ondragstart="return false" onselectstart="return false"

Sunday, July 18, 2010

ချည်ဖြူပြတ်သွားပေမယ့်လည်း ကျနုပ်တို့ ၏ လက်ချည်ပွဲ စိတ်ဓါတ်ကို အပြတ်မခံနှင့်

ကရင်ညီနောင်များခင်ဗျား….

လာမည့် လထဲတွင် ကျနော်တို့ ကရင်အမျိုးသားများ၏ အမျိုးသားလက္ခဏာတရပ်ဖြစ်သော ရိုးရာ ချည်ဖြူ လက်ချီပွဲ ကျရောက်တော့မည်ဖြစ်ပါသဖြင့် ယခုတင်ဆက်ပေးလိုက်သော ဆောင်းပါးသည် ကျနော်တို့  ကရင်အမျိုးသားတို့ ၏ ရိုးရာ အမွေအနှစ် လက္ခဏာ တစ်ရပ်ဖြစ်သော ရိုးရာချည်ဖြူ လက်ချီပွဲနှင့် သက်ဆိုင်သော ဆောင်းပါးတပုဒ် ဖြစ်ပါသည်။ ယခု ဆောင်းပါးကို ရေးသားသူမှာ ကျနော်တို့ ကရင်အမျိုးသားများထဲမှ ရှားပါးသော နိုင်ငံတကာ ဆုရ သိက္ခာတော်ရဆရာ ဒေါက်တာ စောစိုင်းမွန် ဖြစ်ပါသည်။

ဤဆောင်းပါးပါ အကြောင်းအရာများသည် ကျနော်တို့ ကရင်အမျိုးသားများအတွင်း ရိုးရာဓလေ့များနှင့်စပ်လျဉ်း၍ နှစ်ပေါင်းများစွာအယူအဆကွဲပြားမှုများကို ရိုးရှင်းစွာ ရှင်းလင်း မီးမောင်းထိုးပြ ရေးသားထားဒါကို တွေ့ ရပါသည်။ ဒီထက်ပို ပြီး စိတ်ဝင်စားစရာကောင်းဒါ က ဒီလိုဆောင်းပါးမျိုးကို သာမန်လူ သို့ မဟုတ် နိုင်ငံရေးသမား တစ်ဦးက ရေးသားသွားသော ဆောင်းပါးမဟုတ်ပဲ လူအများကြည်ညိုလေးစားခံရသော ဒေါက်တာဘွဲ ရ ခရစ်ယာန် သိက္ခာတော်ရ ဆရာတစ်ဦးရေးသားထားသည်က စိတ်ဝင်စားစရာကောင်းသလို ကျနော်တို့ ကရင်အမျိုးသားများအတွင်း အယူအဆကွဲပြားမှုများကို ဖြေရှင်းပေးနိုင်သည့် သွေးစည်းညီညွတ်ရေးစေတမန် ဆောင်းပါးတစ်ပုဒ်လို့ ပြောရင် လွန်မည်မထင်ပါ။

ဒီဆောင်းပါးကို ယုံကြည်သူ ခရစ်ယာန် ညီနောင်များကို အထူးဖတ်စေချင်ပါသည်။

မှတ်ချက်။ ။ ယခုဆောင်းပါးကို ဗမာလိုဘာသာပြန်ပေးနိုင်သူရှိခဲ့သော် ကျေးဇူးပြုပြီး ဘာသာပြန်စေလိုပါသည်။ ဘာသာပြန်ပြီးရင် ကျနော်တို့ သောသီခို အဖွဲ့ သားများစီလိပ်မူပြီး ပေးပို့ စေချင်ပါသည်။ ဆက်လက်ပြီး ဗမာဘာသာဖြင့် ပို့ စ်တင်ချင်ပါသေးသည်။

ဒေါက်တာ စောစိုင်းမွန်သည် လက်ရှိတွင် ကရင်နှစ်ခြင်းခရစ်ယန် သိက္ခာတော်ရဆရာတစ်ဦးဖြစ်သလို၊ KKBC - ကော်သူးလေး ကရင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ ချူပ်၏ အတွင်းရေးမှူးလည်းဖြစ်သည်။ သည့်ပြင်သူသည် Global Karen Baptist Fellowship အဖွဲ့ ချူပ်ကြီး၏ အတွင်းရေးမှူးဖြစ်ပြီး ကော်သူးလေ ကရင်ဓမ္မတက္ကသိုလ် နှင့် ကောလိပ်ကျောင်းတော်ကြီး၏ ကျောင်းအုပ်အဖြစ် လက်ရှိတွင် တာဝန်ယူ ထမ်းဆောင်လျက်ရှိပါသည်။

သတင်းရင်းမြစ်။ ။ကွယ်ကလူသတင်း - http://www.kwekalu.net/textfile/revsimon.html

Wrist tying Dr.Somotha

1 comment:

Anonymous said...

Great Article Dr.Simo. We respect you so much.

Post a Comment