ondragstart="return false" onselectstart="return false"

Thursday, April 29, 2010

ဗိုလ်ချူပ်မှူးကြီးသန်းရွှေ၏ ဆင်ဖြူတော်နှင့် ဗိုလ်မှူးချစ်သူ၏ ကဆောဝါး ယတြာ

၂၉၊ ၀၄၊ ၂၀၁၀
သတင်း+ ဓါတ်ပုံ - ၉၉၉ တပ်မှူးငယ်

ယခုလ ဧပြီ ၂၇ ရက်နေ့ တွင် ဧရာဝတီ သတင်း၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ၉ ပါးသီလကိုခံယူ ဆောက်တည်နေသည်ဟုပါရှိပြီး ဤကဲ့သို့ ပြုရခြင်းမှာ အဓိကအားဖြင့် ယတြာ ချေခြင်း ဖြစ်ကြောင်း သံဃာတော်များက ဆိုသည်ဟုဖေါ်ပြထားပါသည်။

တဆက်တည်းမှာပဲ သင်္ကြန်အပြီး ဒီကေဘီအေ မှ ဗိုလ်မှူးချစ်သူ တစ်ယောက်လည်း ရက်တို ရဟန်းဝတ်ပြီး ယတြာချေတယ်လို့ သိရပါတယ်။


သင်္ကြန်အပြီး ဗိုလ်မှူးချစ်သူ ရဟန်းဝတ်စဉ် တွေ့ ရပုံ


သင်္ကြန်အပြီး ဗိုလ်မှူးချစ်သူ ရဟန်းဝတ်စဉ် တွေ့ ရပုံ

ယတြာချေရတဲ့ အကြောင်းအရင်းက လွန်ခဲ့တဲ့နှစ် တပ်မဟာ(၇)ကို သူကိုယ်တိုင်ဦးဆောင်တိုက်ခိုက်ပြီး အပြီးမှာ ဗိုလ်ချစ်သူဟာ ကရင်လူထုရဲ့ မျက်မုန်းကျိုးမှုကို ခံရရုံမက ဒီကေဘီအေတပ်တွင်း အချင်းချင်းမှာပဲ သူ့ ကိုအစာမကြေသူတွေ များသတဲ့ များလာတယ် လို့ သိရပါတယ်။ BGF နယ်ခြားစောင့်တပ်ကိစ္စနှင့်ပါတ်သက်၍ ဗိုလ်မှူးချစ်သူဟာ အဓိက ဇာတ်ကောင်ဖြစ်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့နှစ် ၂၀၀၉ မေလ တွင် ကျင်းပသော ဒီကေဘီအေ တပ်မှူးအားလုံးစုံညီ အစည်းဝေးမှာ ဗိုလ်မှူးချစ်သူတစ်ယောက် အစည်းအဝေးတက်ရောက်လာသူ အားလုံးကို နယ်ခြားစောင့်တပ် လက်ခံဖို့ တက်တက်ကြွကြွ စည်းရုံးခဲ့ပါတယ်။ ကယားပြည်နယ်နယ်စပ်မှ တနင်္သာရီတိုင်းအထိ ရှည်လျားတဲ့ နယ်စပ်တစ်လျှောက် ဒီကေဘီအေ တပ်တွေကို ဖြန့် ကျဲထားပြီး စီးပွားရေးလုပ်စား ရန်အတွက် စစ်သားအသစ်စုဆောင်းရာ အစည်းဝေးတွင် အဆိုတင်သွင်းခဲ့သူပါ။ ထိုအစည်းအဝေးအပြီး မကြာသော အချိန်ကာလမှာပင် ဒီကေဘီအေ တပ်နှင့် နအဖ တပ်များပူးပေါင်းပြီး ကေအဲန်ယူ တပ်မဟာ(၇) ကို စတင်တိုက်ခိုက်ပါတော့တယ်။

တကယ်တော့ ဗိုလ်မှူးချစ်သူဟာ သူထွက်ထားသလို ဖြစ်မလာခဲ့ဘူးလို့ ဆိုပါတယ်။ နယ်ခြားစောင့်တပ်ကို ဒီကေဘီအေတပ်တွင်းလက် မခံသူတွေ များနေသဖြင့် သူကိုယ်တိုင်အကျပ်ရိုက်လျက်ရှိနေကြောင်း သိရှိရပါတယ်။ သည့်အတွက်ကြောင့် သူ့ ၏အသက်အန္တရယ်စိုးရိမ်နေရပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် ထိပ်တန်းစစ်ခေါင်းဆောင် ၅ ဦး အသုံးပြုသည့် သီးသန့် လေယာဉ် ၂ စီးကို ဗေဒင်အလိုအရ “ဆင်ဖြူတော်” ဟု ခေါ်ဝေါ်နေသလို ဗိုလ်မှူးချစ်သူရဲ့ အထူးတပ်တစ်ဖွဲ့ ကိုလည်း “ကဆောဝါး သူးကလို” (ဗမာလို - ဆင်ဖြူစစ်ကြောင်း) ဟုအမည်ပေးထားခြင်းသည် ဗေဒင်ယတြာ တွေလို့ သိရပါတယ်။


ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် အတွင်းရှိ သာသနာ့ မဟာ ဗိမာန် တော်၌ ယမန်နေ့က ဆရာတော် သံဃာတော်ကြီးများကို လှူဖွယ် ၀တ္ထုပစ္စည်းများ ဆက်ကပ်နေစဉ် (ဓာတ်ပုံ - မြန်မာ့အလင်း)

ဒီအတွက်ကြောင့် ဗိုလ်မှူးချစ်သူ တစ်ယောက်လည်း အသက်ရှည်ရေးအတွင် နအဖ စစ်ဗိုလ်ချူပ်တွေနည်းတူ အတုခိုးပြီး ရက်တို ရဟန်းဝတ်ပြီး ယတြာချေခဲ့တယ်လို့ ဒီကေဘီအေ ၉၉၉ မှ တပ်မှူးငယ်တစ်ဦးက ဆိုပါသည်။

သတင်းနှင့်ဓါတ်ပုံ ပေးပို့ လာသူ ဒီကေဘီအေ ၉၉၉ မှ တပ်မှူးငယ်အား အထူးကျေးဇူးတင်ရှိပါကြောင်း သောသီခိုအဖွဲ့ မှ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

3 comments:

Anonymous said...

hey..chit thu(tweplu)your going to get killed by your own soldiers anyway.We hate you and your stupid soldiers.

Aks said...

လုပ် မ နေနဲ့ လုပ်လဲမထူးဘူး နေရာကရှိပြီးသား
ငရဲ ပြည်မှာ

မှန်နဲတူသောလူ$$$ said...

ဗိုလ်ချစ်သူကတော့ထမင်ဝအောင်စာထာဒ

Post a Comment