ondragstart="return false" onselectstart="return false"

Wednesday, March 17, 2010

ကရင်ပြည်နယ်တွင် အရာရှိဟောင်းများ စည်းရုံးရေးဆင်း

ဗမာ့တပ်မတော်မှာ တာဝန်ထားဆောင်နေကြတဲ့ ကရင်အမျိုးသားတွေဟာ အမျိုးသားရေး အသိစိတ် ကင်းမဲ့ပြီး နဖားကြိုးအထိုးခံထားရတဲ့ နွားတွေ နဲ့ အတူတူပါပဲ… အများစုဟာ မျိုးချစ်စိတ်လေး တွေရှိကြပါတယ်..ဒါပေမယ့် ဦးနှောက်ဆေးခံထားရပြီး ကိုယ်လုပ်နေတဲ့အလုပ်ဟာ ဘာကို အကျိုးပြုနေသလဲဆိုဒါတောင် ကိုယ့်ကိုယ်ကို မသိပဲ ခိုင်းကောင်းတဲ့ နွားတွေလို ရှေးပြေးအမဲလိုက်ခွေးတွေလို အသုံးချခံနေရပါသည်။ သူတို့ လူမျိုးရဲ့ အကျိုးစီးပွားကို ဘာမှ မလုပ်နိုင် မကာကွယ်နိုင်တဲ့အပြင် မဟာဝါဒီတွေ ရဲ့ မဟာဝါဒ လမ်းစဉ်အောက်မှာ လူမိုက်ကြီးတွေအဖြစ် အသုံးချခံနေရဒါ လွတ်လပ်ရေးရပြီး ကတည်းကပါ။ စစ်မှုထမ်းစဉ်ကာလတွေမှာ ကိုယ့်လူမျိုးကို ပြန်ပြီး ဒုက္ခပေးရုံမက ဒီလိုအချိန်မှာ အခွင့်ကောင်းယူပြီး စစ်အစိုးရ အကြိုက် လိုက်လုပ်နေဒါတွေအာ အင်မတန်မှပဲ ယုတ်ညံ့တဲ့လုပ်ရပ်တွေပါ။ ဒီလိုလူစားမျိုးတွေကို အမျိုးသားသစ္စာဖေါက် ဘွဲ့ ပေးရမှာဖြစ်ပါတယ်။

ပေါ်ပေါက်လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်ကရင်အဖွဲ့ အစည်းဖြစ်ဖြစ်၊ မည်သည့်အဖွဲ့ အစည်းဖြစ်ဖြစ် ကရင်ပြည်သူများ၏ ရေရှည် အကျိုးစီးပွားကို လုပ်ပေးနိုင်မှာမဟုတ်ပါ။ ကရင်လူမျိုးတို့ ရဲ့ အကျိုးကို တစ်စုံတစ်ရာ မလုပ်ပေးနိုင်တဲ့အပြင် ကရင်တမျိုးသားလုံး အနာဂတ်မှာ လုံးပါးပါး နဲ့ ပျောက်ကွယ်သွားအောင် ရန်သူနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ သမိုင်းတရားခံတွေ ပဲဖြစ်သွားမယ်ဆိုဒါ အသိပေးပါရစေ။ ဒီလိုအချိန်ကာလတွေမှာ ကရင်တမျိုးသားလုံး မျက်စိဖွင့်နားစွင့်ပြီး နိုင်ငံရေးသတိနှင့် အမျိုးသားရေးအသိများ နိုးကြားကြပါရန် တိုက်တွန်းနိုးဆော်လိုပါသည်။

သန်းထိုက်ဦး။ ၁၆ မတ်လ ၂၀၁၀

ကရင် ပြည်နယ်တွင် အစိုးရ အရာရှိ ဟောင်းများက ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ဆင်းနေကြောင်း ဒေသခံများက ပြောသည်။

လှိုင်းဘွဲ့ မြို့နယ်တွင် ဗိုလ်မှူးကြီးဟောင်း စောခင်စိုး၊ ဘားအံ မြို့တွင် ဗိုလ်မှူးကြီးဟောင်း ဦးခင်ကြူး စသည့် ပုဂ္ဂိုလ်များက ဒေသခံများနှင့် လိုက်လံ တွေ့ဆုံလျက်ရှိသည်ဟု သိရသည်။ ၎င်းတို့ ၂ ဦးသည် ယခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပသည့်အခါ ထိုဒေသများတွင် ၀င်ရောက် အရွေးခံဖွယ်ရှိသည်ဟု ဆိုသည်။



ကရင် တိုင်းရင်းသား ၀တ်စုံဖြင့် လူငယ်များကို ပြီးခဲ့သည့်လက ရန်ကုန်တွင် ပြုလုပ်သည့် ပြည်ထောင်စုနေ့ အခမ်းအနားတွင် တွေ့ရပုံ။ ထို အခမ်းအနားကို တစည ပါတီက ပြုလုပ်ခဲ့ခြင်း ဖြစ်သည် (ဓာတ်ပုံ - AP)

ထို့ပြင် ၎င်းတို့ ၂ ဦးသည် ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီး၊ သံတောင်၊ ဖာပွန် စသည့် မြို့နယ်များ သို့လည်း သွားရောက်ပြီး စည်းရုံးရေး ဆင်းနေသည်ဟု ဒေသခံများက ဧရာဝတီသို့ ပြောသည်။

ထို ၂ ဦးသည် ကရင် ပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (ပအဖ) တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသူများ ဖြစ်ကြသည်။

ကရင် တိုင်းရင်းသား စောခင်စိုးသည် ဂျပန်နိုင်ငံတွင် စစ်သံမှူးအဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသည်ဟု ဘားအံ မြို့သား တဦးက ရှင်းပြသည်။ ဒေသခံ ကရင် တိုင်းရင်း သားများက သူ့အား ချစ်ခင် လေးစား ကြသည်ဟု ဆိုသည်။

အာဏာရှင်ဟောင်း ဦးနေ၀င်း၏ ပါတီကို အမည်ပြောင်းထားသော တစည ခေါ် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီကလည်း ကရင်ပြည်နယ်တွင် စည်းရုံးရေး ဆင်းလျက်ရှိသည်ဟု သိရသည်။

ထိုသို့ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူများ ရှိနေသော်လည်း ၁၉၉၀ ရွေးကောက်ပွဲအတွင်း ကရင်ပြည်နယ်တွင် ၇၁ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာ ပါတီ ဆက်လက် ရပ်တည်ရေး၊ ၂၀၁၀ ရွေးကောက်ပွဲ တို့နှင့် ပတ်သက်ပြီး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

စစ်အစိုးရက ပြီးခဲ့သည့် အပတ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတချို့ကို ထုတ်ပြန်ခဲ့ရာ ထိုဥပဒေအရ NLDသည် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီအဖြစ် ထပ်မံ၍ မှတ်ပုံတင်ရမည် ဖြစ်သည်။

အကျဉ်းကျနေသူများကို ပါတီတွင် ထည့်သွင်းခြင်း မပြုရန် ဥပဒေတွင် ပြဌာန်းထားသဖြင့် ထိုသို့ မှတ်ပုံတင်ပါက NLD သည် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အကျဉ်းကျနေသည့် အဖွဲ့ဝင် အများအပြားကို ပါတီမှ ထုတ်ပယ်ရမည် ဖြစ်သည်။

မှတ်ပုံတင်ခြင်း မပြုလျှင် အစိုးရက NLD ပါတီကို ဖျက်သိမ်းမည် ဖြစ်သည်။

ရင်ဆိုင်နေရသည့် အကျပ်အတည်းနှင့် ပတ်သက်ပြီး NLDက ယခုလ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ချက် ချမည်ဟု သိရသည်။
ဧရာဝတီသတင်းမှ

No comments:

Post a Comment