ondragstart="return false" onselectstart="return false"

Friday, March 19, 2010

ဒီကေဘီအေတပ်မှူး၏ နေအိမ်သစ်ဖွင့်ပွဲ ကြော်ငြာကပ် ဖိတ်ကြား

အော်.....ဗိုလ်မှူးမောင်ချစ်သူရေ.......မင်း ဒီလောက်ပဲ နားလည်တတ်တယ် ဆိုဒါ ကမ္ဘာကြီးကို ကြေငြာလိုက်ပြီ။ ဗိုလ်သန်းရွေ သမီးထွေးရဲ့ စိန်စီသောည ရဲ့ သက်ရောက်မှုတွေကို မင်းမှ နားမလည်နိုင်ခဲ့ဒါ။ ဟိုးတုန်းက တပ်မဟာ(၇)မှူးဟောင်း ဗိုလ်ချူပ်ထိန်မောင်(ငြိမ်းကောင်စီ) လက်နက်မချခင်က ဘယ်သူပိုက်ဆံပို များသလဲ လို့ မင်း စိန်ခေါ်မေးခဲ့ဘူးဒါ ကိုသွားသတိရမိတယ်....ဗိုလ်မှူး မောင်ချစ်သူရေ.... ဒီတခါတော့ မင်းဘဘသန်းရွေနဲ့ မောင်အေးတို့ က ကြိတ်ပြီး ရယ်..နေမှာ.................

ရဲရင့်/ ၁၉ မတ်း၂ဝ၁ဝ

တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) (၉၉၉) အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူ၏ အိမ်သစ်တက် အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားထားသည့် ကြော်ငြာပိုစတာများကို မဲဆောက်မြို့အနှံ့တွင် လိုက်လံကပ်ထားသည်။

မြ၀တီခရိုင် အခြေချဗျူဟာ တည်ရှိရာ ရွှေကုက္ကိုမြိုင်ကျေးရွာတွင် ဗိုလ်မှူးကြီး စောချစ်သူနှင့် နန်းခင်လှသူတို့၏ သန်းရာကျော်တန် “ချစ်သူမြိုင်စံအိမ်” ဟု အမည်ပေးထားသည့် အိမ်သစ်တက်ပွဲတွင် နာမည်ကြီး မြန်မာအဆိုတော်များ၊ ကရင်အဆိုတော်များဖြင့် (၃) ရက်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပမည့် အခမဲ့ဖျော်ဖြေပွဲများကို လာရောက်ကြည့်ရှုအားပေးရန် ကြော်ငြာထားခြင်း ဖြစ်သည်။

အဆိုပါ အိမ်သစ်ဖွင့်ပွဲနှင့် ပတ်သက်၍ ကုက္ကိုမြိုင်တွင် နေထိုင်သူတဦးက “ဗိုလ်မှူးချစ်သူက ဒီအိမ်ကို စင်ကာပူက အင်ဂျင်နီယာကို ပုံဆွဲခိုင်းပြီး ဆောက်တာဖြစ်တယ်။ အိမ်ကတော့ နန်းတော်လိုပဲ။ အိမ်ရဲ့ လုံခြုံရေးစနစ်အားလုံးကို နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ဆောက်လုပ်ထားတာဖြစ်တယ်။ သူတို့ရဲ့ အိပ်ခန်းတွေကို ကျည်ကာမှန်တွေနဲ့ တပ်ထားပြီး အခန်းတိုင်းကို သူတို့လက်ဗွေနှိပ်မှ တံခါးဖွင့်တဲ့ နည်းပညာနဲ့လုပ်ထားတယ်။ ရေကူးကန်ပါ ပါတဲ့ ဒီအိမ်မျိုး မြ၀တီမြို့မှာတောင် မရှိဘူး” ဟု ပြောသည်။

(၅) ဧကခန့် ကျယ်ဝန်းသည့် ခြံဝင်းထဲတွင် ဆောက်လုပ်ထားသည့် အိမ်သစ်နှင့် ပတ်သက်၍ မြ၀တီမြို့ခံတဦးက “ကရင်အမျိုးသားတွေ တိုးတက်ကြီးပွားဖို့ လုပ်မယ်ဆိုတဲ့ လူတွေက ကရင်လူမျိုးတွေရဲ့ ဘ၀အနေအထား တိုးတက်အောင် ဘာမှ မလုပ်ပေးနိုင်ဘူး။ ဒါပေမယ့် သူတို့တွေကျတော့ တိုက်နဲ့ ကားနဲ့ လိုလေသေးမရှိ ကြီးပွားချမ်းသာကြကုန်ပြီ။ ဒီပုံအတိုင်းဆိုရင် သူတို့အတွက်ကော ကရင်လူမျိုးတွေအတွက်ကော ရင်လေးဖို့ကောင်းတယ်” ဟု ပြောသည်။

အဆိုပါ အိမ်သစ်တက်ပွဲ တက်ရောက်ရန် ထိုင်းနိုင်ငံရောက် မြန်မာများအပြင် ထိုင်းလုပ်ငန်းရှင်ကြီးများကိုလည်း ဖိတ်ကြားထားသည်ဟု သိရသည်။

ဒီကေဘီအေ (၉၉၉) တပ်မဟာ၏ အခြေချဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူသည် ဒီကေဘီအေအဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့် နအဖ၏အစီအမံကို လက်ခံကြောင်း ပထမဆုံး တရားဝင် ပြောကြားသည့် ဒီကေဘီအေ တပ်မှူးတဦးဖြစ်သည်။

အိမ်သစ်ဖွင့်ပွဲကို ထိုင်းဘက်ခြမ်းတွင် လာရောက်ကြော်ငြာသဖြင့် ဒီကေဘီအေအဖွဲ့၏ လုပ်ရပ်ကို နားမလည်နိုင်အောင် ဖြစ်ရသည်ဟု ထိုင်းနိုင်ငံသားအချို့နှင့် မဲဆောက်ရောက် မြန်မာနိုင်ငံသားအချို့က ပြောဆိုသည်။

မဲဆောက်ရောက် မြန်မာနိုင်ငံသားတဦးက “ထင်ပေါ်ကျော်ကြားချင်တယ်။ အများရဲ့ ဂရုစိုက်မှုခံချင်တယ်။ လူထုတွေရဲ့ မေတ္တာကို လိုချင်တယ်ဆိုရင် ဒီလိုနည်းမျိုးကိုမသုံးဘဲ လူထုအကျိုးပြုလုပ်ငန်းတွေလုပ်ပြမှ လူထုလက်ခံမှာဖြစ်တယ်” ဟု ပြောသည်။

ဒီကေဘီအဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနှင့် သွားရောက်ပူးပေါင်းခဲ့ကာ အဖွဲ့၏ နာယက ဆရာတော်မှာ ဦးသုဇနဖြစ်သည်။

အိမ်သစ်တက်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ယခုလ (၂၄၊ ၂၅၊ ၂၆) ရက်နေ့တို့တွင် စည်ကားသိုက်မြိုက်စွာ အခမဲ့ကျင်းပမည်ဟု မဲဆောက်မြို့တွင် ကြော်ငြာထားသည်။
ခေတ်ပြိုင်မှ

No comments:

Post a Comment