ondragstart="return false" onselectstart="return false"

Friday, April 16, 2010

သေဆုံးသူများအနက် မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူးပါဝင်၊ ဒဏ်ရာရသူအရေအတွက် ၁၂၅ဦး

ရန်ကုန်သင်္ကြန် ဗုံးပေါက်မှုနှင့်ပါတ်သက်၍ ကျနော်တို့ သောသီခိုအဖွဲ့ သားများမှ ဒီလိုလုပ်ရပ်မျိုးကို ပြင်းထန်စွာ ရှူပ်ချပါသည်။ သေဆုံး ထိခိုက်ဒဏ်ရာရသော အပြစ်မဲ့ပြည်သူများ အတွက် အထူးစိတ်မကောင်းဖြစ်မိပါကြောင်း ပြောကြားလိုပါသည်။

မိုးမခအထောက်တော်၊ ရန်ကုန်
ဧပြီ ၁၆၊ ၂၀၁၀

ယမန်နေ့ညနေ ကန်တော်ကြီးစောင်း သင်္ကြန်မဏ္ဍပ်ရှေ့၌ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် သေဆုံးသူများအနက် မင်္ဂလာတောင်ညွှန့်မြို့နယ် စည်ပင် အုပ်ချုပ်ရေးမှူးတဦးပါဝင်ကြောင်း ယနေ့ထုတ် သတင်းစာပါ နာရေးကြော်ငြာအရ သိရှိရသည်။

အစိုးရပိုင် တီဗီနှင့် သတင်းစာကြေငြာချက်အရ ၈ဦးသေဆုံးသည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး အမျိုးသား ၅ဦး အမျိုးသမီး ၃ဦးဟုပါရှိသည်။ ထိုသေဆုံးသူ ၈ဦးအနက် မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဖြစ်သူ အငြိမ်းစား ဗိုလ်ကြီး သန့်စင်သိမ်း (၃၂နှစ်) ပါဝင်ခဲ့ခြင်း ဖြစ်သည်။ မဇ္ဈိမ သတင်းဌါန၏ ဖေါ်ပြချက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် အေးချမ်းသာယာရေး ကောင်စီ ဥက္ကဌဖြစ်သူ ဦးကျော်ငြိမ်းလည်း ဒဏ်ရာရရှိသူများ အနက်ပါဝင်ကြောင်းသိရသည်။

မျက်မြင်တဦးက ပြောကြားရာတွင် -
“ပထမဗုံးတလုံး ပေါက်တော့ အဲဒီစည်ပင်အုပ်ချုပ်ရေးမှူး ဗိုလ်ကြီးသန့်စင်သိမ်းက အရင်ဆုံး သွားကြည့်တယ်။ အဲသည်မှာတင် နောက်တလုံး ထပ်ပေါက်ကွဲတော့ သူ့ကိုပါ တခါတည်း ထိသွားတော့တာပဲ။” ဟု ဆိုသည်၊ ယနေ့ညနေ ရေဝေးတွင် မီးသဂြိုဟ်မည်ဟု ဖော်ပြထားသည်။ ထိုမဏ္ဍပ်နှင့် စည်ပင်ရုံးဝင်းမှာ ပေ ၁၀၀ ခန့်သာ ဝေးသည်။

ယမန်နေ့က မြန်မာ့ရုပ်သံ၊ MRTV 4 တို့မှ ဗုံးကွဲသည့် သတင်းကိုဖြစ်ပွားသည့် ညနေထုတ်လွှင့်ခဲ့ရာတွင် ဒဏ်ရာရရှိသူ ၉၄ဦးရှိသည်ဟု ကြေငြာခဲ့သော်လည်း ယနေ့ထုတ် အစိုးရသတင်းစာများတွင်မူ ဒဏ်ရာရရှိသူ တိုးမြင့်လာခဲ့ပြီး အမျိုးသား ၁၂၅ဦးနှင့် အမျိုးသမီး ၄၅ဦး စုစုပေါင်း ၁၇၀ ဦးဟုဖေါ်ပြထားသည်။ ဒဏ်ရာရရှိသူများအား ရန်ကုန်ဆေးရုံကြီး သို့ပို့ဆောင် ပြီးကုသမှုခံယူစေသည်ဟုလည်း သတင်းများတွင် ဖေါ်ပြထားသည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ယခင်နှင့် မတူပဲ ဖြစ်ပွားပြီး နာရီအနည်းငယ်အကြာတွင် နိုင်ငံပိုင် သတင်းမီဒီယာများဖြစ်သည့် တီဗီ၊ MRTV 4နှင့် အက်ဖ်အမ်ရေဒီယိုများမှ ကြေညာထုတ်လွှင့်ခဲ့သည်ကို တွေ့ရပြီး ထိုသို့ချက်ခြင်း ကြေညာခြင်းမှာ ထူးဆန်းသည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုလျက်ရှိကြသည်။
ဗုံးပေါက်ကွဲမှုအတွက် မည်သူမည်ဝါလက်ချက် ဖြစ်သည်ဆိုသည့် ကြေညာချက်များ ယခုထိ ထွက်ပေါ်သေးခြင်းမရှိပဲ မသမာသူများ၊ အဖျက်သမားများဆိုသည့် စွပ်စွဲသည့် စကားလုံးများဖြင့်သာ သတင်းထုတ်ပြန်ခဲ့သည်။ ရန်ကုန်မြို့မှ ပေါက်ကွဲမှု အများစု၏ လက်သည်များကို တိကျသည့် သက်သေများဖြင့် ဖမ်းဆီးရမိခြင်း မရှိသလောက် ဖြစ်ပြီး လူများစွာ သေဆုံးခဲ့သည့် ယခင် ၂၀၀၅ခုက စီတီးမတ်နှင့် ရန်ကုန်ကုန်သွယ်မှု ဗဟိုဗုံးကွဲမှုကိုလည်း ယနေ့ထက်တိုင် ဖေါ်ထုတ်နိုင်ခြင်းမရှိခဲ့ပေ။ အခြားသော ပေါက်ကွဲမှု အများအပြားမှာ လူနှင့် ဝေးရာ ၊ ညအချိန်များတွင် ပေါက်ကွဲလေ့ရှိပြီး နအဖ အစိုးရက လုံခြုံရေးတင်းကြပ်လို၍ တမင်တကာ လုပ်ဆောင်ချက်ဟု အများက ယူဆလျက်ရှိကြသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်တနေ့ဖြစ်သည့် ယနေ့ ရန်ကုန်သင်္ကြန်နောက်ဆုံးနေ့မှာ ပေါက်ကွဲမှု ဖြစ်ပွားရာ တ၀ိုက်မှလွဲပြီး အခြားသောနေရာများတွင် ရေပက်ခံကားများ၊ မဏ္ဍပ်များဖြင့် ဆက်လက်ရေကစား နေကြသည်ကိုတွေ့ရသည်။
မိုးမခ သတင်းမှ

No comments:

Post a Comment