ondragstart="return false" onselectstart="return false"

Saturday, July 17, 2010

သျှမ်းပြည်သားများတန်းတူရေး

Wednesday, 14 July 2010 18:31 သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရေးအတွက် မျှော်ကိုးပြီး ဒေသခံတိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ သျှမ်းပြည်ကွန်ဂရက်ညီလာခံကိုပြီးခဲ့ လနောက်ဆုံးပတ်က ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံမှာ ပအိုဝ်း၊ လားဟူ၊ ၀ နဲ့ သျှမ်းတို့ပါဝင်ဆွေးနွေးကြပြီး ကွန်ဂရက်ဆိုင်ရာရည်ရွယ်ချက်၊ လုပ်ဆောင်ချက်တွေကိုဆွေးနွေးခဲ့ပါတယ်။


တာ့အိုက်ညွှန့်၊ ခွန်ဆွဲထို၊ ခွန်သူရိန် နှင့် ဥက္ကဌ ဂျဖိုးလုံ

သျှမ်းပြည်တိုင်းရင်းသားတွေရဲ့စည်း လုံးညီညွတ်မှုနဲ့ တန်းတူအခွင့်အရေးက ဘယ်လောက်အရေးပါနေပါသလဲ?
၅ ကြိမ်မြောက် သျှမ်းပြည်ကွန်ကရက်(ယာယီ) ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ EC အစည်းအဝေးကို ပြီးခဲ့ တဲ့ ဂျွန် ၂၅ ရက်က ကျင်းပခဲ့ရာ ကွန်ကရက် ဆိုင်ရာ ရည် ရွက်ချက် ၆ ချက် နဲ့ လုပ်ငန်းဆောင်တာ ၆ ချက်တွေ မှာ ၅ ချက်စီ ဆွေးနွေးသဘောတူနိုင်ခဲ့ပြီး နံပါတ် ၆ အချက်ကိုတော့ သဘောတူညီမှုမရနိုင်သေးတဲ့အတွက် လာ မယ့် ၆ ကြိမ်မြောက် EC အစည်းအဝေးမှာ ထပ်မံ ဆွေးနွေးမှာဖြစ်တဲ့ အကြောင်း တက်ရောက်သူ TCC (Tai Communication Committee ) ကိုယ်စားလှယ် စိုင်းပင်ခမ်းကပြောပါတယ်။

သျှမ်းပြည်ကွန်ကရက်(ယာယီ) ရဲ့ဖွဲ့စည်းပုံမူကြမ်းစည်းမျဉ်း အခန်း ၇ ခန်း၊ ပုဒ်မ ၂၉ ခု ကိုပြန်လည်ဆွေးနွေးတဲ့ ၅ ကြိမ် မြောက် SSC – EC အစည်းအဝေးမှာ အဖွဲ့ဝင်တွေဖြစ်တဲ့ ၀ ၊ လားဟူ၊ ပအိုဝ်း နဲ့ သျှမ်းကိုယ်စားလှယ် - EC 9 ယောက် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

SSA ဥက္ကဌ ဂျဖိုးလုံ (LDU လားဟူ တီမိုကရက်တစ်) ၊ အတွင်းရေးမှူးဗိုလ်မှူးလောဝ်ဆိုင် (သျှမ်းပြည်ပြန်လည် ထူထောင် ရေးကောင်စီ RCSS)၊ ၀ အမျိုးသားအဖွဲ့ချုပ် WNO မှ တာ့အိုက်ညွန့်၊ PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ခွန်ဥက္ကာနဲ့ သျှမ်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ TTC မှ ဦးပင်ခမ်းတို့ တက်ရောက်ခဲ့ပြီး --
(၁) သျှမ်းပြည်ကွန်ဂရက် ရည်ရွယ်ချက်နှင့် လုပ်ငန်းလမ်းစဉ်၊
(၂) သျှမ်းပြည်ကွန်ဂရက်ဆိုင်ရာဖွဲ့စည်းပုံစည်းမျဉ်း၊
(၃) သျှမ်းပြည်ကွန်ဂရက်အခြေခံမူဝါဒ -
စသဖြင့် အပိုင်း ၃ ပိုင်းခွဲပြီး ဆွေးနွေးခဲ့ပါတယ်။

ရည်ရွယ်ချက်ကဏ္ဍမှာ (၁) ဒီမိုကရေစီနှင့် လူ့အခွင့်အရေး (၂) တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် (၃) နိုင်ငံ ရေး၊ စစ်ရေးပေါင်းစည်းရေး (၄) စစ်အာဏာရှင်စနစ်ြုဖတ်ချရေး (၅) သျှမ်းပြည်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေး (၆) ဗမာပြည်နယ်ပါဝင်သော ပြည်ထောင်စုတွင် ပါဝင်/မပါဝင်ရေး စတာတွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်။

လုပ်ငန်းလမ်းစဉ် ကဏ္ဍမှာတော့ (၁) ပင်လုံစာချုပ်အကောင်အထည်ဖော်ဆောင်ရေး (၂) တိုင်းရင်းသားတစ်ဖွဲ့ နဲ့ တစ်ဖွဲ့ကြား လေးစားသမှုပြုသည့်အနေဖြင့်အသိအမြင်များ နှီးနှောဖလှယ်ရေး (၃) တရားမျှတရေးအခြေခံ သည့် ညီညွတ်မှုဖော်ဆောင်ရေး၊ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ပြဿနာများဖြေရှင်းရေး (၄) ဖက်ဒရယ်စနစ် ဖြင့်သျှမ်းပြည် ထူထောင်ရေး (၅) အာဏာရှင်စနစ် ဖြုတ်ချရေး (၆) ဗမာပြည်နယ်ပါဝင်သော ပြည်ထောင်စု၌ပါဝင်ရေးစတာတွေ ဖြစ်ပါတယ်။

“ကွန်ကရက်ဖွဲ့စည်းပုံစဉ်းမျဉ်းမူကြမ်းကဏ္ဍမှာ သိပ်ပြီးမဆွေးနွေးခဲ့ရဘူး၊ အချက်အားလုံးလိုလို ပြည့်စုံနေပြီ၊ ပြင် ဆင်ဖို့အနည်း အကျဉ်းလေးဘဲရှိတော့ အခက်အခဲကြီးမဟုတ်ပါဘူး”- ဟု ခွန်ဥက္ကာကပြောပါတယ်။

နံပါတ် ၆ အချက်ဖြစ်တဲ့ ဗမာပြည်နယ်ပါဝင်သော ပြည်ထောင်စု၌ပါဝင်ရေး ဆိုတဲ့အချက် နဲ့ပါတ်သက်ပြီးတော့ လဲ ခွန်ဥက္ကာက -

“ပြည်တွင်းစည်းလုံးညီညွတ်ရေးနဲ့ပြည်ပ စည်းလုံးညီညွတ်ရေး ဆိုပြီးရှိတယ်။ ပထမ တစ်ချက် က သျှမ်းပြည်ထဲ မှာရှိတဲ့ လားဟူ၊ ပအိုဝ်း၊ ပလောင်၊ ၀ တိုင်းရင်းသားတချို့ဟာ PDF, DAB, NCUB အဖွဲ့ဝင်တွေဖြစ်တယ်။ ဆို တော့သူတို့က ဗမာပြည်နယ် ပါဝင်တဲ့ ပြည်ထောင်စုမှာ ပါဝင်ဖို့ သဘောတူထားတော့ သျှမ်းပြည်ကွန်ကရက် မှာ ဗမာပြည်နယ်ပါဝင်တဲ့ ပြည်ထောင်စုမှာ ပါဝင်/မပါဝင်ရေးဆိုတဲ့အချက်မထည့်ထားရင် သျှမ်းပြည်ထဲမှာပါ ၀င်ဖို့သူတို့တွေအတွက်အခက်တွေ့ မယ်။”

“ပြဿနာ မပြီးမပြတ်နိုင်အောင် ဖြေရှင်းနေရမယ်။ ဒါပေမယ့်ထည့်ဆွေးနွေးလိုက်ရင်တော့ ကိစ္စပြတ်ပြီ၊ ပြဿနာ မရှိတော့ဘူး။ ပြည်ပစည်းလုံးညီညွတ်ရေး ဆိုတာကတော့ - UN ဟာ မြန်မာပြည်ကို အသင်းဝင်အဖြစ် အသိအမှတ်ပြု ထားတော့ သူ့မှာ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုရှိတယ်။ တကယ်လို့ အစိတ်အပိုင်းတခုခု ခွဲထွက် လိုခြင်းတွေ ဘာတွေရှိလာရင် အစိုးရဘက်ကတားဆီးကာကွယ်ရမယ်။ ကာကွယ်ဖို့အတွက်ပြည်ပ အကူအညီတောင်းခံပိုင်ခွင့်ရှိ တယ်လို့ပါတယ်။”

သို့ပေမယ့် သဘောတူဆုံးဖြတ်ချက်မရသေးတဲ့ ဗမာပြည်နယ်ပါဝင်သော ပြည်ထောင်စုမှာ ပါဝင်ရေးအချက်ကို လာမယ့် ၂၀၁၀ နှောင်းပိုင်းမှာ ထပ်မံကျင်းပမယ့် ၆ ကြိမ်မြောက် SSC-EC အစည်းအဝေးထပ်မံဆွေးနွေးဦးမယ်လို့လဲပြောသွား ပါတယ်။

သျှမ်းပြည်ကွန်ကရက်ကို - ၂၀၀၈ ဒီဇင်ဘာလ ၂၁ မှ ၂၃ အထိ ၃ ရက်ကြာကျင်းပတဲ့ (SSNPCC- The 1st Shan State National Patriots’ Council Conference)ကနေ ဖွဲ့စည်း လိုက်တာဖြစ်ပါတယ်။ အဖွဲ့ဝင်တွေကတော့ (TCC-Tai Coordi- nation Committee) မှ စ၀်ပိန်ဖှ၊ စိုင်းပင်ခမ်း၊ နန်းဆိုင်နောင့်၊(RCSS-Restoration Council of Shan State) မှ ဗိုလ်မှူး လောဝ်ဆိုင်၊(PNLO-Pa-O National Liberation Organization) မှ ခွန်သူရိန် နဲ့ ခွန်စွဲထို၊(WNO-Wa National Organization) မှတာ့အိုက့်ညွန့် နဲ့ တာ့လှထွေး၊(LDU-Luhu Democratic Union) မှ ဂျဖိုးလုံ(ဖိုးသိန်းရှင်) (LND-Luhu National Development Party) မှ ဂျကူးတို့ဖြစ်ပါတယ်။

No comments:

Post a Comment