့ဘူးလား ဖိုးဖိုးကို.... အချိန်မနှောင်းသေးပါ ဖိုးဖိုးရေ... သံလွင်၊ သောင်ရင်း မြစ်ကမ်းနံ့ ဘေးမှာ သင်တိုင်းဖြူ၊နီ၊၀ါ၊ပြာ၊နက် တွေ ခွင့်လွတ်ခြင်းများစွာဖြင့် ကြိုဆိုမြဲပါ.....

ရဲရင့် / ၂၆ ဧပြီ ၂ဝ၁ဝ

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စကို လက်မခံသည့် စောဌေးမောင် ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီ အဖွဲ့၏ စီးပွားရေးလုပ်ငန်းများကို နအဖက စတင်ကန့်သတ် ပိတ်ပင်လိုက်သည်ဟု အဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါအဖွဲ့မှ စီးပွားရေးလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူတဦးက “မနေ့တနေ့က စပြီး မြ၀တီကနေ အောက်ကို ကုန်ပစ္စည်းပို့တဲ့ ကားကြီးတွေကို ခွင့်မပြုတော့ဘူး။ နောက်ပြီး မကြာခင်မှာ ကျနော်တို့ရဲ့ ခရီးသည်တင်ကား ပြေးဆွဲမှုတွေလည်း ရပ်ထားရတော့မယ်လို့ သတင်းရထားတယ်။ အဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ အဖိုးစောဌေးမောင်ကတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရမယ့်ကိစ္စကို လုံးဝလက်မခံဘူး။ ဒါကြောင့် ကျနော်တို့အဖွဲ့ကို အခုလိုမျိုး ပြဿနာ စလုပ်တာဖြစ်တယ်” ဟု ပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က နအဖ၏အမိန့်ကို လက်မခံရခြင်းမှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းပါက လက်ရှိ မိမိတို့အဖွဲ့အစည်း၏အမည်၊ အဖွဲ့၏အလံအပါအ၀င် တပ်ဖွဲ့အမှတ်အသားများနှင့် တပ်ဖွဲ့ဝင်များ၏ စစ်ယူနီဖောင်းမှအစ ပြောင်းလဲဝတ်ဆင်ရမည်ဖြစ်ပြီး နအဖအပေါ် သစ္စာရှိပါမည်ဟု ကတိပြုကြရမည် ဖြစ်သည့်အတွက် မိမိတို့ရည်ရွယ်ချက်များနှင့် လုံးဝသွေဖည်သဖြင့် လက်မခံခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအပါအ၀င် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ကျန်ရှိနေသည့် တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို ယခုလ (၂၈) ရက်တွင် နောက်ဆုံးထား၍ အသွင်ပြောင်းပေးရမည်ဟု အမိန့်ထုတ်ထားပြီး လက်မခံသည့် အဖွဲ့အစည်းများကို မတရားအသင်းအဖြစ် ကြေညာသွားမည်ဖြစ်ကြောင်း နအဖစစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ခြိမ်းခြောက်ပြောဆိုထားသည်ဟု အပစ်ရပ်အဖွဲ့များက ပြောသည်။

စောဌေးမောင်အဖွဲ့အနေဖြင့် နယ်ခြားစောင့်တပ်အသွင်ပြောင်းခြင်းကို လက်မခံပါက ဌာနေပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်သည်ဟု နအဖက ပြောဆိုလာသော်လည်း မည်သည့်ပြောင်းလဲဖွဲ့စည်းမှုကိုမှ လက်မခံဟု ကရင်ငြိမ်းချမ်းရေးကောင်စီက ပြောကြားလိုက်သည်။

နယ်ခြားစောင့်တပ်အဖြစ် လက်မခံသည့်ကိစ္စကို ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ၎င်းတို့ဌာနချုပ်တည်ရှိရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးကျေးရွာတွင် ဘုန်းတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ဒေသခံအချို့တို့အား အသိပေးသည့် ရှင်းလင်းပွဲတရပ်ကို ယနေ့ပြုလုပ်ခဲ့သည်။

အဆိုပါရှင်းလင်းပွဲတွင် ကရင်ငြိမ်းချမ်းရေးကောင်စီက နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်းကို လက်မခံဘဲ ကရင်အာဇာနည် ဖြစ်သည့် စောဘဦးကြီး ချမှတ်သွားသည့် လက်နက်ချစကား အလျဉ်းမပြောရ၊ ကရင့်လက်နက် ကရင့်လက်ထဲ ရှိရမည်၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမည်၊ ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်ဆိုသည့် မူ (၄) ချက်ကို ဆက်လက် ကိုင်စွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

နအဖ၏နယ်ခြားစောင့်တပ်တွင် အပစ်ရပ်အဖွဲ့များမှ အသက် (၄၀) အောက်များကိုသာ လက်ခံပြီး ကန့်သတ်အသက် ကျော်လွန်သည့် ကျန်တပ်ဖွဲ့ဝင်များမှာ အဖွဲ့မှ ထွက်ပေးရမည်ဖြစ်ကာ ၎င်းတို့ဖွဲ့စည်းပေးသည့် တပ်ဖွဲ့ဝင် အရေအတွက်အတိုင်း ထုတ်ပေးသည့် လက်နက်များကိုသာ ကိုင်ဆောင်ရမည်ဖြစ်ပြီး အပစ်ရပ်အဖွဲ့များရှိ လက်နက်အားလုံးကို နအဖထံ ပေးအပ်ရမည်ဟု မွန်အပစ်ရပ်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့သည် နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့်ကိစ္စကို လက်မခံနိုင်ကြောင်း ယမန်နှစ် နှစ်ကုန်ပိုင်း ဘားအံမြို့၌ နအဖအဆင့်မြင့် ဗိုလ်ချုပ်ကြီးများနှင့် ဆွေးနွေးခဲ့ရာတွင် စောဌေးမောင်က ပြောကြားထားပြီးဖြစ်သည်။

စောဌေးမောင်နှင့်အဖွဲ့သည် ၂၀၀၇ ခုနှစ်က ကေအန်ယူမှခွဲထွက်ပြီး နအဖနှင့်ပူးပေါင်းကာ ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် အခြေစိုက်သည်။
ခေတ်ပြိုင်မှ

No comments:

Post a Comment