ondragstart="return false" onselectstart="return false"

Monday, March 8, 2010

ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီး တပ်တွင်းပြင်ဆင်မှုသတင်းနှင့် ပြည် (၃) ပြည်

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဥပဒေ အတွက် နအဖက မတ်လ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် သတင်းကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ သိရှိရပါတယ်။ နအဖရဲ့ အမိန့်အမှတ် ၁/ ၂၀၁၀ အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နအဖရဲ့ အမိန့်အမှတ် ၂/ ၂၀၁၀ အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နအဖရဲ့ အမိန့်အမှတ် ၃/ ၂၀၁၀ အရ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နအဖရဲ့ အမိန့်အမှတ် ၄/ ၂၀၁၀ အရ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နအဖရဲ့ အမိန့်အမှတ် ၅/ ၂၀၁၀ အရ တိုင်းဒေသကြီး ဥပဒေ သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့ ပါဝင်ကြောင်း သတင်းရရှိပါတယ်။

မကြာသေးမီကလေးကမှ “စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်” သို့ဝင်လာတဲ့ တပ်တွင်း မိသားစု အသိုင်းအ၀ိုင်းများရဲ့ သတင်းပေးပို့ချက်အရ တပ်မိသားစုတွေကို ရွေးကောက်ပွဲ အတွက် “မဲ” ပေးရမည့်စာရင်း စတင်ကောက်ယူမည် ဖြစ်ကြောင်း၊ တပ်မတော် (ကြည်းတပ်/ရေတပ်/လေတပ်) တို့မှ အရာရှိ ၂၀၀၀ နီးပါးကို ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့အသင်း)၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်သူ့လွှတ်တော်သို့ ပြောင်းရွှေ့ပေးကာ အသွင်ပြောင်းဖို့ လျာထားခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါ ဌာန (၃) ခု အား ပြည် (၃) ပြည်လို့ ပြောဆိုတင်စားပြီး ထိုအရာရှိများကို အသွင်ပြောင်းဖို့ မတ်လထဲမှာ စစ်ရာထူးခန့်ချုပ်ရုံးမှ အရာရှိများ ပြောင်းရွေ့အမိန့် မကြာခင် ထုတ်ပြန်လာမည်ဖြစ်ကြောင်း၊ ထိုအထဲတွင် ဒုဗိုလ်မှူးကြီးအဆင့် အများစုပါဝင်ပြီး လေတပ်မှ အရာရှိ (၁၀၀) ဦး ခန့်လည်းပါဝင်ကြောင်း၊ NDC (အမှတ်စဉ် - ၉) သင်တန်းဆင်း ဗိုလ်မှူးကြီး (၄၀) ဦးကိုလည်း လွှတ်တော်နှစ်ရပ်တွင် ရွေးကောက်ပွဲဝင်ရန် မလိုသည့် (စစ်တပ်က အုပ်ချုပ်မည့်) လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းထဲမှာ ပါဝင်ရန် ရွေးချယ် စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ ၎င်းတို့ကိုလည်း နေပြည်တော်တွင် သတင်းပို့ခိုင်းထားကြောင်း စတဲ့ပြင်ဆင်မှုသတင်းများကို ခိုင်လုံတဲ့ စစ်ဖက်သတင်းရပ်ကွက်မှ ပေးပို့လာပါတယ်။
ဖိုးတရုတ်ဘလော့မှပြန်လည်ကူးယူဖေါ်ပြသည်။

No comments:

Post a Comment