ondragstart="return false" onselectstart="return false"

Thursday, July 1, 2010

နအဖစစ်အာဏာရှင်နှင့်အနုမြုဗုံးပိုင်ဆိုင်ရေးစီမံကိန်းအပေါ် သုံးသပ်ချက်…..(၁)

ဂျုန် ၃၀၊ ၂၀၁၀-ခု။

၂၀၁၀-ခု၊ ဂျုန်လ(၅)ရက်နေ့ မှစပြီးသတင်းစဉ်များမှာ နအဖစစ်အစိုးရ၏ တာဝေးပစ်ဒုံးကျည်ထုတ်လုပ်ရေး၊ ယူရေနီယံသတ္တုသန့် စင်ရေး၊ နျုကလီယား ဆိုင်ရာနည်းပညာများနှင့် မြေအောက်လှိုင်ခေါင်းကြီးများ၊ ခံကတုတ်များ၊ လျှို့ ဝှက်စစ်ရေးသိုလှောင်ရုံများ၊ အမိန့် ပေးဌာနကွန်ယက်များ၊ (Fiber-Optic Communication -FOC)ခေါ် ခောတ်မီဆက်သွယ်ရေးနည်းသစ်များ စသည့်စစ်ရေးစီမံကိန်းများအကြောင်း အလေးထားပြီးဖေါ်ပြကြသည်။ မြန်မာနိုင်ငံ အနေဖြင့် ကုလသမဂ္ဂ၏ နျုကလီယားမပြန့် ပွားရေးစာချုပ်(NPT)နှင့် အရှေတောင်အာရှ၏နျုကလီယားကင်းလွတ်ဇုံစာချုပ်(SEA-NFZT)တို့ တွင် လက် မှတ်ထိုးထားသော်လည်း ယင်းတို့ ကိုချိုးဖေါက်ကာ မြောက်ကိုရီးယားနှင့် နျုကလိယအပါအ၀င် စစ်ရေးစီမံကိန်းများ ပူးပေါင်းဆောင်ရွက်နေသည်။

အခြားတဖက်တွင်၂၀၁၀-ရွေးကောက်ပွဲနှင့်ပတ်သက်၍လူထုစည်းရုံးရေးဥပဒေများအဖြစ် ဂျုန်လ(၂၁)ရက်နေ့ က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားချက်အမှတ်(၂/၂ဝ၁ဝ)ထုတ်ပြန်ချက်အရ ပါတီမှတ်ပုံတင်ရရှိထားသော နိုင်ငံရေးအင်အားစုများ၏ လူထုနှင့်ထိတွေ့ ရေးမျှော်လင့်ချက်များကိုလုံး ၀ကန့် သပ်ခံခဲ့ရသည်။ သို့ ဖြစ်၍ဤရွေးကောက်ပွဲသည် “လွတ်လပ်မှု၊ တရားမျှတမှုအပြင် နိုင်ငံတကာတရားဝင်မှု ရှိနိုင်မည်မဟုတ်”ဟု အမေရိကန်အစိုး ရကိုယ်တိုင် ထုတ်ဖေါ်ပြောဆိုလာရသည်။ ဤဥပဒေများသည် “၂၀၀၈-ခုဖွဲ့ စည်းပုံအခြေခံဥပဒေကိုသစ္စာရှိရမည်” ဆိုသည့် မှတ်ပုံတင်မည့် နိုင်ငံရေးပါတီ များ ဂတိဝန်ခံခဲ့မှုကို ပို၍ခိုင်မာစေသည်။ စစ်အာဏာရှင်စနစ် ပိုမိုခိုင်မြဲရေးအတွက် ပြင်ဆင်မှုများ သေချာသွားသည်။

တဖက်က စစ်အာဏာရှင်စနစ် တည်တံ့ရေးအတွက် နိုင်ငံရေးအရအာမခံချက်ရှိအောင် တရားသည်ဖြစ်စေ-မတရားသည်ဖြစ်စေ၊ ဒီမိုကရေးစီကျသည်ဖြစ် စေ-မကျသည်ဖြစ်စေ၊ နိုင်ငံတကာမှအသိအမှတ်ပြုသည်ဖြစ်စေ-မပြုသည်ဖြစ်စေ နအဖစစ်အစိုးရသည် သူတို့ အတွက်လိုအပ်သည့်ပြင်ဆင်မှုများကို မရ- ရအောင်ပြင်ဆင်နေသည်။ အခြားတဖက်တွင် စစ်ရေးအရ အားလုံးသိမြင်ကြားရှိပြီးဖြစ်သည့်အတိုင်း တာဝေပစ်ဒုံးကျည်များ၊ ထုနှင့်ထည်နှင့်သေစေနိုင် သည့် မျိုးပြုန်းလက်နက်များနှင့် နျုကလီယားဗုံးထုတ်လုပ်ရေးကို အားသွန်ခွန်စိုက်လုပ်ဆောင်နေသည်။ မည်မျှမှန်သည်မှားသည်ကို ကျွန်ုတို့ ပြောရန် မ လွယ်သော်လည်း ယနေ့ ရရှိထားသောသက်သေအထောက်အထားများက သူတို့ ၏စစ်ရေးပြင်ဆင်မှုကို ငြင်းကွယ်၍မရသည်မှာ ထင်ရှားသွားသည်။

သက်သေခံပစ္စည်းများကိုထောက်ထား၍ သြစတြေးလျအမျိုးသားတက္ကသိုလ်မှ ကာကွယ်ရေးလေ့လာသူ Desman Ball က အနုမြူဓါတ်ပေါင်းဖိုများကို ၂၀၁၂ တွင်လည်ပတ်နိုင်ပြီး ထုတ်လုပ်နိုင်သောလက်နက်များကို၂၀၂၀-မတိုင်မီထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းထောက်ပြထားသည်။ နအဖအနေဖြင့် သူ တို့ ၏အာဏာ နောင်၁၀-နှစ်၊အနှစ်၂၀-ထက်မက တည်မြဲရေးကို လက်ရှိလုပ်ဆောင်နေမှုများက အသေအချာသက်သေပြနေသည်။ လာမည့်ရွေးကောက် ပွဲမှထွက်ပေါ်လာမည့် နအဖထိန်းချုပ်ထားသော ပြည်သူတပိုင်းအစိုးရ(semi-civilian government)သည် စစ်အာဏာရှင်ကိုယ်စား အနည်းဆုံး နောင်အ နှစ်-၂၀-အထိ တာဝန်ဆက်ခံလာနိုင်လိမ့်မည်။ ဤကာလအတွင်း နအဖ အနေဖြင့် အနုမြူဗုံးထုတ်လုပ်ရေးစီမံကိန်းကို ဖန်တီးနိုင်မည်ဟု ယူဆရသည်။

အကယ်၍ နအဖသာ အနုမြူဗုံးလက်ဝယ်ပိုင်ဆိုင်သွားပြီဆိုလျှင် ကျွန်ုတို့ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေး ရပိုင်ခွင့်များအတွက် တိုက်ပွဲဝင်နေကြ သော ပြည်တွင်း-ပြည်ပရှိအတိုက်အခံအင်အားစုများ ဘာလုပ်ကြမည်နည်း? အဖိနှိပ်ခံဗမာပြည်သူများအပါအ၀င် ကျွန်ပုန်းကိုလိုနီဖြစ်နေကြရသော ပြည် ထောင်စုပြု တိုင်းရင်းသားအမျိုးသားများ၏ စစ်မှန်သော “ဒီမိုကရေစီဖယ်ဒရယ်နိုင်ငံထူထောင်ရေးမျှော်မှန်းချက်” (တနည်း) ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်ထောင်စုပြု အမျိုးသားနိုင်ငံရေးခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သော လူ့ အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ပြည်ထောင်စုပြုအမျိုးသားများ၏ ကိုယ့် ကြမ္မာကိုယ်ဆုံးဖြတ်ဖန်တီးပိုင်ခွင့်နှင့်နိုင်ငံရေးအရတန်းတူရည်တူရှိရေးတို့ ကို အာမခံမည့် “စစ်မှန်သည့်ပြည်ထောင်စုကြီးတည်ဆောက်ရေး”ရည်မှန်းချက် မည်သည့်အနေအထားသို့ ရောက်သွားနိုင်သနည်း? နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိရှိသူတိုင်း တွက်ချက်၍ရမည်ဟု ယုံကြည်သည်။

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမှ ၂၀၁၀-ရွေးကောက်ပွဲအပေါ် တရားမျှတမှုနှင့် ပြင်ဆင်သင့်သည်များကိုပြင်ဆင်ပေးရန်၊ ဒီမိုကရေစီလွတ်လပ်ခွင့်များ ဖွင့်ပေးရန်တောင်းဆိုခဲ့မှုများသည်လည်း အထက်ကပြောခဲ့သော ရွေးကောက်ပွဲကော်မရှင်၏ညွှန်ကြားချက်(၂/၂၀၁၀)အရ မျှော်လင့်ချက်ကုန်ခမ်းခဲ့ပြီးဖြစ် သည်။ ယင်းထက်ဆိုးသည်မှာ န၀တစစ်အစိုးရ၏ မြောက်ကိုရီးယားနှင့်ပူးပေါင်းဆောင်ရွက်နေသည် စစ်ရေးစီမံကိန်းများ၊ အနုမြူဗုံးထုတ်လုပ်ရေးစီမံကိန်း များထင်ရှားလာသည့်နောက်ပိုင်း မြန်မာနိုင်ငံသို့  အမေရိကန်တို့ ၏အထူးကိုယ်စားလှယ်စေလွှတ်ရေးကို ပို၍ဂရုစိုက်လာသည်။ ကုလသမဂ္ဂကလည်း နိုင် ငံတကာနျုကလီယားမပြန့် ပွားရေးစာချုပ်(NPT) ပါ စီမံကိန်းအရ မြန်မာနိုင်ငံသို့ “စုံစမ်းရေးကော်မရှင်လွှတ်ရေး”တို့ ကိုပြင်ဆင်ရန် စဉ်းစားလာရသည်။

ဒီမိုကရေစီနှင့်တိုင်းရင်းသားများအရေးအတွက် တိုက်ပွဲဝင်နေကြသော ကျွန်ုတို့ ပြည်တွင်း-ပြည်ပအတိုက်အခံများအားလုံး ဘာလုပ်ကြမည်နည်း? အထူး သဖြင့် နအဖစစ်အစိုးရလက်တွင်းသို့ အနုမြူဗုံးမရောက်ရအောင် မည်သို့ တားမြစ်မည်နည်း? နအဖကို မြောက်ကိုရီးယား အဆင့်ထက်ဆိုးဝါးမည့်၊ပြည်သူ တရပ်လုံးကို ရာသက်ပန်စစ်ကျွန်ပြုလိုသည့် ကြမ်းကြုပ်ရက်စက်သော နိုင်ငံတော်အကြမ်းဖက်အစိုးရ(state terrorist)၊ ဒေသဆိုင်ရာအကြမ်းဖက်အစိုးရ (regional state terrorist)၊ ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်အစိုးရ (global state terrorist) ဆိုသည့်အဆင့်ထိ အန္တရာယ်ကြီးမားလာမည့် နအဖ စစ်ရေး စီမံကိန်းများကို ကျွန်ုပ်တို့  ဘာလုပ်ကြမည်နည်း? ကမ္ဘာ့ငြိမ်ချမ်းရေးအတွက် မြန်မာနိုင်ငံသို့ “အနုမြူလက်နက် မပြန့် ပွားရေး”၊ မြန်မာနိုင်ငံတွင် “အကြမ်း ဖက်ဝါဒချုပ်ငြိမ်းရေး” တို့ ကို ကုလသမဂ္ဂနှင့် အိမ်နီးချင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာများမှ အချိန်မီ (၅-နှစ်နှင့်၁၀-နှစ်အတွင်း)ဘာလုပ်ကြမည်နည်း?

ကျွန်ုပ်တို့ သည် စစ်အာဏာရှင်စနစ်ကိုဖယ်ရှားရန် သမရိုးကျအတိုင်း ကြိုးစားခဲ့လာကြသည်မှာ ၁၉၆၂-ခုမှ ယနေ့ တိုင်ဖြစ်သည်။ ၁၉၉၃-မှစ၍ စစ်ရပ်စဲ ရေးမဟာဗျူဟာများကိုသုံးယင်း CFG များနှင့်လည်ကောင်း၊ အမျိုးသားညီလာခံဆိုသည့်နည်းပရိယာယ်များဖြင့်လည်းကောင်း၊ ပိုမိုအတင့်ရဲစွာ ချမှတ်လာ သော BGF ကိစ္စများဖြင့်လည်းကောင်း အချိန်ဆွဲခဲ့သည်။ ပြင်ပန်းအားဖြင့် သမရိုးကျအသွင်ဟုထင်ခဲ့ကြသော်လည်း ဤအနုမြူဗုံးကိစ္စပေါ်လာသောအခါ သူတို့ ၏အချိန်ဆွဲမှုသည် သမရိုးကျမဟုတ်ဘဲ နျုကလိယားဗုံးအပါအ၀င်စစ်ရေးစီမံကိန်းကြီးများကိုအကောင်အထည်ဖေါ်ရန် အချိန်ယူခြင်းဖြစ်နေကြောင်း အထင်အရှားသက်သေပြလိုက်ပြီးဖြစ်သည်။ သို့ ဖြစ်၍့ နိုင်ငံတကာက စိုးရိမ်မှုများ၊ လေ့လာမှုများ၊ တားမြစ်မည့်နည်းလမ်းများကို ပြင်ဆင်လာရသည်။

သို့ ဖြစ်၍ ကျွန်ုပ်တို့ အားလုံးအတွက် သမရိုးကျနည်းကိုကျော်လွန်၍ နအဖ၏စစ်ရေးစီမံကိန်းကို အချိန်မီဟန့် တားနိုင်ရန် အခြေအနေနှင့်ကိုက်ညီသော နိုင်ငံရေးမဟာဗျူဟာ၊ လက်တွေ့ ကျသောစစ်ရေးမဟာဗျူဟာ၊ ပြည်တွင်း-ပြည်ပစည်းရုံးရေးမဟာဗျူဟာများကို အချိန်အကန့် အသတ်အတွင်းချမှတ်ဖေါ် ဆောင်ကြရမည့် အချိန်ရောက်နေပြီဖြစ်ကြောင်း၊ ဤအခြေအနေတွင် အတိုက်အခံများအတွင်း တအုပ်စုကိုတအုပ်စု၊ တစ်ဖွဲ့ ကိုတစ်ဖွဲ့ စိတ်ချလက်ချယုံယုံ ကြည်ကြည်နှင့်လက်တွဲကြရမည့်အချိန်ဖြစ်ကြောင်း၊ နအဖစစ်အုပ်စု၏ အရှိန်ပြင်းပြင်းနှင့် နိုင်ငံရေး-စစ်ရေးပြင်ဆင်နေမှုများကို အချိန်မီဟန့် တားနိုင်မည့် နည်းလမ်းသစ်များ၊ မဟာဗျူဟာသစ်များ ချမှတ်အကောင်အထည်ဖေါ်ရန် အချိန်ကျရောက်လာပြီဖြစ်ကြောင်း အလေးအနက် တင်ပြလိုက်ပါသည်။

ခင်မောင်၊
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA)၊ ရခိုင်ပြည်။

အီးမေးဖြင့်ပေးပို့ လာသောကိုခင်မောင်အားအထူးကျေးဇူးတင်ပါသည်။

No comments:

Post a Comment