ondragstart="return false" onselectstart="return false"

Wednesday, July 28, 2010

DKBA နယ်ခြားစောင့်တပ် ဖွဲ့မည်

သန်းထိုက်ဦး Wednesday, July 28, 2010

မြန်မာ စစ်အစိုးရ ကမ်းလှမ်း ထားသော နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေးကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) က မကြာသေးခင် ရက်ပိုင်းတွင် လက်ခံ လိုက်ကြောင်း DKBA အရာရှိနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

“နယ်ခြားစောင့်တပ်ကို လက်ခံလိုက်ပြီး အခု တပ်ဖွဲ့ဝင်တွေ အားလုံး ဓာတ်ပုံရိုက်ပြီးတော့ ဒီအဖွဲ့အစည်းမှာ တပ်သား ဘယ်နှစ် ယောက်၊ အရာရှိ ဘယ်နှစ်ယောက် လစာထုတ်ပေးဖို့ စာရင်းတွေအားလုံး အစိုးရက ယူထားပြီပြီး”ဟု ၎င်းက ဆိုသည်။

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး နှင့် ပတ်သက်ပြီး လွန်ခဲ့သည့် ၃ ရက်ခန့်က ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ်ရှိ DKBA
(၉၉၉) ဌာနချုပ်တွင် အစိုးရ အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေး၍ ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် နယ်ခြားစောင့်တပ်ကို DKBA အများစုက လက်ခံလိုက်သော်လည်း ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့ နယ်များတွင် လှုပ်ရှားနေသော DKBA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ဦးဆောင်၍ လူဦးရေ ၂၀၀ ခန့် ခွဲ ထွက်သွားကြောင်း သိရသည်။

အဆိုပါ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်အတွက် သဘောတူနိုင်ခြင်း မရှိသေးသဖြင့် ယင်းသို့ ခွဲထွက်သွားသော DKBA တပ်ဖွဲ့ နှင့် စစ်အစိုးရကြား နှစ်ဘက် တင်းမာနေကြောင်းလည်း သိရသည်။

ဘားအံမြို့နယ်၌ ယခုရက်ပိုင်းအတွင်း DKBA တပ်များ ပြန်လည် ရုပ်သိမ်းသွားသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံ မျက်မြင် တဦးက ဆိုသည်။

ဇူလိုင်လ ၂၅ ရက်နေ့တွင် နှစ်ဘက် တိုက်ပွဲများ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ဆိုကာ ဗိုလ်မှူးကြီး စောလားပွယ်က ၎င်းထိန်းချုပ် ဒေ သရှိ ရွာသားများကို သတိပေးထားခဲ့သဖြင့် မြဝတီမြို့နယ် အတွင်းရှိ ဝေါ်လေ၊ ထီးပဲလေ၊ ပေါ်ကလော်၊ ထီးဝါးမယ်ထာ၊ ဒိုဝါ့၊ သေး ဘောဘိုး စသည့် ရွာများမှ ဒေသခံများသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရ မြို့နယ်သို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြသည်။

တချိန်တည်းတွင် DKBA ကို နအဖတပ်များ တိုက်ခိုက်လာပါက DKBA ဘက်မှ ကူ၍ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ကရင် အမျိုးသား အစည်းအရုံး (KNU) ဒု ဥက္ကဋ္ဌ ဒေးဗစ် သာကပေါ က ဧရာဝတီသို့ ပြောကြားခဲ့သည်။

“DKBA ကိစ္စတွေဆိုရင် သက်ဆိုင်ရာ နယ်မြေအလိုက်က တပ်မဟာတွေကပဲ စဉ်းစားကြတယ်လေ၊ အခုကိစ္စမှာ ကျနော်တို့ စဉ်း စားကြတာက နှုတ်ခမ်းမွေးက မှန်တယ်၊ ဒါကြောင့် မို့လို့ တခုခု ဖြစ်လာရင် နှုတ်ခမ်းမွေး ဘက်က ကူတိုက်မယ်လို့ ဆုံးဖြတ်လိုက် ကြတာပါ”ဟု ဒေးဗစ် သာကပေါ က ဆိုသည်။

ယခုလဆန်းပိုင်ကလည်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(၈) မှ ဗိုလ်မှူးချုပ် သန်းစိုးက ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကို သတိပေး ပြောကြားခဲ့သည်။

စစ်အစိုးရ တောင်းဆိုသည့် နယ်ခြားစောင့်တပ် မဖွဲ့ပါက လက်နက် ဖြုတ်သိမ်းခံရမည် ဖြစ်ကြောင်း၊ လက်နက် ဖြုတ်သိမ်းမည်ကို လက်မခံပါက အင်အားသုံး၍ အပြီးအပြတ် တိုက်ခိုက်ချေမှုန်းမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် သန်းစိုးက သတိပေးခဲ့ခြင်း ဖြစ်သည်။


နအဖ တောင်းဆိုသော နယ်ခြားစောင့်တပ်ဖွဲ့ရေးကို DKBA တပ်မှူးများထဲမှ လက်ခံချင်သူများ ရှိသကဲ့သို့ ငြင်းဆန်လိုသူများ လည်း ရှိကြောင်း သိရသည်။ DKBA ၏ အရေးအကြီးဆုံး ခေါင်းဆောင်ဖြစ်သော ဆရာတော် ဦးသုဇန သည် နယ်ခြားစောင့် တပ်ဖွဲ့ရေးကို လက်မခံကြောင်း DKBA အဖွဲ့ဝင်များက ဆိုသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာ သည့် လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့ သည်။ သို့သော် ယခုချိန်အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကယားပြည်နယ် အထူးဒေသ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

စစ်အစိုးရက တောင်းဆိုထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရားအသင်း အဖြစ် ကြေညာနိုင်ကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။
http://www.irrawaddy.org/bur/index.php/news/1-news/3717-dkba--

No comments:

Post a Comment