ondragstart="return false" onselectstart="return false"

Friday, April 16, 2010

မင်းတို့ နအဖ ဗမာစစ်ဝါဒီတွေ မြေကြီးပဲရမည် မတရားမှုအတွက် အရှူံးမပေး ဦးမညွတ်တဲ့ ငါတို့ ရဲ့ စိတ်ဓါတ်ယုံကြည်ချက် ကိုဘယ်တော့မှ မရပါ။

ညောင်လေးပင်ခရိုင်ဒေသတွင် ဖေဖေါ်ဝါရီ ၂၀၁၀ တွင် ဖြစ်ပျက်ခဲ့သော ပူပူနွေးနွေးဖြစ်ရပ် ဗီဒီယိုမှတ်တမ်းပါ။ ထိုဒေသကို ဗမာစစ်တပ်က အမဲရောင်နယ်မြေသတ်မှတ်ထားတဲ့အတွက် တွေ့ သမျှ ကလေး လူကြီး မိန်းကလေး မုဆိုးမ အကုန်ပစ်သတ်ပါသည်။ ဇန္န၀ါရီ ၂၀၁၀ ကတည်းကစပြီး ထိုဒေသ၌ ကရင်လူထု ၂၀၀၀ ကျော်ဟာ ယနေ့ အထိ တောထဲမှာ ထွက်ပြေးပုန်းအောင်းနေရပါသည်။

ရွာသားတစ်ဦးဖြစ်တဲ့ စောကျောပွာ၏ရင်ဖွင့်သ“ဗမာစစ်တပ်၏ ညင်းပမ်းနိုပ်စက်မှုတွေကြောင့် ကျနော် အမေအိုတစ်ယောက်နဲ့  အတူတွက်ပြေးပုန်းအောင်းရပါတယ်။ အမေက ကျနော့်ကို ငယ်ငယ်ကတည်းက ကျွေးမွေးပြုစုထားဒါ ကာလ တစ်လျှောက်လုံး ထွက်ပြေးပုန်းအောင်းနေရတယ်..ကျနော်အိမ် မီးရှို့ ခံရဒါ ဒီတစ်ခေါက်ပါဆို ငါးကြိမ်ပေါ့..ကျနော့်ညီရင်းအပါအ၀င် တခြားညီကိုယ်ဝမ်းကွဲတွေကို ဗမာစစ်သားတွေက ပစ်သတ်ဒါ ခြောက်ယောက် ရှိတယ်။ ကျနော့်တောင်ယာ စပါးကျီ မီးရှို့ ဖျက်ဆီးခံရဒါ (၇)ကြိမ်ရှိပြီ”

ခဲဒါးရွာသူ နော်မူဝါးက “ဗမာစစ်သားရွာကို ၀င်လာတယ် သူတို့ အရမ်းမြန်တယ် ကျမအမျိုးသားက ကျနော်တို့ ထွက်ပြေးတဲ့အချိန်အတွင်းစားရာအတွက် ဆန်သွားယူရာမှာ ဗမာစစ်တပ်က အိမ်နားရောက်နေပြီးမို့ သူ့ ကိုပစ်ဒါ ဦးခေါင်းထိပြီးသေသွားပါတယ်”

ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့ နယ် ကေအဲန်အယ်အေ တပ်မဟာ(၃) တပ်ရင်း(၉)မှ ဗိုလ်ကြီး စောဖါးသူးပီက “တပ်ရင်း(၉)ရန်သူလည့်ထည့်ကျသွားပေမယ့် သူတို့ မြေကြီးပဲရမယ်။ ကျနော်တို့ ကော်သူးလေ ဘယ်တော့မှမကျပါ။ ကျနော်တို့ (ကရင်တွေ)သက်ရှိနေသေးသ၍ ကော်သူးလေ(KNU)ဆိုဒါ အမြဲ ရှိနေမှာပါ”

ဗိုလ်ကြီးစောဖါးသူးပီနှင့်ကရင့်ရဲဘော်များသည် ကရင်လူထုကို လိုက်လံပစ်သတ်နေသော နအဖ ဗမာ့စစ်ခွေးတွေကို နအဖ စစ်ဆင်ရေးစကတည်းက တောက်လျှောက်ခုခံတိုက်ခိုက် ခဲ့ပါသည်။ ကရင်အမျိုးသားတို့ ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်တိုက်ခိုက်ရင်း ဗိုလ်ကြီးစောဖါးသူးပီသည် တိုင်းပြည်နှင့် လူမျိုးအတွက် သူရဲကောင်းအာဇာနည်ပီသစွာ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့  ၂၀၁၀ ခုနှစ် ညနေ(၄)နာရီအချိန်တွင် အသက်ပေးလှူသွားပါသည်။

ဗိုလ်ကြီးစောဖါးသူးပီကဲ့သို့  ထောင်နှင့်ချီသော ကရင့်ရဲဘော်နှင့် လူထုများသည် ကရင်လူမျိုးတို့ ၏ နယ်မြေကို ကျူးကျော်ဝင်ရောက် ဖျက်ဆီးပြီး သတ်ဖြတ်နေသော နအဖ ဗမာ့စစ်ခွေးတွေကို ယနေ့ အထိ ဦးမညွတ် အရှူံးမပေးပဲ ဆက်လက်တွန်းလှန်နေပါသည်။

ဒီဗီဒီယိုမှတ်တမ်းသည် ညောင်လေးပင်ခရိုင်အတွင်း နအဖ ဗမာစစ်ခွေးများရဲ့ ယုတ်မာပက်ဆက်မှုများကို ခုခံ ကာကွယ် တိုက်ပွဲဝင်နေသော ကရင့်ရဲဘော်များ၊ ခေါင်းဆောင်များ၊ ဒေသခံလူထုများ ကို ဂုဏ်ပြုသောဗီဒီယိုမှတ်တမ်းဖြစ်ပါသည်။

ဗီဒီယိုမှတ်တမ်း - ရဲဘော် ကချေးဝါး
http://www.kwekalu.net/vdo/heartnevergiveup.html မှပြန်လည် အကျည်းချုံး ဘာသာပြန်သည်။

ကရင့်အမျိုးသားတို့ ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်တိုက်ခိုက်ရင်း အသက်ပေးလှူသွားသော ဗိုလ်ကြီး စောဖားသူးပီ အား သောသီခို အဖွဲ့ သားများမှ ဦးညွတ် အလေးပြုလျက် ဂုဏ်ပြု မှတ်တမ်းတင်အားပါသည်။



No comments:

Post a Comment