ondragstart="return false" onselectstart="return false"

Monday, July 12, 2010

ဒီကေဘီအေ တပ်စုတစ်စု ကေအဲန်ယူ နှင့် ပူးပေါင်း

ဇူလိုင် ၁၂

နယ်ခြားစောင့်တပ်ကိုလက်မခံနိုင်သော ဒီကေဘီအေ တပ်စု တစ်စုသည် ကေအဲန်ယူ တပ်မဟာ(၇)လက်အောက်ခံ တပ်ရင်း(၁၀၁) သို့ ဇူလိုင်လ ၁၁ ရက်နေ့ တွင်ပြန်လည်ပူးပေါင်းဝင်ရောက် လာကြောင်း ကရင်ဘာသာဖြင့်ရေးသားသော ကွယ်ကလူ သတင်းတွင်ဖေါ်ပြထားပါသည်။

ဒီကေဘီအေ အထူးတပ်ရင်း ၉၉၉ မှ တပ်စုမှူးတစ်ဦးဖြစ်သူ ဗိုလ်မျိုးမျိုး နှင့်နောက်လိုက် တပ်သား(၇)ဦးတို့ ဖြစ်ပါသည်။ ၄င်းတို့ နှင့်အတူ M-16 နှစ်လက်၊ AK- သုံးလက်၊ ကာဘိုင် တစ်လက်၊ ပစ္စတိုတစ်လက်၊ M-79 တစ်လက်ပါယူဆောင်လာပြီး ကေအဲန်ယူ တပ်ရင်း(၁၀၁)ထံသို့ လာရောက်ပူးပေါင်းသွားပါသည်။

ဗိုလ်မျိုးမျိုးမှ “ကျနော်တို့ နယ်ခြားစောင့်တပ်ဖြစ်သွားမှာက ဘာမှအကျိုးကျေးဇူးရှိမှာမဟုတ်ဘူး၊ တစ်ချိန်က ကျနော်တို့ နအဖ စစ်တပ်တွေကိုတိုက်ပြီး တစ်နေ့  သူတို့ တပည့်ပြန်ခံရမှာက ဘာမှအဓိပါယ်မရှိဘူး” ဟုပြောပါသည်။

ဆက်လက်ပြီး ဗိုလ်မျိုးမျိုးမှ ကေအဲန်ယူနှင့်ပူးပေါင်းသွားသော ယခုရဲဘော်အချို့ ၏မိသားစုများကို ဒီကေဘီအေမှ ဖမ်းဆီးမှုများပြုလုပ်သည်ဟု သတင်းတွင်ဖေါ်ပြထားပါသည်။

မှတ်ချက်။ ။ သတင်းရင်းမြစ် ကွယ်ကလူသတင်းမှဖြစ်ပြီး ဆီလျော်အောင်ဘာသာပြန်ဆိုသည်။


Type the rest of your post here.

No comments:

Post a Comment