ondragstart="return false" onselectstart="return false"

Thursday, April 1, 2010

နအဖ စစ်တပ်မှ ရွာသား ကွမ်းသီးခြံတွင် မိုင်းထောင် ခြံပိုင်ရှင် လင်မယားမိုင်းထိ

၀၂၊ ၀၄၊၂၀၁၀

မတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်လောက်တွင် စကခ - ၇ လက်အောက်ခံ ခမရ ၄၂၇ မှ နအဖ စစ်တပ်သည် ကရင်ပြည်နယ် သံတောင်မြို့ နယ် ကော်သဲဒါး ရွာရှိ ရွာသားတစ်ဦး၏ ကွမ်းသီးခြံတွင် မိုင်းထောင်ထားရန် ခြံပိုင်ရှင်ဖြစ်သော စောလယ်စေး(၅၃)နှစ်၊ ဇနီးသည် နော်ထီးဒို(၄၀)နှစ် တို့ သည် ခြံသို့  အလုပ် လုပ်ရန်သွားသော အချိန်တွင်မိုင်းနင်းမိပြီး စောလယ်စေးမှာ ခြေပြတ်ပြီး ဇနီးသည် နော်ထီးဒို ဦးခေါင်းမှာ ဒဏ်ရရှိသွားသည်ဟု သတင်းရရှိပါသည်။

အဆိုပါဒေသတွင် ရွာသူရွာသားများလုပ်ကိုင်စားသောက်လို့ မရအောင် ဗမာ စစ်တပ်မှ ဥယဉ်ခြံမြေတွေကို မီးရှို့ ပစ်ခြင်း ခြံမြေများတွင် မိုင်းထောင်ထားခြင်းများကို ဆက်တိုက်ပြုလုပ်နေပြီး ဒေသခံများ လုပ်ကိုင်စားသောက်ရန် အင်မတန်မှ အခက်ခဲတွေ့ ကြောင်းသတင်းရရှိပါသည်။

Type the rest of your post here.

No comments:

Post a Comment