ondragstart="return false" onselectstart="return false"

Friday, April 16, 2010

၂၀၁၀ ပိတောက်


၂၀၁၀ ပိတောက်
ကမာပုလဲ

နှစ်ရှည်လများ ဘယ်လိုအရပ်မျိုးမှာ
ခိုးခိုးပြီးပွင့်နေပါသလဲ အို … ပိတောက်
ငါ့ရဲ့ ရွှေအိုရောင် ပိတောက်တမ်းချင်းမှာ
အိပ်မက်တွေထဲ …
မင်းဟာ … အစိမ်းရောင်တွေနဲ့ ပွင့်တယ်။

ငါဟာ …
စိတ်ကူးယဉ်တောလား ရေးဖွဲ့ကျွမ်းသူ မဟုတ်ပါဘူး
ခေတ်တခေတ်ကို စေ့ငုကြည့်တဲ့အခါ
ရိုးပြတ်နဲ့ စက်ရုံကျေးလက်တွေထဲ ….
ငါ … မင်းကိုရှာခဲ့တယ်
ဧပြီလတိုင်းမှာပေါ့ …
စိတ်ကောက်ပြီး အရွဲ့တိုက်ပွင့်နေလည်း
စစ်မှန်တဲ့ မင်းရဲ့ကိုယ်သင်းရနံ့က …
ငါ့အပေါ် ထာဝရ မွေးမြနေဆဲမို့ပါ …။

ငါဟာ …
သူငယ်နှပ်စားတယောက်
(ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်)
ဒါပေမယ့်
မင်းကိုတော့ …
ငယ်ဘ၀ရဲ့ တပ်မက်မှုမျိုးနဲ့
ရိုးသားစွာ … ချစ်ခဲ့တယ်။

မရယ်နဲ့ … မာရီယာ
မင်း မရယ်ပါနဲ့ …
နှင်းတွေရဲ့ အနက်ရှိုင်းဆုံးအောက်ခြေထုမှာ
ဇာဘုရင်စနစ်ဆိုးကို သင်္ချိုင်းပို့ပစ်ခဲ့တဲ့
အောက်တိုဘာပန်းပွင့်တွေ … ပွင့်ခဲ့တယ်။

အေး … ဒီလိုပဲ
ငါတို့အရပ်ရဲ့ နွေဦးမတ်လတွေမှာလည်း
ဖက်ဆစ်ကို …
အမြစ်လှန်ပစ်လိုက်တဲ့ နှင်းဆီနီတွေ ပွင့်တယ်၊
များမကြာမီမှာ…
ပိတောက်တွေက ဂုဏ်ပြုအမှတ်တရ ပွင့်တယ်၊
ဒါဟာ …
ဖျောက်ပစ်လို့မရတဲ့ အစစ်အမှန် သမိုင်းပဲ …။

ငါ … ယုံကြည်တယ်
၂၀၁၀ မှာ …
မင်းဘာသာ ဘယ်နေရာမှာပဲ ပွင့်ပွင့်
အဲဒီပိတောက်တွေဟာ …
အေကေသေနတ်တလက်ရဲ့
တရားမျှတတဲ့ ဆာလောင်မွတ်သိပ်မှု သေနတ်ပြောင်းဝမှာ
သူ့ချစ်သူ ကျည်ရိုက်တံ မောင်းတုံးနဲ့
လှလှပပ ပွင့်လိမ့်မယ် …။ ။

ကမာပုလဲ
ဧပြီ၊ ၂၀၁၀။
ဒေါက်တာလွဏ်းဆွေဘလော့မှပြန်လည်ကူးယူဖေါ်ပြသည်။

No comments:

Post a Comment