ondragstart="return false" onselectstart="return false"

Saturday, March 20, 2010

ရက်ပေါင်း ၆၀ အတွင်း ပြန်လည် မှတ်ပုံတင်ရမည့် တည်ဆဲ ပါတီများ

မတ် ၂၀၊ ၂၀၁၀

တည်ရှိဆဲ ပါတီပေါင်း - ၁၀ ပါတီ
မှတ်ပုံတင်ရန် သတ်မှတ်ထားသည့် နောက်ဆုံးနေ့ - မေလ ၇ ရက်နေ့ (သောကြာနေ့)

သက်တမ်း အနှစ် ၂၀ ကျော်လာပြီဖြစ်သည့် နိုင်ငံရေးပါတီများသည် တရားဝင် ရပ်တည်လိုပါက ရက်ပေါင်း ၆၀ အတွင်း စစ်အစိုးရထံတွင် ထပ်မံ မှတ်ပုံတင်ရမည်ဖြစ်သည်။
ထိုပါတီများ စာရင်းကို ယခုတပတ်ထုတ် Voice ဂျာနယ်တွင် အောက်ပါအတိုင်း တွေ့ရသည်။

ယနေ့တိုင် ရပ်တည်လျက်ရှိသည့် နိုင်ငံရေးပါတီများ

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy-NLD)

၂။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (National Unity Party- NUP)

၃။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (Shan National League for Democracy- SNLD)

၎။ ပြည်ထောင်စုပအိုဝ့်အမျိုးသားများအဖွဲ့ချုပ် (Union Paoh National Organization-UPNO)

၅။ ရှမ်းပြည်-ကိုးကန့်ဒီမိုကရက်တစ်ပါတီ (Shan State Kokang Democratic Party-SSKDP)

၆။ မြို(ခေါ်) ခမီအမျိုးသားညီညွတ်ရေးအဖွဲ့ (မ၊ ခ၊ မ၊ ည၊ ဖ) (Mro or Khami National Solidarity Organization -MKNSO)

၇။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (Lahu National Development Party- LNDP)

၈။ ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ် (Union Karen League)

၉။ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (Kokang Democracy and Unity Party)

၁ဝ။ 'ဝ' အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (Wa National Development Party)
မိုးမခ သတင်းမှ

No comments:

Post a Comment